Fact Check: ဗိုလ်ချုပ်မြထွန်းဦးဟာ မိသားစုတွေပါခေါ်ပြီး NUG နဲ့ပူးပေါင်းတယ်ဆိုတဲ့ သတင်းတုသတင်းမှား

ဗိုလ်ချုပ်မြထွန်းဦးမိသားစုတွေ လေယာဉ်ပါယူပြီး NUG နဲ့ပူးပေါင်းပြီဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုသတင်းမှားဖြစ်ပါတယ်။ “ပျော်လွန်းလို့မျက်ရည်ကျ။ ဗိုလ်ချုပ်မြထွန်းဦးမိသားစု လေယဥ်ပါယူပြီးNUGနဲ့ပေါင်းပြီ။”လို့ ရေးသားပြီး ဘလော့ဂ်စာမျက်နှာတွေမှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဝက်ဘ်ဆိုဒ်လင့်ခ်ပါ ဓာတ်ပုံစာသားနေရာမှာလည်း “ဗိုလ်ချုပ်မြထွန်းဦးဟာ မိသားစု လေယာဉ်နဲ့ NUG ထံလာရောက်ပူးပေါင်းတဲ့ အတွက် မျက်ရည်ပါကျ”လို့ ရေးသားထားပါတယ်။ တစ်ခြားဖေ့စ်ဘွတ်စာမျက်နှာတွေနဲ့ ဖေ့စ်ဘွတ်ဂရုတွေမှာ လည်း ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေ တာလည်းတွေ့ရပါတယ်။ ဒီနေရာ၊ ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာနဲ့ ဒီနေရာ မှာကြည့်ပါ။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် ဝက်ဘ်ဆိုဒ်လင့်ကိုထောက်ကြည့်ရာမှာ Youtubeနဲ့ ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာ သီရိလင်္ကာ သမ္မတနဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်စစ်တပ်အကြောင်းကို နှိုင်းယှဉ်ပြောကြားချက်တွေပါဝင်ပြီး ခေါင်းစဉ်မှာ ပေးထားလို ဗိုလ်ချုပ်မြထွန်းဦးအကြောင်းမပါဝင်ပါဘူး။ […]

Continue Reading

Fact Check: ရွာသူရွာသားတွေကို PDF ကကြိမ်နဲ့ရိုက်တဲ့ဗွီဒီယိုနဲ့ပတ်သက်ပြီး သတင်းအမှားများပျံ့နှံ့

အမျိုးသား၊အမျိုးသမီး အသက်ကြီးငယ်မရွေးကို အမျိုးသားတစ်ဦးက ကြိမ်တုတ်နဲ့ အားကုန်လက်လွဲရိုက်နေ တဲ့ဗွီဒီယိုဟာ အကြောင်းအရာအမျိုးမျိုးနဲ့ရေးသားဖြန့်ဝေမှုတွေနဲ့အတူ ပျံ့နှံမှုအားကောင်းနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူတွေကိုနားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ ပြောဆိုချက် ၁ ဝက်လက်မြို့နယ်မှာ ရှေးဟောင်းပစ္စည်းရှာဖွေဖို့လာရောက်တဲ့သူတွေကို PDF ရိုက်နှက်ပြန်လွှတ်နေတဲ့ ရုပ်သံဖိုင်ဆိုတဲ့ ပြောဆိုချက်ဖြစ်ပါတယ်။ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ပြောဆိုချက် ၂ တပ်ထောက်ခံပွဲမှ ပြန်လာတဲ့သူတွေကို နယ်မြေခံPDFတွေက အပြစ်ပေးဆုံးမနေတဲ့ ရုပ်သံဖိုင်ဆိုတဲ့ ပြောဆိုချက်ပဲ ဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် တကယ်တော့ ဒီဗွီဒီယိုဟာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာကဖြစ်စဉ်ဖြစ်ပါတယ်။ စစ်တပ်က မီးရှို့လို့ ပျက်စီးသွားတဲ့ရွာတွေမှာ မီးလောင်ပြင်က ကျန်တဲ့အတိုအစတွေကိုဝယ်ဖို့ […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ၂၀၁၉ ခုနှစ်အတွင်းက ပေါင်မြို့နယ်မှာ BGF ၂ဦးဝိုင်းဖမ်းခံရမှု ဖြစ်စဉ်သာဖြစ်တယ်

