Fact Check: လူရွှင်တော် ဦးဇာဂနာက စစ်အာဏာသိမ်းမှုကို ထောက်ခံရေးသားချက် အဖြစ်သတင်းတုသတင်းမှားပျံ့နှံ့ခဲ့

နိုင်ငံရေးအကျဉ်းသား လူရွှင်တော် ဦးဇာဂနာက စစ်အာဏာသိမ်းမှုကို ထောက်ခံရေးသားချက်အဖြစ် ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ဦးဇာဂနာနာမည် ကိုအသုံးပြုပြီး လုပ်ကြံရေးသားထားတဲ့ရေးသားချက်ဖြစ်တာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလလောက်ကတည်းကစတင်ဖြန့်ဝေလျက်ရှိပြီး ယခုအချိန်အထိလည်း ဖြန့်ဝေလျှက်ရှိတဲ့ပို့စ်မှာ “ကိုယ့်ထမင်း ကိုယ်စားပြီး စစ်အာဏာရှင်ကို တော်လှန်ခဲ့ / ထောင်ဆိုတာ အိမ်ဦးနဲ့ကြမ်းပြင် ဖြစ်ခဲ့တဲ့ ဒေါက်တာ ဦးသူရ (ခ) ဦးဇာဂနာ ရဲ့ လက်ရှိနိုင်ငံရေး သုံးသပ်ချက်”လို့ စချီရေးသားထားတဲ့ ဒီပို့စ်မှာ အခုတကြိမ်စစ်တပ်က အာဏာသိမ်းတာဟာ ၂၀၀၈ ခုနှစ် အခြေခံ ဉပဒေနဲ့အညီ အာဏာထိမ်းတာသာဖြစ်တယ်လို့ ဦးဇာဂနာ ထောက်ခံခဲ့ပြီး NLD ပါတီကို မဲခိုးတဲ့ပါတီအဖြစ်စွပ်စွဲကာ ဒေါ်အောင်ဆန်းစုကြည်အစိုးရကိုလည်း ကွန်မြူနစ်ဆန်တဲ့ အာဏာရှင်အစိုးရအဖြစ်ဝေဖန်ထားတာဖြစ်ပါတယ်။  အောက်ပါစာသားတွေကတော့ ဒီလိုပျံ့နှံ့ခဲ့တဲ့ပို့စ်ပါ စာသားတွေပဲဖြစ်ပါတယ်။ “ကိုယ့်ထမင်း […]

Continue Reading

Fact Check: Justin Bieber ဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းပြီး သာသနာ့ဘောင် ဝင်ရောက်ဆိုတဲ့ သတင်းတု

အမေရိကန် အဆိုတော် Taylor Swift တစ်ယောက် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသွားပြီးနောက် ကနေဒါနာမည် ကြီးအဆိုတော် Justin Bieber ကလည်း ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကာ ဘုန်းကြီးဝတ်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ပြောဆိုချက်ဟာ မှားယွင်းပါတယ်။ “ယနေ့ အဆို‌တော်Taylor Swiftတစ်ယောက် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသွားပြီးနောက် အဆိုတော်Justin Bieberဟာလည်း အားကျမခံ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကာ ဘုန်းကြီးဝတ်သွားတယ်လို့သိရပါတယ်။ ဒီလိုကမ္ဘာ့ထိပ်သီးအဆိုတော်ကြီးနှစ်ဦးရဲ့ ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းမှုကြောင့် တခြားဘယ်အနုပညာရှင်တွေရော ပါဝင်ကြဦးမလဲဆိုတာ စိတ်ဝင်စားစွာ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်ကတော့ အင်မတန်ဝမ်းမြောက်ဂုဏ်ယူစရာပါ။”လို့ ရေးသားပြီး “Felix Luffy” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အဓိကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ Justin Bieber […]

