Fact Check: ဒီပုံတွေက ပြည်ပကလှူတဲ့ လက်နက်တွေလား- မှားယွင်းနေသည်
လက်နက်တွေနဲ့ ကျည်အိမ်တွေအများအပြားပါဝင်တဲ့ ဓာတ်ပုံတွေကို မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ပြည်ပက လှူတဲ့ လက်နက်တွေလို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။ သို့သော် ဓာတ်ပုံအချို့ဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံတွေဖြစ် တာတွေ့ရပါတယ်။ “ပြည်ပမှအလှူရှင်များ ရောက်ပါပြီ”လို့ရေးသားပြီး “ကချင်မြေ Global Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link ဒီပို့စ်ပါဓာတ်ပုံတွေကိုပဲ “ရဲနိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း “ဟျောင့်! (စောက်ပု) မီးကျိုးမောင်းပျက်တွေမဟုတ်ဘူးနော် အသစ်စက်စက်တွေကွ 😁😁😁”လို့ရေးသားမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အခန်းကျယ်တစ်ခုမှာ သေနတ်တွေ တန်းစီထားတဲ့ ဓာတ်ပုံကို […]
Continue Reading