လက်နက်နဲ့ PDF ၂ ဦးကို ပြည်သူတွေကို ဝိုင်းဖမ်းပေးတဲ့ ရုပ်သံဖိုင်ဆိုပြီးတော့ ဗွီဒီယိုဖိုင်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့၂၀၁၉ ခုနှစ်က ပေါင်မြို့နယ်မှာ BGF နှစ်ယောက်ကို ဝိုင်းဖမ်း ဆီးမှုဖြစ်စဉ်ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ်လို့ မြန်မာလို့ခေါ်တဲ့ BGF ဟာ တိုင်းရင်းသားအချို့ဦးစီးတဲ့ မြန်မာစစ်တပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဖြစ်ပါတယ်။  ၁၉ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ သေနတ်တစ်လက်နဲ့ပြေးလားတဲ့ အမျိုးသားတစ်ဦး၊ လူတစ်ယောက်ကို ဝိုင်းဝန်းဖမ်းဆီးနေတဲ့မြင်ကွင်းတွေနဲ့ ဆိုင်ကယ်နဲ့လိုက်ဖမ်းနေတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ “သေနတ်ပါသည့် PDF ၂ဦးကို ပြည်သူများက ဝိုင်းဖမ်းပေးသည့် ရုပ်သံဖိုင်”လို့ ရေးသားပြီး ဒီဗွီဒီယိုကို “San Thit Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ၄ နာရီအတွင်း ပြန်လည်မျှဝေမှုပေါင်း ၁၁၀၀ ရှိပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းမှား

နိုင်ငံတကာက ဖမ်းဆီးထားသူတွေကို လွှတ်ပေးရေးတောင်းဆိုနေတဲ့ကြားထဲက စစ်တပ်က စွပ်စွဲမှုအများနဲ့  ဇွန်လထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပုံစံချထားရာကနေ နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ ထောင်ကိုပို့အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာပြန်ထားဖို့ အာဆီယံ အထူး ကိုယ်စားလှယ်က စာထုတ်တောင်းဆိုခဲ့ပါသေးတယ်။ ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွတ်မြောက်လာပြီ ရန်ကုန်အိမ်ပြန်ရောက်ပြီဆို တဲ့ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာဖြစ်တာတွေ့ရပါတယ်။ “အမေပြန်လွတ်လာပြီဟေ့#သိပြီးကျပြီလား”လို့ ရေးသားပြီး လင့်ခ်တစ်ခုကို “whjkyu” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ လူထုတွေကြားက ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ မြဝတီသတင်းဌာနကသတင်းကြေညာသူပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်တို့ရဲ့ ဓာတ်ပုံတွေပေါ်မှာ “၁၂ ရက် ကွင်းလုံးကျွတ်လွတ်ပြီ အမှုအားလုံး ရုတ်သိမ်းကြောင်း ယနေ့ ကြေညာလိုက်ပြီ”လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ […]

Continue Reading

Fact Check: ပက်စ်ပို့သက်တမ်းတိုးဖို့ မြန်မာနိုင်ငံကို ပြန်လာဖို့လိုတယ်ဆိုတာ မဟုတ်ပါ

 ပြည်ပရောက်မြန်မာတွေ ပက်စ်ပို့သက်တမ်းတိုးမယ်ဆိုရင် ပြည်တွင်းကို ပြန်လာပြီးတော့မှ တိုးလို့ရမယ်ဆိုတဲ့ သတင်းတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီသတင်းဟာ သတင်းမှားသာ ဖြစ်တယ်လို့ စစ်တပ်ကိုသစ္စာခံတဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က မြန်မာနိုင်ငံသံရုံးက ၂၀၂၂ ခုနှစ် ဇူလိုင် ၇ ရက်မှာ အသိပေးထားပါတယ်။ “#ဒီသတင်းဟာအမှန်အကန်လား သတင်းအမှန်ပါ အမေရိကန် မြန်မာသံရုံးကို အခုပဲ  ဖုန်းဆက်မေးပြီးပါပြီ စစ်ကောင်စီမှ ပြည်ပရောက်မြန်မာများအား Passport သက်တမ်းတိုးပေးခြင်းကို ပိတ်ပင် ————- ပြည်သူများအား မျိုးစုံဖိနှိပ်နေသော စစ်ကောင်စီသည် ပြည်ပရောက်မြန်မာများအား နိုင်ငံကူးလက်မှတ် ပတ်စပို့သက်တမ်းတိုးပေးခြင်းအား ပိတ်ပင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ခြွင်းချက်အနေဖြင့် PD ဟုခေါ်သော Diplomatic Passport နှင့် PO ဟုခေါ်သော Official Passport  နှစ်မျိုးမှ အပ ကျန် နိုင်ငံကူးလက်မှတ်များအားလုံး […]

