Fact Check: မြန်မာစစ်တပ်ကို ထောက်ခံတဲ့ ဆုံးဖြတ်ချက် ကုလသမဂ္ဂချမှတ်လို့ သတင်းမှားဖြန့်

စစ်တပ်ကို တရားဝင်အစိုးရအဖြစ် ကုလသမဂ္ဂကအတည်ပြုလိုက်တယ်လို့ ရေးသားပြီး  လူမှုကွန်ယက်မှာဖြန့်ဝေ လျှက်ရှိပါတယ်။ အာဏာရယူအပြီး စစ်တပ်က ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီ(နစက)ကို တရားဝင်အစိုးရအဖြစ် သတ်မှတ်ရေးအဆိုကို ၁၁၉ နိုင်ငံက ထောက်ခံမှုနဲ့အတည်ပြုလိုက်တယ်လို့ ရေးသား ထားပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။ မြန်မာနိုင်ငံ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့တဲ့ ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂက ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ “နစကအား တရားဝင်အစိုးရအဖြစ် သတ်မှတ်ရေးအဆိုကို ကုလသမဂ္ဂအစည်းအဝေးတွင်ဆုံးဖြတ်ချက်ရယူရာ ထောက်ခံမဲအများစုဖြင့် “နစက”အား မြန်မာနိုင်ငံအစိုးရအဖြစ်အတည်ပြု ထုံးစံအတိုင်းကန့်ကွက်တာက တူရကီ ကြားနေတာကUSA;UKနဲ့အနောက်နိုင်ငံအချို့ နစကအားအစိုးရအဖြစ်အတည်ပြု ထောက်ခံတာက တရုပ် အိန္ဒိယ ရုရှား အာဆီယံ၁၀နိုင်ငံအပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉….ကမ္ဘာ့လူလည်ငပွတွေ စောက်ရှက်ကွဲကြတယ်…” စသည်ဖြင့် ရေးသားပြီး “ဂျစ် တူး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ […]

Continue Reading

Fact Check: ဒီဗွီဒီယိုက မကွေးတိုင်းက ကင်းမမီးလောင်မှုဖြစ်စဉ်နဲ့သက်ဆိုင်ခြင်းမရှိပါ

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ကင်းမရွာမှာ လူငယ်တွေက မီးရှို့ခဲ့တဲ့ ဗွီဒီယိုဖိုင်ဆိုပြီးတော့ လူမှုကွန်ယက် မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ ဝါးထရံနဲ့ သစ်သားပုံတစ်ခုအပေါ်မှာ မိုလိုတော့ဗ်ကို လှမ်းပစ်လိုက်ပြီး မီးရှို့တဲ့ဖြစ်စဉ်နဲ့ အဝေးတစ်နေရာကနေ သေနတ်ပစ်သံအချို့ကြားရပြီးနောက် ထွက်ပြေးကြတဲ့ ပုံတွေ ပါဝင် ပါတယ်။ မကွေးတိုင်းပေါက်မြို့နယ် ကင်းမရွာမှာ ဇွန် ၁၅ ရက်ကစစ်တပ်ရောက်လာပြီးနောက် မီးရှို့ခံရတဲ့ သတင်းကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာတွေရပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ပေါက်မြို့နယ်က မီးလောင်မှုဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ မုဒုံမြို့နယ်က ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ “ကင်းမရွာကို ဘယ်သူရှို့လည်း ထမိန်ခြုံထဲက ခေါင်းထွက်ကြည့်ကြ”စသည်ဖြင့် ရေးသားပြီး“Htet Khaing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပို့စ်ကိုပြန်လည်မျှဝေမှု ၁ ထောင်ရှိပါတယ်။ ကင်းမရွာဖြစ်စဉ်အဖြစ် မျှဝေထားတာကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: NLD ကို အကြမ်းဖက်လို့ ကုလအပြစ်တင်ခဲ့သလား-မဟုတ်ပါ