Continue Reading

Fact Check: မြန်မာစစ်တပ်ကို ပူးပေါင်းတိုက်ခိုက်ဖို့ AAနဲ့ RSO တို့ဆွေးနွေးပွဲမှတ်တမ်း ဆိုတဲ့ သတင်းတု

NUG အစိုးရစေခိုင်းမှုနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရခိုင့်တပ်တော်(AA)နဲ့ ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့(RSO)တို့ မြန်မာစစ်တပ်ကို ပူးပေါင်းတိုက်ခိုက်ဖို့ သဘောတူညီချက်ဆိုပြီးတော့ အောက်တိုဘာ ၁၁ ရက်က ဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြားဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ ဖြန့်ဝေမှုတွေမှ RSO က ထုတ်ပြန်ချက် ပုံစံနဲ့ရေးသားထားတဲ့စာသားဓာတ်ပုံ ၂ ပုံပါဝင်ပြီး AA က ဗိုလ်မှူးကြီးခိုင် ထွန်းလင်းပါ ၁၀ ဦးနဲ့ RSO က စစ်ရေးတာဝန်ခံ အာယုပ်ပါ ၁၀ ဦးတို့ရဲ့ ဆွေးနွေးမှု အဖြစ်ဖော်ပြထားပါတယ်။  မောင်တောနဲ့ ဘူးသီးတောင်ကို AA ကတိုက်နေတာဟာ ရိုဟင်ဂျာအားလုံးပြန်လည်နေထိုင်နိုင်ရေးဖြစ်ကြောင်း၊ ဒီအစီအစဉ်ကို ရခိုင်တွေသိသွားမှာစိုးရိမ်ကြောင်းနဲ့ ဒီလိုဆောင်ရွက်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာ ရောက် ရိုဟင်ဂျာခေါင်းဆောင်တွေ သိအောင်ပြောပေးဖို့လိုကြောင်း AA က ဗိုလ်မှူးကြီးခိုင်ထွန်းလင်း ဘက်က ဆွေးနွေးခဲ့ပြီး RSO က […]

Continue Reading

Fact Check: ကျိုက်ထီးရိုးပစ်ခတ်မှုမှာ ပြည်သူတွေထိခိုက်သေဆုံးခဲ့ရမှု NUG တောင်းပန် ဆိုတဲ့သတင်းတု

ကျိုက်ထီးရိုး ကင်မွန်းစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ PDF တွေပစ်ခတ်မှုမှာ ဘုရားဖူး ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအတွက် ဝမ်းနည်းကြောင်း NUG က ထုတ်ပြန်ချက်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားဖြန့်ဝေနေတာဟာ သတင်းတုဖြစ်ပါတယ်။ ဖြန့်ဝေလျှက်ရှိတဲ့ ထုတ်ပြန်ချက်ဓာတ်ပုံစာသားထဲမှာ အချက်သုံးချက်ပါဝင်ပြီး အောက်ပါအတိုင်းရေးသား ထားပါတယ်။  “၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့တွင် မိမိတို့အမျိုးသားညီညွှတ်ရေးအစိုးရလက်အောက်ရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့သည် ကျိုက်ထိုမြို့ ကင်မွန်းစခန်း တောင်တက်ကားဂိတ် အနီးတွင် အကြမ်းဖက်စစ်ကောင်စီတက်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။  ၂။ ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် မိမိတို့ဘက်မှ မဟာမိတ်ပူးပေါင်းအဖွဲ့တို့၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အနီးဝန်းကျင်တွင်ရောက်ရှိနေသော ဘုရားဖူးပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ ၃။မိမိတို့ အမျိုးသားညီညွှတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်ရာတွင် ဘုရားဖူးမိဘပြည်သူများ ထိခိုက်ခဲ့မှုအတွက် အထူးပင်ဝမ်းနည်းကြေကွဲရပါသည်။” စသည်ဖြင့်ပါဝင်ပါတယ်။ “Thar […]