Continue Reading

Fact Check: မင်းကင်းမှာ PDF ၅၇ ယောက်ဖမ်းမိတဲ့ သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ

လူရွယ်ယောကျ်ားအများအပြား လက်ပြန်ကြိုးတုပ်အဖမ်းဆီးခံထားရတဲ့ ဓာတ်ပုံ ၁ ပုံနဲ့အတူ PDF ၅၇ ယောက် တောင်ဖြူရွာဖမ်းမိတယ်ဆိုတဲ့ ပို့စ် ၁ ပို့စ်ဟာ ဖေ့စ်ဘွတ်အသုံးပြုသူအချို့ကမျှဝေလျှက်ရှိရာမှာ နားလည်မှု လွဲစေနိုင်တာတွေ့ရပါတယ်။ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ “၅၇ ယောက် ဖမ်းမိ / ၁၆ ယောက်သေ ဖမ်မိတာက #တောင်ဖြူရွာ မှာပါ ပန်းဆက်ရွာ နဲ့ တောင်ဖြူရွာ က မီတာ ၆၀၀၀ ထောင် လောက် ဝေးတယ် ၄ မိုင်ခန့် လောက်ပေါ့ PDF ခေါင်းဆောင် ဗိုလ်သော်ဦး လဲအဖမ်းခံလိုက်ရတယ် ရွာခံတွေ ညီညွတ်မှု ရှိတာရယ် တပ်က ထွက်ပေါက်တွေ ပိတ်ပေးထားလေတော့ ထွက်ပေါက်မဲ့ပြီး လက်နက်ချ အကုန် အဖမ်းခံရရော […]

Continue Reading

Fact Check: ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV ကြေညာဆိုတဲ့ သတင်းတု သတင်းမှား

 ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV ကြေညာတယ်လို့ရေးသားထာတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြား ကြိမ်ဖန်များစွာပျံ့နှံ့လျှက်ရှိပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV (ရုပ် / သံ) နှင့်တကွ ကြေညာ”စသည်ဖြင့် ရေးသားပြီး “Derbone” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV (ရုပ် / သံ) နှင့်တကွ ကြေညာ”စသည်ဖြင့် ရေးသားပေမဲ့ ဓာတ်ပုံထဲမှာပါတဲ့ အမျိုးသမီးသတင်းတင်ဆက်သူဟာ စစ်တပ်ပိုင်မြဝတီသတင်းဌာနရဲ့ MWD Variety ရုပ်သံလိုင်းဖြစ်နေတာတွေ့ရပါတယ်။  ထို့အပြင် ဒီသတင်းမှားဟာ လူတွေစိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်တွေနဲ့ သတင်းတုသတင်းမှာဖြန့်ချိပြီး ဝင်ငွေရှာနေတဲ့ဝက်ဘ်ဆိုဒ်တွေကမျှဝေတဲ့အကြောင်းအရာဖြစ်တာတွေ့ရပါတယ်။  မျှဝေထားတဲ့ လင့်ခ်တွေကိုဖွင့်ကြည့်မယ်ဆိုရင် ယူကျူ့(youtube)ဗွီဒီယိုတစ်ခုစီဦးတည်သွားတာ […]