ကုလသမဂ္ဂ(United Nations)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို အကြမ်းဖက်မှုတွေအတွက် အပြစ် တင်လိုက်တယ်လို့ ရေးသားပြီး  လူမှုကွန်ယက်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ ဇွန် ၃ရက်က စတင်ပျံ့နှံ့ခဲ့တဲ့ ဒီသတင်းမှာကိုးကားထားတဲ့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ ပြောခွင့်ရ စတက်ဖနီဒူဂျာရစ်ခ် (Stéphane Dujarric)ရဲ့ ပြောကြားချက်ဟာ မှန်ကန်ပေမဲ့ NLD ကို အကြမ်းဖက်အဖြစ် အပြစ်တင်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။  “NLD အကြမ်းဖက်အဖွဲ့ကို ကုလသမဂ္ဂအပြစ်တင်”လို့ရေးသားပြီး “RFM : Yangon, 3 – 6 – 2021”လို့လည်း သတင်းရေးသားတဲ့နေ့အဖြစ်ဖော်ပြခဲ့ပါတယ်။ ဆက်လက်ပြီး သတင်းရဲ့ စာကိုယ်အဖြစ် “မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဒီမိုကရေစီကိုဘမ်းပြပြီး ရွေး ကောက်ပွဲကတဆင့် မတရားသော နည်းဖြင့် ရယူရန်ကြိုးပမ်းခဲ့သည့် ဒေါ်ဆုကျည်နှင့်အဖွဲ့ဟာ အိပ်မက်ကောင်းခန်းရောက်မှ […]

Continue Reading

Fact Check: နွားနှစ်ကောင်ပိုပြီး မွေးထားရင် နိုင်ငံပိုင်သိမ်းမယ်လို့ MWD ကြေညာဆိုတဲ့ သတင်းတု

အိမ်တစ်အိမ်မှာ နွားနှစ်ကောင်ထက်ပြီး မွေးမြူထားရင် နိုင်ငံပိုင်အဖြစ် သိမ်းမယ်လို့ စစ်တပ်ပိုင် MWD (မြဝတီသတင်းဌာန)ကကြေညာခဲ့တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ စစ်တပ်ပိုင်မြဝတီသတင်းဖော်ပြချက်တွေမှာ ဒီလိုကြေညာချက်မျိုး မတွေ့ရသလို ဓာတ်ပုံတွေဟာလည်း ပြန်လည်ပြုပြင်ထားတာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ“အိမ်တစ်အိမ်တွင် နွားနှစ်ကောင်ထပ် ပို၍မွေးမြူထားပါက နိုင်ငံပိုင်အဖြစ် သိမ်းမည်ဟု စစ်ကောင်စီပိုင် MWD မှ ကြေငြာ”လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး “အိမ်တစ်အိမ်နွားနှစ်ကောင်ထက်ပိုမမွေးရ ဥပဒေသစ်အရ စံပြစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာအုပ်စု သို့   ဝင်ရောက်စစ်ဆေးရာ ရွာသူဌေး ကျော်မျိုးရွှေ (ခ) ဖိုးရွှေ အား နွားအကောင် (၃၀) ကျော်မွေးမြူထားမှူကြောင့် ပုဒ်မ ၅၉ဃ၊ ၉၆၉(ခ) တို့ဖြင့်တပ်ဆင်”တရားစွဲဆိုထားပြီး ထိုကျေးရွာရှိအိမ်များမှလည်း နွားနှစ်ကောင်ထက်ပိုမွေး ထားသောနွားများအား ပျူစောထီးအဖွဲ့များမှသိမ်းယူခဲ့ကြောင်းသိရှိရပါသည်။”စသည့်ဖြင့်လည်းပါဝင်ပါတယ်။ ဒီသတင်းကို “Mus […]

Continue Reading

Fact Check: ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံမဲဆူရင်း ဒုက္ခသည်စခန်း မီးလောင်ပုံကို ပေါက်မီးလောင်မှုအဖြစ်ဖော်ပြနေတဲ့ ဗွီဒီယို

ဇွန် ၁၅ ရက်နေ့က ပေါက်မြို့နယ် ကင်းမရွာအား စစ်တပ်ကမီးရှို့ခဲ့တဲ့ ဗွီဒီယိုလို့ရေးသားပြီးတော့ မြေစိုက်တဲအိမ် အချို့ မီးလောင်နေတဲ့ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်း များစွာကဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီဗွီဒီယိုဟာ ထိုင်းနိုင်ငံမှာ ဒုက္ခသည်စခန်းမီးလောင်မှုဖြစ်စဉ်က ဗွီဒီယိုဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။  “ယနေ့(၁၅.၆.၂၁)နေ့တွင် ပေါက်မြို့နယ်ကင်းမရွာအား အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့များက မီးရှို့ခဲ့ရာ တစ်ရွာလုံးပြာကျ ခဲ့သည့် video။ Copy by Ko thu”စသည်ဖြင့် ရေးသားပြီး“Zayar Hlwanbo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထား ပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက်  Google မှာ အဓိကကျတဲ့ […]