Continue Reading

Fact Check: မန္တလေးဆင်ခြေဖုန်းမှာတွေ့ရတဲ့ လူနှင့်တူတဲ့ ထူးဆန်းတဲ့ သတ္တဝါလား-မဟုတ်ပါ

မန္တလေးမြို့ဆင်ခြေဖုန်း တနေရာမှာ လူနှင့်တူတဲ့ ထူးဆန်းတဲ့ သတ္တဝါတကောင်တွေ့ ရှိရတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ထူးဆန်းတဲ့ သတ္တဝါဟာ အီးတီလိုလို လူလိုလိုပုံစံရှိပြီး မျက်လုံးပြာပြာကြီး လက်သည်းရှည်ကြီးတွေလည်းပါရှိတယ်လို့ဆိုပြီး  ဓာတ်ပုံ ၂ ပုံနှင့်အတူဖြန့်ဝေနေတာဖြစ်ပါတယ်။ သတင်းမှားဖြစ်ပါတယ်။   “𝗡𝗚𝗔 𝗙𝗘𝗘𝗟𝗜𝗡𝗚”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အောက်ပါ screenshot ကတော့ မျှဝေထားတဲ့ ဓာတ်ပုံပါ အတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေဟာ Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ အီတလီအနုပညာရှင်တစ်ဦးဖြစ်တဲ့ “Laira Maganuco”ရဲ့ ဆီလီကွန်နဲ့ပြုလုပ်ပုံဖော်ထားတဲ့ တောင်အမေရိကန်မှာအတွေ့ရများတဲ့ armadillos လို့ခေါ်တဲ့ သတ္တဝါတစ်ကောင်ရဲ့ပုံဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ […]

Continue Reading

Fact Check: KNU က ထိုင်းရဲကို ဗုံးခွဲတိုက်ခိုက်လို့ ဒုက္ခသည်စခန်းများ မထားရန် ထိုင်းပြည်သူတွေတောင်းဆိုတဲ့သတင်းမှား

ထိုင်းနိုင်ငံမှာ  လမ်းဘေးဗုံးပေါက်ကွဲပြီး ရဲအရာရှိတစ်ဦးသေဆုံးမှုကြောင့် ကရင် အမျိုးသားအစည်းအရုံး (KNU)နဲ့ဆက်နွယ်နေသည့် ဒုက္ခသည်စခန်းများမထားရန် ထိုင်းပြည်သူများက တောင်းဆိုနေတယ်ဆိုပြီး  ရေးသားဖြန့်ဝေနေတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။  တကယ်တော့ ဓာတ်ပုံဟာ ထိုင်းနိုင်ငံတောင်ပိုင်းက ခွဲထွက်အဖွဲ့က  ၂၀၁၉ ခုနှစ်အတွင်းမှာ ဗုံးခွဲတိုက်ခိုက်မှုက ဓာတ်ပုံကဖြစ်ပါတယ်။  “ထိုင်းဝန်ကြီးချုပ်ပရာယွတ်အာဏာပြန်ရ လျင်ရခြင်း အရေးပေါ်ညွှန်ကြားချက် ထုတ်ပြန် ************************************** 30-9-2022 ထိုင်းနိုင်ငံ လမ်းဘေးဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရဲအရာရှိတဦးသေဆုံးခဲ့မှု အပေါ်  ဆက်စပ်မှု အဖြစ်  ပြဿနာဖြစ်ပွားရာ    KNU ဆက်နွယ် သော     ဒုက္ခသည်စခန်းများ မထားရန် ထိုင်း ပြည်သူများတောင်းဆိုချက်အရ.  KNU ဒုက္ခ သည်စခန်းတွေကို ထိုင်းစစ်တပ်မှဝင်ရောက် စီးနင်းရှာဖွေနေသည် ၊ လတ်တလောပိတ်ဆို့မှုအရ ထိုင်း/မြန်မာနယ်စပ်   တလျောက်  ထိုင်းစစ်တပ် […]

