Fact Check: ဒီဗွီဒီယိုက Non CDM ဆရာမကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နေတာလား- မဟုတ်ပါ

ဆရာမတစ်ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက်နေတယ် ဆိုပြီး ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ ၅၅ စက္ကန့်ရှည်လျား တဲ့ ဗွီဒီယိုတစ်ခုပါဝင်ပြီး ဒီဗွီဒီယိုထဲမှာ အဖြူအစိမ်းဝတ်ထားတယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ကြိုးကွင်းသွပ်ထားပြီး ကြိုးတစ်စကို လက်နက်ကိုင်အမျိုးသားတစ်ယောက်က ကိုင်ထားတာတွေ့ ရပါတယ်။ ထို့အပြင် အခြားသော အရပ်ဝတ်နဲ့အမျိုးသားတစ်ယောက်က အမျိုးသမီးကို တုတ်တစ်ချောင်းနဲ့ ရိုက်နေဟန်ပါဝင်ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ PDF ဖွဲ့စည်းချိန်မတိုင်ခင် အနည်းဆုံး ၄ နှစ်စောပြီး အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ “Non CDM ဝန်ထမ်းဆရာမကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက်နေတာပါ။ ဒီလို ကျင့်ဝတ်မရှိ ၊ သိက္ခာမရှိ ၊ ဥပဒေမရှိ၊ လက်နက်အားကိုးနဲ့ […]

Continue Reading

Fact Check:  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုတ်မာမှု ၆ ခုဆိုပြီးတော့ ဝါဒဖြန့် သတင်းမှားဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည် လိမ်ညာ လာဘ်စားထားတဲ့ အချက် ၆ ချက်ကို ပြည်သူလူထုသို့ မကြာခင် အသိပေး တော့မယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာပျံ့နှံ့ခဲ့ပါတယ်။  တကယ်တော့ ဒီစွပ်စွဲချက်တွေဟာ အထောက်အထားမတွေ့ရဘဲ သတင်းတုသတင်းမှား ဖြန့်ချိနေခြင်းဖြစ်ပါ တယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ OIC ထဲကနေ ငွေလက်ခံမှုကို ဦးဖြိုးမင်းသိန်းနဲ့ ဦးရဲမင်းဦး တို့ဖွင့်ဟချက်၊ ရွှေတိဂုံဘုရားကနေ ရွှေပြားတန် ၄၀ ခွာပြီး တန် ၂၀ ပဲ ပြန်ကပ်လှူမှု၊ ဆလုံကျွန်းများကို အင်္ဂလန်ကုမ္ပဏီတွေကို လျို့ဝှက်ရောင်းချမှု၊ ပြင်ဦးလွင်က မြေဧက ၇၀ နဲ့ ဦးသိန်းစိန်လက်ထက် ရွှေစင် ၇ တန်နဲ့ ဘင်္ဂလီအိမ်ဆောက်မှု၊ ဒေါ်အောင်ဆန်းစုကြည်အစစ်မဟုတ်ဘဲ လူပုဂ္ဂိုလ်အတုအစားထိုးထားမှုစတဲ့ စွပ်စွဲချက်တွေပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ စာသားတွေအတိုင်း […]

Continue Reading

Fact Check: ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေကြောင်း RFA Burmese ကရေးသားလို့ သတင်းမှားဖြန့်

ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေကြောင်း စုံစမ်းဖော်ထုတ်ထားတဲ့ ဗွီဒီယိုဆိုပြီးတော့ ပို့စ်တစ်ခုယူကျူ့နဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ RFA သတင်းဌာနက ရေးသားခဲ့တဲ့ “ငွေကြေးအလွဲသုံးစွဲမှု မရှိဟု NUG နိုင်ငံခြားရေး ဝန်ကြီး ပြောကြား”ဆိုတဲ့ ဗွီဒီယိုကိုအသုံးပြုပြီး သတင်းမှားဖြန့်ဝေခြင်းဖြစ်တာတွေ့ရပါတယ်။ “ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေ Shaping Myanmar 10.2.2022 RFA ခင်မောင်စိုးမှ PDF လူငယ်လေးများ ကျည်ဆံမရှိ၊ ရိက္ခာနဲ့ ဆေးဝါး မရှိချိန်မှာ၊ NUG ဝန်ကြီးများရဲ့ ဒေါ်လာ ငွေအလွဲ သုံးစားမှုသတင်းများ ထွက်ပေါ်လာနေတာကို စုံစမ်းဖော်ထုတ် ထားပါတယ်။” လို့ ရေးသားပြီး ၅ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုကို အောက်ပါအတိုင်း “BB Channel”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Youtube […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ၂၀၁၇ ခုနှစ်က စစ်တပ်ထောက်ခံပွဲက ဓာတ်ပုံတွေသာ ဖြစ်တယ်

ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မှာကျင်းပခဲ့တဲ့ စစ်အစိုးရထောက်ခံပွဲဆိုပြီးတော့ အင်္ကျီအဖြူ လွှမ်းမိုးတဲ့ စီတန်း လှည့်လည်နေတဲ့ ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  တကယ်တော့ ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်က စစ်တပ်ထောက်ခံပွဲတစ်ခုကဓာတ်ပုံတွေသာဖြစ်ပါတယ်။ ဝါ၊စိမ်း၊နီအလံကိုင်လူအချို့နဲ့ ဆိုင်းဘုတ်ကိုင်လူအချို့လည်းပါဝင်တဲ့ အပေါ်စီး ကနေရိုက်ကူးထားတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ “Yangon မြန်မာ့တပ်မတော်ထောက်ခံပွဲနှင့်အကြမ်းဖက်ရှုတ်ချပွဲ”လို့ ရေးသားပြီး “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော်ဝါရီ ၁ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၃၀၀ ကျော်ရှိပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link ဒီကနေ့ ရန်ကုန်မှာ တပ်မတော် အစိုးရအား ပြည်သူလူထုက […]

Continue Reading

Fact Check: ဆန္ဒပြသူတွေကို ရပ်ကွက်ကတုတ်၊ဓါးနဲ့လိုက်ရိုက်နှက်တဲ့ဗွီဒီယိုလား- မဟုတ်ပါ

ရပ်ကွက်အတွင်းလာရောက်ဆူပူအော်ဟစ်ပြီးနောက် ရပ်ကွက်သူ၊ရပ်ကွက်သားတွေက တုတ်၊ဓားတွေနဲ့ လိုက်ရိုက် လို့ ထွက်ပြေးရတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဇန်နဝါရီ ၁၂ ရက်ကစတင်ပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ၉ စက္ကန့်ကြာတဲ့ ဒီဗွီဒီယိုထဲမှာ ဆန္ဒပြသူတွေဟာ “အောင်ရမည်”လို့ သံပြိုင်ရွတ်သံပါဝင်ပြီး ရှေ့မှာ ဗျောအိုးတစ်ခုက ဗျောက်ပေါက်ကွဲသံလည်းပါဝင်ပြီး “ခွဲ”၊ “ခွဲ”ဆိုပြီးစကားသံလည်းပါဝင်ပြီး အလျှင်အမြန်လူစုခွဲခဲ့ကြတာလည်းတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ မီဒီယာတစ်ခုမှာဖော်ပြပါရှိတဲ့ လျှပ်တပြတ်ဆန္ဒပြဗွီဒီယိုတစ်ခုသာဖြစ်ပြီး ရပ်ကွက်က တုတ်၊ဓားနဲ့လိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ စစ်တပ်ကဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲမှု တွေကြောင်း ဧပြီလနောက်ပိုင်းမှာ ဆန္ဒပြသူတွေဟာ လျှပ်တပြတ်ဆန္ဒပြပွဲတွေသာ လုပ်ဆောင်လေ့ရှိတာ တွေ့ရပါတယ်။ “ရပ်ကွက်အတွင်း လာရောက်ဆူပူအော်ဟစ်သူများအား  ရပ်ကွက်သူ/ရပ်ကွက်သားများက တုတ်၊ဓါးများဖြင့်  ခြောက်လှန့်မောင်းထုတ်ခဲ့သဖြင့် ဆူပူအ​​​ကြမ်းဖက်သူများအ​​ဖြင့် အောင်ရမည်ဟု ဆုံးအောင် ရွတ်ဆိုနိုင်ခြင်းမရှိပဲ ထွက်ပြေးခဲ့ရ ရန်ကုန်၊ ဇန်နဝါရီ ၁၂ […]

