Fact Check: နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့တယ်လို့ သတင်းမှားသတင်းတုဖြန့်

UEC ၏ ရွေးကောက်ပွဲမှာ အာဏာရ NLD အစိုးရကို အနိုင်ရစေရန် ရည်ရွက်ချက်ဖြင့် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းလိုက်တယ်ဆိုပြီးတော့ မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ “ရွေးကောက်ပွဲ နောက်ဆက်တွဲ အရေးပေါ်သတင်းထူး”လို့ ရေးသားပြီး UEC ဟာ လက်ရှိ NLD အစိုးရအား အနိုင်ရှိစေရန် ရည်ရွက်ချက်ဖြင့် လုပ်ဆောင်ခဲ့အတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ တပ်မတော်(စရဖ)၊ CID ၊ တပ်မတော် သတင်းထောက် အရပ်ဘက်သတင်းထောက် နဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများစုဖွဲ့ထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းလိုက်တယ်လို့ ဖော်ပြထားပြီး “ပုံ /နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေးကော်မရှင်”လို့ ရေးသားထားပါတယ်။ အခုလို ပျံ့နှံ့လျက်ရှိတဲ့ပို့စ်နဲ့ပတ်သက်ပြီး သတင်းဌာနတွေဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။ နိုင်ငံတော် သမ္မတရုံး၊ရွေးကောက်ပွဲကော်မရှင်စတဲ့ အဖွဲ့အစည်းတွေမှာလည်း တရားဝင်သတင်းထုတ်ပြန်ချက် မတွေ့ရှိရပါဘူး။ ဒီလိုအဖွဲ့ဖွဲ့တယ်ဆိုတာ […]

Continue Reading

Fact Check: ပဲခူးမှာ ဝန်ကြီးချုပ် မဲပေးမယ့်သူတွေကို ကျပ် ၅၀၀၀ တန်တွေပေးခဲ့သလား

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအမှတ်တံဆိပ်တွေ ဝတ်ဆင်ထားသူ အများစုပါဝင်တဲ့ လူအုပ်စုကို ပိုက်ဆံပေးနေတဲ့ဗွီဒီယိုနဲ့ ဓာတ်ပုံတွေနဲ့အတူ မဲပေးမယ့်သူတွေကို ကျပ် ၅၀၀၀ တန်တွေပေးပြီး မဲဆွယ်နေတယ်လို့ ရေးသားပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ အခုလို ပျံ့နှံ့လျက်ရှိတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး လက်ရှိပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ ပါတီတာဝန်ရှိသူတွေက ငြင်းဆိုထားတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ အလားတူရေးသား မျှဝေချက်နဲ့ ဗွီဒီယိုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့်  – Fb link  |  Archive link အချက်အလက်စိစစ်ချက် ပေးခဲ့တဲ့ပိုက်ဆံဟာ ဗိုလ်ချုပ်ပုံပါ အသစ်ထွက် ကျပ် ၅၀၀ တန်တွေဖြစ်ပြီး အမှတ်တရအနေနဲ့ […]

Continue Reading

Fact Check: DVB ဆွေးနွေးခန်းတစ်ခုမှာ ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန် ပြောကြား ချက်ကို ပုံမှားရိုက်ပြီး သတင်းတုဖြန့်

ဖွဲ့စည်းပုံပြင်ရင် နိုင်ငံခြားက မြန်မာနိုင်ငံကို ဝင်သိမ်းပိုက်ပြီး အမျိုးဘာသာပျောက်မယ်လို့ ဆိုလိုရင်းနဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ တူညီတဲ့ပြောဆိုချက်တွေနဲ့ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ  DVB ဆွေးနွေးခန်းတစ်ခုမှာ ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်က ဒီလိုပြောကြားခဲ့တယ်ဆိုပြီးတော့ မျှဝေနေတာဖြစ်ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ“ဘယ်ပုဒ်မကိုပြင်မှာလဲဆိုတော့ ပုဒ်မ ၆(စ) တဲ့ လွှတ်တော်က ၂၅% ထွက်သွားပါတဲ့။ ၂၅% ထွက်ရင် ပုဒ်မ ၄၂(ခ) ပြင်ဘို့ အဆင်ပြေသွားမှာပေါ့ ၄၂(ခ) ပြင်လိုက်ရင် ကိုကိုးကျွန်းကြီးပေါ်မှာ USA တပ်တွေရောက်လာမှာပေါ့ ၂၅% ထွက်သွားရင် ပုဒ်မ ၅၂ ကိုဖျက်လိုက် မှာပေါ့ ဒါဆိုရင် ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာနယ်မြေ သတ်မှတ်ဘို့ လွယ်သွားမှာပေါ့ ၂၅% ထွက်သွားရင် ပုဒ်မ ၅၉(စ) ပြင်ဘို့ အဆင်ပြေသွားမှာပေါ့ ၅၉(စ) […]