Continue Reading

Fact Check: PDF တစ်လောင်း ကျပ် သုံးသောင်း NUG ထောက်ပံ့ဆိုတဲ့ သတင်းတု သတင်းမှား

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်မျဉ်းနားက ဥကရစ်ထစခန်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(PDF)တွေအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က တစ်အိမ်ထောင်ကို ကျပ် သုံးသောင်းနှုန်း ထောက်ပံ့မယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ထုတ်ပြန်ချက်အတုတစ်ခုဖြစ်တာတွေ့ရပါတယ်။  “အဲ့သလို…တဲ့… စိတ်​တောင် မ​ကောင်းဘူးးးး😂😂😂”လို့ ရေးသားပြီး “ဒေဝီ ဒေဝီ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒီလိုထုတ်ပြန်ကြေညာ ချက်မျိုးမတွေ့ရပါဘူး။ ဒီစာမျက်နှာမှာ ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ကြေညာချက်တွေကိုလေ့လာကြည့်ရာမှာ ထုတ်ပြန်စာတွေရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာသာကာကွယ်ရေးဝန်ကြီးဌာန တံဆိပ်တုံးပုံစံကို အသုံးပြု လေ့ရှိပြီး အခုဖေ့စ်ဘွတ်မှာပျံ့နှံ့လျှက်ရှိသလိုမျိုး နိုင်ငံတော်တံဆိပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန တံဆိပ် နှစ်မျိုးစလုံး အသုံးပြုတာမတွေ့ရပါဘူး။ ထို့အပြင် မဇ္ဈိမရဲ့ […]

Continue Reading

Fact Check: မြန်မာစစ်တပ်ကိုအစိုးရအဖြစ်အသိအမှတ်ပြုဖို့ ကုလသမဂ္ဂဆုံးဖြတ်ဆိုတဲ့ သတင်းတုသတင်းမှား

အာဏာသိမ်း မြန်မာစစ်တပ်ကို မြန်မာနိုင်ငံအစိုးရအဖြစ် ကုလသမဂ္ဂကအတည်ပြုလိုက်ပြီဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတည်းက ကုလသမဂ္ဂက မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားပြီးဖြစ်ပါတယ်။ “* 21.6.2022 . သတင်ထူးပြီ * ~~~~~~~~~~~~~~~~~~ နစကအစိုးရကိုတရားဝင်အစိုးရပါတဲ့ အမျိုးတို့ရေ😍😍😍 အားလုံး ပျော်ကြရဲ့လားဝေ့ နစက အားတရားဝင်အစိုးရအဖြစ် သတ်မှတ်ရေး အဆိုကို ကုလသမဂ္ဂအစည်းအဝေးတွင် ဆုံးဖြတ်ချက်ရယူရာမှာ ထောက်ခံမဲအများစုဖြင့်  “နစက”အား မြန်မာနိုင်ငံအစိုးရအဖြစ် အတည်ပြု👌    ထုံးစံအတိုင်းကန့်ကွက်တာက တူရကီ × ကြားနေတာက USA ; UK , နဲ့အနောက်နိုင်ငံအချို့😎 နစကအားအစိုးရအဖြစ် အတည်ပြုထောက်ခံတာက တရုပ် အိန္ဒိယ ရုရှား အာဆီယံ  ၁၀နိုင်ငံအပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉….ကမ္ဘာ့လူလည် ငပွတွေ စောက်ရှက်ကွဲကုန်ပီ…”စသည်ဖြင့် ရေးသားပြီး “Min […]

Continue Reading

Fact Check: KIA တပ်ရင်း ၁၂ ကို စစ်ကောင်စီ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းမှား

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ အား မြန်မာတပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားမှာပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ စစ်သားတွေအောင်ပွဲခံနေတဲ့ပုံ၊ အဘုသအခမ်းအနားတစ်ခုဓာတ်ပုံလည်းပါဝင်ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါစာသားတွေပဲဖြစ်ပါတယ်။ “စစ်တိုက်တာနိုင်ဘို့ဘဲလိုတယ် ပန်းနဲ့ပေါက်နေတာမှမဟုတ်တာ၊ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ အား မြန့်မာ တပ်မတော်မှ အပြီးသတ်  သိမ်းပိုက်လိုက်ပြီဖြစ်ပါကြောင်း ကျဆုံး ရဲဘော် တွေကိုလည်း လက်တင်  အလေးပြုပါသည်  Credit#နဝထ&Nay Min”လို့ရေးသားပြီး “မြပန်း နွယ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထား တာတွေ့ရပါတယ်။  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive […]

Continue Reading