Continue Reading

Fact Check: လွိုင်ကော်က တပ်ရင်း ၅၄ ကို တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့ သတင်းတုသတင်းမှား

လွိုင်ကော် တပ်ရင်း ၅၄ တစ်ရင်းလုံးကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရမိတဲ့ လက်နက်တွေဓာတ်ပုံ ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာလည်း ၂၀၁၅ ခုနှစ် ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာတွေလည်း တွေ့ရပါတယ်။  “သောင်းလှိုင်သားရေ ခများသားသမီးတေတော့ PDF တွေကို တပ်ရင်းလိုက်လှူကုန်ပြီ 😎😁😁 ယနေ့လွိုင်ကော် တပ်ရင်း ၅၄ တစ်ရင်းလုံး သိမ်း”လို့ ရေးသားပြီး“Moe Sandar Aung”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ​ကယားပြည်နယ်မှာ ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့နဲ့ တပ်မတော်ရဲ့ ထိတွေ့မှုသတင်းတွေကို ဖော်ပြနေတဲ့ Karenni People […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်က နေပြည်တော်အေလာလေဆိပ်အနီးမှာ လေယာဉ်ပျက်စဉ်က ဗွီဒီယိုကို ပြင်ဉီးလွင်မှာ ယနေ့ လေယာဉ်ပျက်ကျမှုအဖြစ်မျှဝေ

ပြင်ဦးလွင်မှာ ယနေ့လေယာဉ်ပျက်ကျမှုအဖြစ် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ မြင်ကွင်းတွေပါဝင်တဲ့ ဗွီဒီယိုတစ်ခုကိုဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။ ဗွီဒီယိုမှာ ကယ်ဆယ်ရေး ဝတ်စုံဝတ်အရပ်သားအချို့နဲ့ စစ်သားတွေက အလောင်းတွေကို သယ်ဆောင်လာတဲ့မြင်ကွင်းပုံတွေပါဝင်ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က စစ်လေယာဉ်တစ်စီး နေပြည်တော် လေဆိပ်က အတက်မှာပျက်ကျမှုဖြစ်စဉ်ကဖြစ်တာရပါတယ်။  “ပြင်ဦးလွင်အနီးလေယဥ်ပျက်ကျတဲ့ ရုပ်သံဖိုင် June 10”စသည်ဖြင့် ရေးသားပြီး“Nyi Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဗွီဒီယိုကို အောက်ပါအတိုင်း မျှဝေထားရာမှာ နာရီပိုင်းအတွင်း ပြန်လည်မျှဝေသူ ၆ ထောင်ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ The Hakar Post မီဒီယာကလည်း ဒီဗွီဒီယိုဖိုင်ကို ဇွန်လ ၁၀ ရက် ပြင်ဦးလွင်အနီး စစ်တပ်လေယာဉ်ပျက်ကျတဲ့ ဗွီဒီယိုဖိုင်လို့ရေးသားမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: အလှမယ်ထားထက်ထက်ကို တိုက်ခိုက်တဲ့ သတင်းတု RFM ဖြန့်ဝေ