Continue Reading

Fact Check: လက်ရှိပါတီအလိုက် လူကြိုက်များမှုမှာ USDP ကထိပ်ဆုံးလို့ ခန့်မှန်းတယ်ဆိုပြီး သတင်းမှားဖြန့်

USDP က လူကြိုက်များမှု ၃၅ ဒသမ ၇နဲ့ လူကြိုက်အများဆုံးဆိုပြီးတော့ DVB သတင်းတစ်ခုမှာဖော်ပြ တယ်ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ  USDP က လူကြိုက်များမှု ၃၅ ဒသမ ၇နဲ့ထိပ်ဆုံး၊ NLD က ၃၀ ဒသမ ၁ ၊ PPP  က ၁၁ ဒသမ ၅ နဲ့ Other Party က ၂၂ ဒသမ ၇ စသည်ဖြင့်ရေးသားထားပြီး  DVB သတင်းဌာနကက ကြေညာခဲ့ တယ်လို့ယူဆရတဲ့ ဓာတ်ပုံတစ်ခုနဲ့အတူ အောက်တိုဘာ ၇ ရက်ညပိုင်းမှာ လူမှုကွန်ယက်မှာ စတင်ဖြန့်ဝေခဲ့တာ တွေ့ရပါတယ်။ အဆိုပါဓာတ်ပုံနှင့်အတူ ဒီရလာဒ်တွေက ခန့်မှန်းဆိုသော်လည်း ရမ်းပြီးခန့်မှန်းနေတာ မဟုတ်လောက်ဘူး […]

Continue Reading

Fact Check: တောင်ဉက္ကလာပက ဆန္ဒမဲလက်မှတ်တွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလွဲလို့ ပါတီအမှတ်တံဆိပ် တွေကို အရောင်ပြောင်းလဲထား တယ်ဆိုပြီးမျှဝေနေ

တောင်ဉက္ကလာပက ဆန္ဒမဲလက်မှတ်တွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလွဲလို့ ပါတီအမှတ်တံဆိပ်တွေကို အရောင်ပြောင်းလဲထား တယ်ဆိုပြီးမျှဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ ဆန္ဒမဲလက်မှတ်တစ်ခုမှာ  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ၏ အမှတ်တံဆိပ်မှာ အပြာရောင်ဖြစ်နေသလို အခြားသောပါတီတွေဖြစ်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ပါတီအမှတ်တံဆိပ်တွေဟာ ပုံဖျက်ခံထားရတယ်ဆိုပြီးတော့ အဝိုင်းခတ်ပြထားတဲ့ လက်မှတ်တစ်စောင် နဲ့အတူ လူမှုကွန်ယက်မှာ ဖြန့်ဝေလျက် ရှိတာ တွေ့ရပါတယ်။ အဆိုပါဓာတ်ပုံနှင့်အတူ “တောင်ဥက္ကလာပမြို့နယ်တွင် မဲပေးမယ့်ပြည်သူများကို မျက်စိလည်စေရန် နှင့် ပါတီတစ်ခုကို တစ်ဖက်သတ်မဲပေးမှုဖြစ်စေရန် ရွေးကောက်ပွဲကော်မရှင်မှ ဘတ်လိုက်ပြီး ဆောင်ရွက်ပေး နေတာလား မဲလက်မှတ်များတွင်အခြားပါတီများ၏ လိုဂိုအရောင်များပြောင်းလဲထား”လို့ရေးသားပြီး “Kyaw Zaya”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်မှာ မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေချက်တွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အခုလို […]