Continue Reading

Fact Check: မဲဆောက်မှာ PDF၊CDM ဝန်ထမ်းအချို့နဲ့ NUG တို့ခိုက်ရန်ဖြစ်တယ်လို့ သတင်းတုဖြန့်

မဲဆောက်မှာ PDF နဲ့ CDM ဝန်ထမ်းအချို့က ထောက်ပံ့မှုမလုံလောက်တာနဲ့ပတ်သက်ပြီး ခိုက်ရန်ဖြစ်တာကြောင့် နောင်မဖြစ်အောင်ထိန်းသိမ်းဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ((NUG)ရဲ့ ညွှန်ကြားချက်ဆိုပြီးတော့ ဓာတ်ပုံပို့စ် တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့စာတွေမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ NUG အစိုးရခေါင်း ဆောင်ပိုင်းတွေ တည်းခိုနေထိုင်တဲ့နေရာကို CDM ဝန်ထမ်းတွေနဲ့ PDF အချို့ရောက်လာပြီး အချင်းချင်းရန်ဖြစ် အော်ဟစ်ခဲ့တာကြောင့် နောက်ဒီလိုပြဿနာမျိုးမဖြစ်ဖို့ တာဝန်ရှိတဲ့သူတွေအနေနဲ့ တားဆီဖို့ဆိုပြီးတော့ ရေးသားထားတာဖြစ်ပါတယ်။ သို့သော်လည်း ဒီညွှန်ကြားချက်စာဟာ အတုပြုလုပ်ဖန်တီးထားခြင်းဖြစ်တယ်လို့ NUG အစိုးရက ပြန်လည် ရှင်းလင်းထားပါတယ်။ “စိတ်ရှည်ရှည်ထားကြပါခင်ဗျာ… လာမှာပေါ့ 😁 #KT”လို့ရေးသားပြီး “Sergeant Ko THET”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါတိုင်းမျှဝေထား တာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ […]

Continue Reading

Fact Check: NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ နစက ဗိုလ်ချုပ်တစ်ဦး ငြိမ်းချမ်းရေး ဆွေးနွေးဆိုတဲ့ သတင်းတု

NUG က ဦးရည်မွန်နဲ့ နစက က ဗိုလ်ချုပ်ရာပြည့်တို့ ချင်းမိုင်မြို့မှာ ညှိနှိုင်းကြတယ် ဆိုပြီးတော့ ရေးသား မျှဝေထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေနေတာဟာ မှားယွင်းကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်ကတစ်ဆင့် ပြန်လည်ရှင်းလင်းထားပါတယ်။ “ပထမဆုံး အတိကျ နှစ်သစ်ကူးလက်ဆောင်သတင်းကောင်း နှစ်သစ်မှာ ငြိမ်းချမ်းပါစေ နစက နှင့် NUG တို့ ချင်းမိုင်မှာ ညှိနိုင်းကြပါတယ်ခင်ဗျာ… GSL 100% 100% 100% 100% ပါ ခင်ဗျ အန်ယူဂျီ ဉီးရည်မွန်မှ ရရှိသတင်းမှန်ပါ သတင်းမှားလျင် တရားစွဲပါ အခုပင် ချင်းမိုင်မြို့ရဲ့ ဟိုတယ်တခုမှာ ဗိုလ်ချုပ်ယာပြည့်နဲ့ ချီးယား ကြပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ် ဂိုလ်ရှယ်လေး […]