Continue Reading

Fact Check: ဂျပန်နိုဘယ်ဆုရဆေးပညာရှင်ဓာတ်ပုံကိုအသုံးပြုဖြန့်ဝေနေတဲ့ ဆေးဝါးကြော်ငြာအတု

ဂျပန်နိုဘယ်ဆုရဆေးပညာရှင် ယိုရှီနိုရီ အိုဆုမိ(Yoshinori Ohsumi)ရဲ့ ဓာတ်ပုံကို အသက် ၁၀၉နှစ်အရွယ် မြန်မာအကျော်အမော် နှလုံးပညာရှင် ဦးကျော်သူမောင်အဖြစ်ဖော်ပြထားပြီး အသက်ရှည်ဖို့အတွက် Cardiovax ဆေးဝါးကိုမှီဝဲဖို့ တိုက်တွန်းချက်ဆိုတဲ့ ဘလော့ဂ်ပို့စ်တစ်ခုကို Fact Crescendo Myanmar က သတိပြုမိ ခဲ့ပါတယ်။  အောက်ပါ screenshot ကတော့ အသက် ၁၀၉ နှစ်အရွယ်ရှိ မြန်မာအကျော်အမော် နှလုံးပညာရှင် ဦးကျော်သူမောင်နဲ့ အင်တာဗျူးဆိုပြီးရေးသားဖော်ပြချက်ဖြစ်ပါတယ်။ သွေးတိုးမဖြစ်ဖို့ နှလုံးသွေးကြော တွေကောင်းဖို့လိုပြီး Cardiovax ဆိုတဲ့ဆေးသာသောက်မယ်ဆိုရင် အသက် ၁၂၀ အထိ ရှည်နိုင်ကြောင်း ရေးသားထားဖြန့်ဝေထားတာဖြစ်ပါတယ်။ ရှည်လျားစွာရေးသားထားတဲ့ ဒီဘလော့ရဲ့အောက်ခြေမှာတော့ ဒီဘလော့ဂ်စာမျက်နှာ ကတစ်ဆင့် ဆေးမှာယူရန်ဆိုပြီးတော့လည်းပါဝင်ပြီး ဆေးတစ်ဗူးကို လျော့ဈေး ပေးတဲ့အနေနဲ့ မြန်မာငွေ ကျပ် ၅၀၀၀၀ နဲ့မှာယူနိုင်ကြောင်းလည်းဖော်ပြပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ဖရူဆိုမှာ ပြည်သူပိုင်နွားတွေကို ကရင်နီအကြမ်းဖက်အုပ်စုက ခိုးယူ သတ်ဖြတ်ဆိုတဲ့ သတင်းမှား

ဖရူဆိုမြို့နယ်မှာ အရပ်သားများ၏ နွားများကို ကရင်နီအကြမ်းဖက်အုပ်စုက ပေါ်ပေါ်တင်တင် သတ်ဖြတ်ယူ ဆောင်နေတယ်ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ “Sept 25 “ဖရူဆိုမြို့နယ်၌ အရပ်သားများ၏ နွားများကို ကရင်နီအကြမ်းဖက်အုပ်စုက ပေါ်ပေါ်တင်တင် သတ်ဖြတ် ယူဆောင်နေဟုဆို” ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၌ တောင်သူလုပ်ကိုင် စားသောက်နေသည့် ပြည်သူများ၏ နွားများကို ကရင်နီ အကြမ်းဖက်အုပ်စု (KNDF) က အတင်းအဓမ္မ သတ်ဖြတ်ယူဆောင်နေကြပြီး ဟန့်တားသော ရွာသူရွာသားများကို မသေရုံတမယ် ရိုက်နှက်မှုများ ပြုလုပ်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။ “ကျွန်တော်တို့မှာ ဒီနွားလေးတွေနဲ့ လုပ်စားနေရတာပါ။ အဲဒါကို သူတို့အဖွဲ့အတွက် ဟင်းစားမရှိရင်လည်း သူတို့ကြိုက်တဲ့နွားကို သတ်ပြီးယူတတ်ကြတယ်။ တစ်ခါတစ်လေ ဆက်ကြေးတောင်းတဲ့အခါ ပေးစရာ မရှိရင်လည်း နွားကို သေနတ်နဲ့ပစ်သတ်ပြီး ယူသွားကြပါတယ်။ ဒါလေးပဲရှိတာမို့လို့ မယူပါနဲ့လို့ ပြောပြန်တော့လည်း […]