Continue Reading

Fact Check: ပုသိမ်မှာ မဲပုံးထဲရေလောင်းသွားတယ်ဆိုတဲ့ သတင်းမှား

ပုသိမ်မှာ ကြိုတင်မဲပုံးထဲကို ရေလောင်းသွားတယ်လို့ရေးသားပြီး မဲပုံးတစ်ပုံ ဓာတ်ပုံနှင့်တကွ လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပုသိမ်က ကြိုတင်မဲပုံးထဲကို ရေလောင်းသွားတယ်၊ ဘယ်သူလောင်းသွားသလဲဆိုတာ မသိရသေးဘူးဆိုပြီးတော့ မဲပုံဓာတ်ပုံနဲ့အတူ မျှဝေနေ ကြတာဖြစ်ပါတယ်။  ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီးပြီး အိမ်အရောက် ကြိုတင်မဲ ကောက်ယူစဉ်မှာ မိုးမိပြီး မဲပုံထဲမိုးရေဝင်သွားခဲ့ခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတွေပြောကြားထားတာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှာစေးနိုင်တဲ့ အရေးအသားနဲ့ အောက်ပါအတိုင်းရေးသား မျှဝေထားတာတွေ့ရပါတယ်။ အလားသဏ္ဌာန်တူ ရေးသားပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံထဲမှာပါတဲ့ မဲပုံရေဝင်သွားတဲ့ဖြစ်စဉ်ဟာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ၁၄ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မဲပုံးရေစိုခြင်းမှာ […]

Continue Reading

Fact Check; ဇီးကုန်းက ကြိုတင်မဲရလာဒ်ဆိုတဲ့ သတင်းအမှား

လာမဲ့နိုဝင်ဘာ ၈ရက်နေ့မှာကျင်းပမဲ့ ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲကောက်ခံတာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီးနောက်မှာတော့ ပဲခူးတိုင်း၊ ဇီးကုန်းမြိုနယ်မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးက အပြတ်အသတ်နိုင်တယ်ဆိုတဲ့ မဲရလာဒ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ဇီးကုန်း (ကြိုတင်မဲ)၊ ပြည်ခိုင်ဖြိုး= ၄၀%၊ NLD=10%၊ အပြတ်အသတ်”ဆိုပြီးရေးသားထားတာ တွေ့ရပါတယ်။ဒါပေမဲ့ ဒီလိုရေးသားမျှဝေနေတာတွေဟာ မှားယွင်းတဲ့ရေးသားချက်တွေသာဖြစ်ပြီး ကြိုတင်မဲရလာဒ်ကို ရွေးကောက်ပွဲရက်မတိုင်မီ ထုတ်ပြန်ကြေငြာလေ့မရှိတာကို Fact Crescendo Myanmarက တွေ့ရှိရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး သာယာဝတီခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးရဲမြင့်ကို Fact Crescendo Myanmarက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ “ကြိုတင်မဲတွေက ရွေးကောက်ပွဲရက်မတိုင်ခင် ဘယ်သူကမှ ဖွင့်ဖောက်ရေတွက်တာတွေ လုပ်လို့မရဘူး၊ အခုက ချိတ်ပိတ်ထားပြီး တကယ်ရွေးကောက်ပွဲရက်ရောက်မှ အကုန်ထုတ်ရေရတာပါ၊ ရွေးကောက်ရက်မတိုင်ခင် ကြိုတင်မဲရလာဒ် ဘယ်သူ ဘယ်လောက်ရတယ်ဆိုတာတွေက သတင်းအတုတွေပဲဖြစ်ပါတယ်။”လို့ ဦးရဲမြင့်က […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ရေးသားတဲ့ ယုတ်ရင့် ကြမ်းတမ်းတဲ့စကားလုံးအတွက်တရားစွဲမယ်လို့ ရှေ့နေက ကြေညာဆိုတဲ့ သတင်းတု သတင်းမှားဖြန့်ဝေ