Continue Reading

Fact Check: ဒေါက်တာဇော်ဝေစိုးနဲ့ဦးရည်မွန်ကို တိုက်ခိုက်တဲ့ သတင်းတု

ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ဟာ နွေဦးတော်လှန်ရေးအတွက် ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်ဆိုပြီးတော့ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံပို့စ်မှာ ပုံနှိပ်မီဒီယာတစ်ခုက သတင်းဖော်ပြထားတဲ့ သတင်းဖြတ်ပိုင်းကို ပြန်လည်မျှဝေဟန်ရှိပြီး မဲခေါင်းသတင်းဌာနက ရေးသားထားတဲ့သတင်းအဖြစ်လည်းဖော်ပြထားပါတယ်။  “သက်ထားမဉ္ဇူ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဓာတ်ပုံပို့စ်ကို မျှဝေထားတာအောက်ပါ အတိုင်းတွေ့ရပါ တယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အမှန်တကယ်မှာ ဒီလိုသတင်းဌာနတစ်ခုက ဖော်ပြဟန်ရေးသားမျှဝေထားတဲ့ ဓာတ်ပုံပို့စ်ဟာ သတင်းတုမျှဝေနေခြင်းသာဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် အချက်အလက်ရှာဖွေကြည့်ရာမှာ မဲခေါင်သတင်းဌာနအမည်နဲ့ ပုံနှိပ်ထုတ်ဝေတဲ့ သတင်းမီဒီယာလုပ်ငန်းကို Fact Crescendo အနေနဲ့ မတွေ့ရပါဘူး။ သို့သော်လည်း ဖေ့စ်ဘွတ်မှာ “MeKong News – မဲခေါင်သတင်း” အမည်နဲ့ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ စာမျက်နှာတစ်ခုတွေ့ရပါတယ်။ ဒီဖေ့စ်ဘွတ်စာမျက်နှာမှာလည်း […]

Continue Reading

Fact Check: သရုပ်ဆောင်မင်းမော်ကွန်းနဲ့ပတ်သက်တဲ့ သတင်းမှားများပျံ့နှံ့

သရုပ်ဆောင် မင်းသားမင်းမော်ကွန်း အဖမ်းခံရတယ်၊ ကျဆုံးသွားပြီဆိုတဲ့ရေးသားမျှဝေမှုတွေ  ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းမော်ကွန်း ကျဆုံးပြိ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို “Burmese Voice News” အမည်နဲ့ ယူကျူ့ချန်နယ်(youtube channel)က ဒီဇင်ဘာ ၂၁ ရက်က မျှဝေထားရာမှာ ဒီဗွီဒီယိုကို ဝင်ရောက်ကြည့်ရှု့သူ ၆ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link  ထို့အပြင် “ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းမော်ကွန်း ဖမ်းဆီးခံရ”လို့ရေးသားလျှက် ဗွီဒီယိုတစ်ခုကို “Gold Myanmar News (GMN)”အမည်နဲ့ ယူကျူ့ချန်နယ်ကလည်း ဒီဇင်ဘာ ၂၁ ရက်မှာ မျှဝေထားရာမှာ ဒီဗွီဒီယို ဝင်ရောက်ကြည့်ရှူ့သူ ၂၅၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: တော်လှန်ရေးမှာပါဝင်နေတဲ့ မင်းမော်ကွန်းအပါအဝင် အနုပညာရှင်များ ဖမ်းဆီးခံရတဲ့ သတင်းမှား

တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေတဲ့ နာမည်ကြီး သရုပ်ဆောင် မင်းသားမင်းမော်ကွန်း အပါအဝင် ဒါရိုက်တာ ကိုပေါက်၊ ထားထက်ထက်စတဲ့ အနုပညာရှင်တွေ လေးကေ့ကော်မှာ အဖမ်းခံရတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့ပါတယ်။ “မင်းမော်ကွန်း၊ ဒါရိုတ်တာ ကိုပေါက် ၊ထားထက်ထက် ၊မြနှင်းရီလွင် ၊ဟားငါးကောင် စတဲ့  တောထဲက အသုံးချခံ အနုပညာရှင်တွေ နှင့် CDM ဝန်ထမ်းများ များစွာကို လေးကေ့ကော်မှာ ဖမ်းမိconfirmပါ ” လို့ ရေးသားလျှက် “ပြည်ချစ် မင်းသား”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူရေးသား မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် တော်လှန်ရေးထဲရောက်သွားတဲ့ သရုပ်ဆောင်မင်းမော်ကွန်းနဲ့ ဒါရိုက်တာကိုပေါက် အပါအဝင် နာမည်ကြီး […]

Continue Reading