Continue Reading

Fact Check: NUG, PDF တွေကို ကုလ လူ့အခွင့်အရေးမဟာမင်းကြီး ရှုတ်ချဆိုတဲ့ သတင်းမှား

NUG နဲ့ PDF တွေရဲ့အကြမ်းဖက်မှုတွေ အမြန်ဆုံး အဆုံးသတ်ဖို့လိုနေတယ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က ပြစ်တင်ပြောဆိုလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြု သူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်ပါတယ်။ အာဏာသိမ်းအပြီး စစ်တပ်ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို လူ့အခွင့်အရေး ယာယီမဟာမင်းကြီး နာဒါ အယ်လ်နာရှစ်က တင်ပြသွား တာဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ဖေ့စ်ဘွတ်ပို့စ်ပါ စာသားတွေပဲဖြစ်ပါတယ်။ “ဆိုးဝါးတဲ့NUG,PDFအကြမ်းဖက်မှုတွေကြုံနေတဲ့ မြန်မာနိုင်ငံအခြေအနေ အဆုံးသတ်ဖို့ လိုနေပြီလို့ ကုလမဟာမင်းကြီးပြော ~~~ (ဝါရှင်တန်ဒီစီ) ■  မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ NUG,PDF တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ကမ္ဘာပျက်သလို ဆိုးရွားတဲ့ အခြေအနေတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ရေရှည်ဖြစ်ထွန်းတဲ့ တိုးတက်မှု အခြေအနေ တွေဆီကို ပြန်ရောက်အောင်လုပ်ဖို့ အရေးတကြီးလိုအပ်နေပါတယ်လို့ ကုလသမဂ္ဂ […]

Continue Reading

Fact Check: စစ်ကိုင်းတိုင်းကို PDF က၉၇ ရာခိုင်နှုန်း သိမ်းပိုက်ထားနိုင်ပြီဆိုတဲ့ သတင်းမှား

 စစ်ကိုင်းတိုင်း‌ဒေသကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )က ရာနှုန်းပြည့်နီးပါး သိမ်းယူထား နိုင်ပြီ ဆိုတဲ့စာသားပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။  သို့သော် မြန်မာ့အရေး အထူးအကြံပေး ကောင်စီ အဖွဲ့ (SAC-M )ရဲ့  စစ်တမ်းအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ NUG နဲ့မဟာမိတ်တွေက ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ဒေသများဟာ ၅၂ ရာခိုင်နှုန်းအထက်ရှိကြောင်း ဖော်ပြထားပါတယ်။ စစ်ကိုင်းဒေသကြီးကို ၉၇ ရာခိုင်နှုန်း ပြည်သူ့ကာကွယ်ရေးအင်အားစုအဖွဲ့ (PDF ) ကထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ စစ်တမ်းမျိုးကို မတွေ့ရပါဘူး။ “စစ်ကိုင်း PDF 97%သိမ်းပိုက်ပြီ စစ်ကိုင်း၊ပုလဲမြို့ရဲစခန်းကို PDFအဖွဲ့မှ သိမ်းပိုက်၊ ရဲတပ်သား(၁၀၀)ထွက်ပြေး(ရုပ်/သံဖိုင်)”လို့ ရေးသားပြီး “ကီးဘုတ် ဖိုက်တာ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  […]

Continue Reading