အစားအသောက်နဲ့ COVID-19 ကာကွယ်ကုသနိုင်လား

COVID-19 ကာကွယ်ရေးဆိုပြီးတော့ “သံပုရာရည်သောက်၊ ဂျင်းများများစား၊ ဟင်းလျာမှာ နနွင်းပါစေ၊ ဟင်းရည်ပူပူငြုပ်ကောင်း၊ ငါးဟင်းစား၊ ကြက်သွန်ဖြူ/နီစား၊ ရေနွေးကြမ်းပူပူသောက်၊ နေထွက်စမှာလမ်းလျှောက်”ဆိုတဲ့ အချက် ၈ ချက်ပါတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ဝူဟန်ဗိုင်းရပ်စ်”ကာကွယ်ကုသရာမှာ ထိရောက်တယ်လို့ ပြောနေကြတဲ့ ဆေးတွေရဲ့အာနိသင်သဘောတရားက ကိုယ်ရဲ့အနီးမှာပါ” (လက်ဆေးဘို့လည်းမပျင်းနဲ့)” ဆိုပြီးတော့ U Win Tin အမည်နဲ့ အကောင့်က မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ၁။ကမ္ဘာ့ကျန်းမားရေးအဖွဲ့က လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်၊ ကုသနိုင်တဲ့ဆေးဝါးမျိုး မတွေ့ရှိရသေးဘူးလို့ ပြောကြားထားပါတယ်။ အနောက်တိုင်းဆေး၊ တိုင်းရင်းဆေးနဲ့ အိမ်တွင်းဆေးမီတိုတွေက covid-19 ရောဂါလက္ခဏာကို သက်သာအောင်၊ပျောက်အောင်ကုသပေးကောင်းပေးနိုင်ပေမဲ့ လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ ဆေးကို အချက်အလက်ခိုင်ခိုင်မာမာမတွေ့ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။ အနောက်တိုင်းဆေးအပါအဝင် […]

Continue Reading

ကိုရိုနာ ဗိုင်းရပ်စ်ကို အောင်နိုင်သွားသည့် တိုင်းရင်းဆေးပင်ဆိုတဲ့ သတင်းမှား

“ဒီနေ့ မတ်လ ၁၆ရက် (၂၀၂၀)မှာ ထိုင်းနိုင်ငံ ကူးဆက်ရောဂါပိုး တိုက်ဖျက်ရေးအဖွဲ့က ကိုဗစ်ရောဂါပိုးတွေကို သေ​ေစနိုင် ကာကွယ်နိုင်တဲ့ ဖါထလိုင်ကျွန်  ​ေဆးဖက်၀င် ฟ้าทะลายโจร  အပင်ဟာ  ထိုင်းပြည်သူအတွက် အသင့်တော်ဆုံး ရောဂါပိုးတိုက်ဖျက်နိုင်ကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။ ဆေးခါးကြီးပင်အခေါ် Green chiretta (穿心莲) ကို ငရုတ်ခါး၊ကရင်ဆေးခါးဟု အရပ်ဒေသကိုလိုက်ပြီး  ခေါ် ကြပြီး ရုက္ခဗေဒအမည်မှာ A n d r o g r a p h i s P a n i c u l a t a N e e s ဖြစ်ပြီး […]

Continue Reading

ဆားရေဖြင့် ပလုပ်ကျင်းရင် corona ဗိုင်းရပ်စ်ကို ဖယ်ရှားနိုင်တယ်ဆိုတဲ့ တစ်ဝက်မှန် တစ်ဝက်မှားသတင်း

ဆားရေဖြင့် ပလုက်ကျင်းရင် corona ဗိုင်းရပ်စ်ကိုဖယ်ရှားနိုင်တယ်ဆိုတဲ့ ပို့စ်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။  “Corona ဗိုင်းရပ်စ်သည် အဆုတ်သို့မရောက်မီလည်ချောင်းထဲ၌  ၄ ရက်နေရသည်။ ဤအချိန်တွင် လူသည် ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းများစတင်ဖြစ်ပွားခဲ့သည်။ အကယ်၍ သူသည်ရေကို များများစားစားသောက်ခြင်း၊ ရေနွေးနဲ့ ဆားကို ပလုပ်ကျင်းခြင်းသည် ဗိုင်းရပ်စ်ကို ဖယ်ရှားနိုင်ပါသည်။ သင်အချက်အလက်နှင့်အတူ တစ်စုံတစ်ဉီးကိုကယ်တင်နိုင်သောကြောင့် ဤအချက်အလက်ကို ဖြန့်ဝေပေးပါ” ဆိုပြီးတော့  Htain Lin အမည်နဲ့အကောင့်က မျှဝေထားတာတွေ့ရပါတယ်။ “ဆားရေနဲ့ အာလုပ်ကျင်းပါ”လို့လည်း ရေးသားထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတွေကြားမှာရေပန်းစားနေတဲ့ ကောလာဟလတွေကို ရှင်းလင်းထုတ်ပြန်ထား တာတွေ့ရပါတယ်။ ရိုးရိုးအအေးမိဖျားနာတာ တွေမှာတော့ နှာခေါင်းကို ဆားရေနဲ့ဆေးကြောပေးတာကြောင့် မြန်မြန်နေကောင်းလာတယ်ဆိုတဲ့ အထောက်အထားအနည်းငယ်တော့ရှိပါတယ်။ သို့သော်လည်း အသက်ရှုလမ်း […]

