Fact Check: ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်မသေသေးဘူးလို့ NUGအတည်ပြုဆိုတဲ့ သတင်းတုသတင်းမှား
ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်အသက်ရှင်သေးတာNUGလည်းအတည်ပြုလိုက်ပါပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ NUG အနေနဲ့ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ ၄ ဦး ကြိုးပေးကွပ်မျက်မှုအတွက် ရှုတ်ချထားပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာလည်းသတင်းခေါင်းစဉ်နဲ့မသက်ဆိုင်ပါဘူး။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ သတင်းတင်ဆက်သူက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ နိုင်ငံအခြေပြမိန့်ခွန်း ပြောကြားချက်ကို ပြန်လည်ပြောကြားနေခြင်းဖြစ်ပါတယ်။ ဇူလိုင် ၂၈ ရက်က သမ္မတ ဒူဝါလရှီးလရဲ့ အခြေပြ မိန့်ခွန်းကို အောက်ပါလင့်ခ်မှာကြည့်ပါ။ ဒီမိန့်ခွန်းရဲ့အစမှာပဲ ဦးကျော်မင်းယုခေါ် ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်စတဲ့ ၄ ဦးအပေါ် ကွပ်မျက်ခဲ့မှုဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံသားတွေ အပေါ်တန်ဖိုးမထားတဲ့လုပ်ရပ်ဖြစ်ကြောင်းနဲ့ နွေးဉီးတော်လှန်ရေးကို အရှိန်မြှင့်သွားစေမယ့်လုပ်ရပ်သာဖြစ်ပြီး အရှိန်မြှင့်တွန်းလှန်ကြဖို့လည်း […]
Continue Reading