လက်နက်ကိုင်တစ်ဖြစ်လဲ အလှမယ်ထားထက်ထက် မုဒိန်းကျင့်ခံရပြီး အဖမ်းခံထားရတယ်လို့ ရေးသားပြီး  လူမှုကွန်ယက်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ အလှမယ် ထားထက်ထက်က မီဒီယာတစ်ခုကို သူဖြေဆိုထားတဲ့ အင်တာဗျူးကို ပုံမှားရိုက်ဖြန့်ထားခြင်းဖြစ်ပြီး သူ့အနေနဲ့ဘေးကင်းလုံခြုံတယ်လို့ လူမှု ကွန်ယက်က တစ်ဆင့် အသိပေးထားပြီးဖြစ်ပါတယ်။  “သူပုန်ကို ကယ်တင်ရှင်ဆိုပြီး အားကိုးတဲ့ ထားထားထက်တို့ သူရဲကောင်းအဖွဲ့ ဘာတွေဖြစ်ကုန်ပြီလဲ? ဒါ့ကြောင့်ပြောတာ၊ပျက်စီးချိန်တန်ရင် အတွေးမှားတယ် လို့။ဖင်ပိတ်ငြင်းကြအုံးလေ။ထို့အတူ အပြောကြီး ဟိတ်ဟန်ကောင်းတဲ့ CRPG NUG GZ PDF CDM စတဲ့ အရေခြုံတွေကို ယုံမိရင်လည်း ဘာဖြစ်မလဲ? စဉ်းစားကြ အရမ်းမလုပ်နဲ့။”စသည်ဖြင့် ရေးသားပြီး“U Dham Mika”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားပါတယ်။ ဒီလိုမျှဝေထားတဲ့ screenshot ဓာတ်ပုံတစ်ခုထဲမှာဆိုရင် ထားထက်ထက် မုဒိန်းကျင့်ခံရကြောင်း မိခင်ဖြစ်သူကို ငိုယိုပြောနေတယ်လို့ ပါဝင်ပါတယ်။ […]

Continue Reading

Fact Check: ကာမိုင်းမြို့ထဲကို KIA ဝင်သိမ်းပိုက်တဲ့ဓာတ်ပုံလား-မဟုတ်ပါ

ကာမိုင်းမြို့ထဲကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ဝင်ရောက်သိမ်းပိုက်တယ်ဆိုပြီးတော့ စစ်ဝတ်စုံနဲ့ စစ်သား တွေပါဝင်တဲ့ ဓာတ်ပုံ ၂ ပုံကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရသလို ကာမိုင်းမြို့မှာ ရိုက်ကူထားတဲ့ပုံမဟုတ်တာတွေ့ရပါတယ်။  “မြို့သိမ်းတယ်ဆိုတာ ဒါကိုခေါ်တယ်ဗျာ〰️ ကားမိုင်းမြို ကို ပြည်သူ့တပ်မတော် KIA မှ ဝင်ရောက်နေရာယူပြီးသကာလ….. #တရားသောစစ်ပွဲအောင်မြင်ပါစေ_ပြည်သူ့တပ်မတော်KIA”လို့ ရေးသားပြီး“Mi Soe”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ က မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃ ထောင် ၅ ရာကျော်ရှိပါတယ်။ အလားတူ ရေးသားမျှ ဝေမှုတွေ ကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  […]

Continue Reading

Fact Check: ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်ကတိမ်းရှောင်ခဲ့ရသူတွေကို ယနေ့ ကျုံပျော်က ထွက်ပြေးတိမ်းရှောင်ရသူတွေအဖြစ်မျှဝေ

ကျုံပျော်က ထွက်ပြေးတိမ်းရှောင်ရတဲ့ပြည်သူတွေဆိုပြီး ကွင်းပြင်တစ်ခုကို ဖြတ်သန်းလျက် အထုပ်ကိုယ်စီနဲ စီတန်းလမ်းလျှောက်သွားနေကြတဲ့ ဓာတ်ပုံကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။  ဇွန် ၅ ရက်က ကျုံပျော်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ဒေသခံတွေအကြား အပြန်အလှန်ပစ် ခတ်ခဲ့ရာ ကနေ ဒေသခံလက်နက်ကိုင်တွေထဲက အတော်များများသေဆုံးခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်ရတာတွေလည်းရှိလာပါ တယ်။ သို့သော် ကျုံပျော်က ထွက်ပြေးသူတွေအဖြစ်မျှဝေနေတဲ့ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်ရသူတွေဖြစ်ပါတယ်။  “Where’s peace?ကျုံပျော်ပြည်သူတွေရေ မင်းတို့ဘယ်ပြေးမှာလဲငါတို့မသိပေမယ် ခိုနားရာနေရာတွေ့ပါစေကွာ ဘေးကြုံရင်တော့ပြေးခုန်ရမှာပဲလေနော ဒါနဲ့ဧရာ၀တီကိုပဲ sပစ်တင်နေတဲ့သူ ဒါလေးမြင်တော့ကြေနပ် လောက်ပီပေါ့”စသည်ဖြင့် ရေးသားပြီး“Saw Black”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃ ထောင် ၅ ရာကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb […]

Continue Reading