Continue Reading

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က ဖေ့စ်ဘွတ် cele အိပန်ဆယ်လိုအကောင့်တုက တင်တဲ့ ဘာသာရေးစော်ကားတဲ့စာကိုမျှဝေမှု

MP Maung Myint အမည်နဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အကောင့်ကနေ ဖေ့စ်ဘွတ် cele အိပန်ဆယ်လို အကောင့်တုကနေ တင်ထားတဲ့ “ဗုဒ္ဓမြတ်စွာဘုရား ရှိမရှိ ကမ္ဘာပေါ်မှာ ရွေးကောက်ပွဲ လုပ်ကြည့် မရှိဆိုတဲ့ မဲ များ ရင် ဗုဒ္ဓ ဆိုတာ ရှိဖို့မလိုဘူး” ဆိုပြီးရေးထားတဲ့ စာကို screenshot ရိုက်ပြီးမျှဝေထားပါတယ်။ “ဒီလို မိန်းကလေးကို လော်ဘီလုပ်ခိုင်းတဲ့ အဖွဲ့ကို မိဘ ပြည်သူများ ကျောခိုင်းသင့်ပါပြီ။ ငါရေးတာက ပူးတွဲပါ  အိပန်ဆယ်လိုကိုပြောနေတာ။ အတုတွေ အစစ်တွေ ငါသိစရာ မလိုဘူး”လို့ မျှဝေရာမှာ ရေးသားထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ ဒီကောင့်မှာ အတုဖြစ်တယ်လို့ အိပန်ဆယ်လို အကောင့်အစစ်က ပြန်လည်ဖြေရှင်းထားပါတယ်။ ဘာသာရေးစော်ကားသော […]

Continue Reading

ဝန်ကြီး pso ကပြောတယ် Covid-19 အတည်ပြုလူနာတွေ့ရှိတယ်ဆိုတဲ့ သတင်းအမှား

“ဝန်ကြီး PSO ကပြောတယ်Case one Confirm တဲ့ ဆေးရုံကြီးမှာတွေ့တယ်တဲ့ Case one တစ်ခု မယုံလို့ဆိုရင် ခင်သိင်္ဂီမြင့်ကိုမေးကြည့်ပါ Positive တဲ့ Case one confirm ဖြစ်နေပြီတဲ့မကြာခင်ကြေညာမယ်တဲ့”ဆိုတဲ့ အသံဖိုင်တစ်ခု messenger မှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ၁၄ စက္ကန့်စာ အသံဖိုင်ဟာ သူဘယ်သူဆိုတာကိုတော့ ပြောပြမထားသလို ဘယ်သူက စတင်ဖြန့်ဝေလိုက်လဲဆိုတာတော့ မသိရပါဘူး။ အချက်အလက်စိစစ်ချက် ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီလိုပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ဖြေရှင်းထားပါတယ်။ “ယနေ့ညနေတွင် လူမှုကွန်ရက် (Facebook messenger) မှ တစ်ဆင့် ကောလာဟလသတင်းမှားကို အသံဖိုင်ဖြင့် ဖန်တီးဖြန့်ဖြူးနေသည်ကို တွေ့ရှိနေရပါသည်။ အဆိုပါ အသံဖိုင်တွင် “ပြည်ထောင်စုဝန်ကြီး၏ PSO မှ ပြောကြားသည်” ဆို၍ မဟုတ်မမှန်လုပ်ကြံဖန်တီးပြောဆိုကာ ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် […]

Continue Reading

ကြက်သွန်နီကို ဆားနှင့်တို့စားပြီး ၁၀.မိနစ်ခန့် ရေမသောက်ဘဲ နေလျှင် ကိုရိုနာဗိုင်းရပ်စ်သေစေနိုင်တယ်ဆိုတဲ့ သတင်းမှား

ကြက်သွန်နီကို ဆားနှင့်တို့စားပြီး ၁၀ မိနစ်ခန့် ရေမသောက်ဘဲ နေလျှင် ကိုရိုနာဗိုင်းရပ်စ်သေစေနိုင်တယ်ပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ Myanmar Onion Adviser အမည်နဲ့အကောင့်အောက်ပါအတိုင်းဖြန့်ဝေထားတာ တွေ့ရပါတယ်။ FB link  Archive link Mayu Rashid ဆိုတဲ့အကောင့်ကလည်း ကြက်သွန်နီကို ဆားနှင့်တို့စားပြီး ၁၀ မိနစ်ခန့်  ရေမသောက်ဘဲ နေလျှင် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်မှ လွတ်ကင်းနိုင်ကြောင်း ဝါရင့်ဆရာဝန် အကြံပြုဆိုပြီးတော့ တင်ထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ ကြက်သွန်နီနဲ့ ဆားကို အတူတကွစားပြီး ရေမသောက်ဘဲ ၁၀ မိနစ်လောက်နေရင် ကိုရိုနာရောဂါပိုးသေတယ်ဆိုတဲ့အလက်တွေဟာ မမှန်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသန့် က Fact Crescendo ကို အတည်ပြုပါတယ်။ […]

Continue Reading

သရုပ်ဆောင်မေသန်းနု ထောင်ကလွတ်လာပြီဆိုတဲ့ သတင်းမှား

ငွေကြေးလိမ်လည်မှုနဲ့တရားစွဲခံရပြီးထောင်ကျခဲ့တဲ့ သရုပ်ဆောင်မေသန်းနုဟာထောင်ဒဏ်တစ်နှစ်ချမှ တ်ခံထားရပါတယ်။ ထောင်ဒဏ်တစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခံရပြီး သိပ်မကြာသေးခင်မှာပဲ မေသန်းနု ပြန်လွတ်လာပြီဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ မျှဝေနေကြတာဖြစ်ပြီး လက်ရှိအချိန်အထိလည်းမျှဝေနေ တာတွေ့ရပါတယ်။ အေးအေးဝင်းအမည်နဲ့ အကောင့်က မေသန်းနု ပြန်လွတ်လာပြီဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ မျှဝေခဲ့တာလည်း တွေ့ရပါတယ်။ FB Link Archive link အချက်အလက်စိစစ်ချက် ၁။ ဗွီဒီယိုရဲ့ခေါင်းစဥ◌်မှာ “အတိုင်းမသိဝမ်းသာပါတယ် မင်းသမီးကြီး မေသန်းနုထောင်က ပြန်လွတ်လာပြီ”လို့ ရေးထားပေမဲ့ တကယ်တမ်းဗွီဒီယိုထဲမှာ နောင်ခံစကားပြောထဲမှာ ထောင်တစ်နှစ်ကျသွားတဲ့အကြောင်း သာပါဝင်တာတွေ့ ရပါတယ်။ ၂။ Google မှာပုံကို ပြောင်းပြန်ရှာတဲ့အနည်းအသုံးပြုရှာဖွေရာမှာ အလားတူ ပုံတွေ တွေ့ရပါတယ်။ ဒါပေမဲ့ တရားဝင်သတင်းမီဒီယာတစ်ခုမှ တွေ့ရပါဘူး။ ၃။ “မေသန်းနု ပြန်လွတ်လာ”ဆိုတဲ့ အဓိက စကားလုံးတွေကို Google မှာ […]

Continue Reading

TIKA တံဆိပ်ပါအိတ်တွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်အိတ်တွေအဖြစ်ဖော်ပြ နေတဲ့ သတင်းမှား

တူရကီပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(TIKA)တံဆိပ်နဲ့အိပ်တွေကို  ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းက ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကိုထောက်ပံ့သော ဆန်အိတ်များအဖြစ် လူမှုကွန်ယက်မှာ ဖြန့်ဝေနေပါတယ်။ တပ်မတော်က AA စခန်းကိုသိမ်းမိလို့ ပစ္စည်းလေးတွေကိုစစ်ဆေးလိုက်တော့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကထောက်ပံ့ပေးထားတဲ့ပစ္စည်းတွေဖြစ်နေတယ်ဆိုပြီးတော့ Tin Myo အမည်နဲ့ အကောင့်က ပို့စ်တင်ထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ တပ်မတော်ကာကွယ်ရေးဥ◌ီးစီးချုပ်ရုံးရဲ့ ဝက်ဆိုဒ်စာမျက်နှာမှာ AA စခန်းကို သိမ်းပိုက်ရရှိတဲ့သတင်းနဲ့ အခုလို ဆန်အိတ်တွေ ဖမ်းဆီးရမိတဲ့ သတင်းမတွေ့ရပါဘူး။ ၂။ ဆန်အိတ်ပေါ်က အမှတ်တံဆိပ်ကို ကြည့်တဲ့အခါမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အမှတ်တံဆိပ်မဟုတ်ပါဘူး။ ၃။ တရားဝင်သတင်းဌာနတွေက ဒီလိုဖမ်းဆီးရရှိမှုသတင်းမတွေ့ရှိရပါဘူး။ ၄။ Google မှာရှာကြည့်ရင် ဒီအမှတ်တံဆိပ်ဟာ တူရကီပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီရဲ့ အမှတ်တံဆိပ်နဲ့တူနေတာတွေ့ရပါတယ်။ ၅။ Google မှာ reverse image ရှာဖွေနည်းနဲ့ […]

Continue Reading

မိဘကို စော်ကား၍မြေမြိုခံရဆိုတဲ့ သတင်းမှား

မိဘကို စော်ကား၍မြေမြိုခံဆိုတဲ့သတင်းကို လူမှုကွန်ယက်မှာ မျှဝေသူတွေ များပြားနေပါတယ်။ မန္တလေးတိုင်း အောင်ပင်လယ်ရပ်ကွက်နေသူမောင်ထင်လင်းဦး ခေါ် မောင်ဆူဟိုဟာ ဇွန် ၁၅ ရက်က ကိုရီးယားအဆိုတော်အဖွဲ့ EXO ရဲ့ သီချင်းခွေဝယ်ရန် အမေဖြစ်သူမုဆိုးမကြီးထံမှ ပိုက်ဆံတောင်းရာ မပေးသဖြင့် မိခင်အိုကြီးအား ဆဲဆိုကန် ကျောက်ရိုက်နက် ၍ အိမ်မှ ဆင်းသွားစဉ် မြေမြိုခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ Google မှာပုံကို ရှာကြည့်တဲ့အခါ အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ သတင်းအမြောက ်အများကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ၂။ ပထမဆုံး လင့်ခ်ကိုဖွင့်ကြည့်မယ်ဆိုရင် ဒီပုံဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က သဘာဝလှိုင်ဂူထဲကို လူတစ်ယောက်က ဝင်ဖို့ကြိုးစားနေတဲ့ ပုံလို့ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ်က အခြားဝင်ပေါက်ရှိပေမဲ့ စွန့်စားချင်တဲ့သူ တစ်ယောက်က […]

Continue Reading

ဖေ့စ်ဘွတ်cele ကျော်ကျော်နန္ဒ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ရဆိုတဲ့ သတင်းမှား

ဖေ့စ်ဘွတ်cele ကျော်ကျော်နန္ဒ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ရတယ်ဆိုပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာရှိပါတယ်။ ကျော်ကျော်နန္ဒဟာ မိသားစုပြိုင်ပွဲပြီးဆုံးသွားချိန်မှာ ကိုရိုနာဗိုင်းရပ်ကြောင့် ချက်ချင်းဆေးရုံတင်လိုပ်ရတယ်လို့သိရတယ်ဆိုပြီးတော့ သတင်းထဲမှာ ရေးသားပါတယ်။ ဟာသ ဗဟုသုတ သတင်းစုံဆိုတဲ့ ဖေ့စ်ဘွတ်အဖွဲ့မှာ အောက်ပါအတိုင်းမျှ ဝေထားပါတယ်။  FB Link Archieve Link အချက်အလက်စိစစ်ချက် ၁။ ကျော်ကျော်နန္ဒ ရဲ့စာမျက်နှာမှာ မတ်လ ၇ ရက်နေ့မှာ အတွင်းခံဘောင်းဘီကြော်ငြာ ရိုက် တယ်လို့ ဆိုထားပါတယ်။ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ သတင်းဖော်ပြထားတာမတွေ့ရပါဘူး။ ၂။ မိသားစုပြိုင်ပွဲစာမျက်နှာမှာ မတ်လ ၆ ရက် ပြိုင်ပွဲမရှိတာတွေ့ရပါတယ်။ ၃။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၇ ရက်ထုတ်ပြန်ချက်အရလည်း ရန်ကုန်တိုင်းဒေသကြီးမှာ မတ် ၆ ရက်နေ့က သံသယလူနာတွေ့ရတယ်လို့ မပါရှိပါဘူး။ သုံးသက်ချက် အထက်က […]

Continue Reading