“အမျိုးဖျက်မ၊ ဖာသည်မ”လို့ Facebook မှာဖြစ်စေ အပြင်မှာဖြစ်စေ သုံးရင်တရားစွဲမယ်လို့ ရှေ့နေက ကြေညာ တယ်ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ဓာတ်ပုံပို့စ်ဟာ သတင်းစာဖြတ်ပိုင်းတစ်ခုမှာ ကြေညာဟန်နဲ့ မျှဝေထားခြင်းဖြစ်ပြီး “အမျိုးဖျက်မ၊ ဖာသည်မ”စတဲ့ ယုတ်ရင့် ကြမ်းတမ်းတဲ့စကားလုံးအသုံးနှုန်းလည်းပါဝင်ပါတယ်။ ဒီစကားလုံးတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းထားဖြစ်တဲ့အတွက် ရှေ့နေက သတိပေးတယ်ဆိုပြီးတော့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။ သို့သော်လည်း မျှဝေထားတဲ့ဓာတ်ပုံဟာ ဒီဂျစ်တယ်နည်းလမ်းတဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံတစ်ခုဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒီကြေညာမှာပါတဲ့ ရှေ့နေကလည်း ဒီလိုရေးသားဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး ရဲစခန်းကို တိုင်ကြားထားတယ်လို့ ပြောဆိုထားပါတယ်။ “ဗုဒ္ဓဘာသာကို စော်ကားတာ သာသနာကို နှိမ့်ချနေတာ မြင်တွေ့နေကြပြီပေါ့ ရှေနေကြီးရယ် ခင်ဗျာတို့ရဲ့ ဥပဒေမှာ ဗုဒ္ဓဘာသာကို စော်ကားရင် ကင်းလွှတ်ခွင့်များ ပြုထားကြပါသလား.” […]

Continue Reading

Fact Check; ရှပ်အင်္ကျီဝတ်ထားပြီး လက်ထိတ်ခတ်ခံထားရတဲ့လက်ကို မြှောက်ပြထားတဲ့ ဦးဝီရသူရဲ့ ပုံအမှား

ဝရမ်းပြေးအဖြစ်တစ်နှစ်ကျော်လောက်တိမ်းရှောင်နေသောဦးဝီရသူက ပြီးခဲ့တဲ့ရက်ပိုင်းက ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံပြီးနောက်မှာတော့ ရှပ်အင်္ကျီဝတ်ဆင်ထားပြီး လက်ထိတ်ခတ်ခံထားရတဲ့လက်ကို မြှောက်ပြနေတဲ့ ဦးဝီရသူရဲ့ပုံဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပုံကို “ဝရမ်းပြေးနေတဲ့ အမျိုးသားရေးအစွန်းရောက် ဆရာတော်ဝီရသူ ရဲတပ်ဖွဲ့သို့ လာရောက်အဖမ်းခံ” “ဝရမ်းအထုပ်ခံ ရဟန်းယုတ် ဝီရသူတော့ အမှန်နန်းစံဘို့ ပြန်လှမ်းလာပီ …။ ကံပဲစမ်းသလားအကြံပဲလှမ်းသလား ညဏ်ပဲနွမ်းလို့ အကြံကုံလို့ဂဠုန်ပဲဆားချက်သလား အမှားပဲကိုဦးတည်ပြီး အရူးတွေတော့အပြောကြွယ် ဘာသာ သာသနာဆိုပြီ မကြာခင်အော်ကြတော့မယ်။….”စသဖြင့် အညွှန်းအမျိုးမျိုးတပ်ပြီး ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီပုံဟာ Photoshopနဲ့ပြုပြင်ထားတဲ့ပုံဖြစ်ပါတယ်။ ဘာကြောင့်ပြောနိုင်သလဲဆိုရင် ဒီပုံနဲ့အလားတူပုံမျိုးကို ၂၀၁၉ခုနစ်ကလည်း “ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်ကို ဖမ်းဆီးလိုက်ပြီ”ဆိုတဲ့ သတင်းအမှားမှာလည်း အသုံးပြုထားကြောင်းကို အချက်အလက်စစ်ဆေးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “ဟုတ်တယ် Vs မဟုတ်ဘူး”ကလည်း စစ်ဆေးထားတာကိုတွေ့ရပါတယ်။ […]

Continue Reading

Fact Check: “ကြောက်ခေတ်”သီချင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်ဆိုတဲ့ သတင်းတု

“ကြောက်ခေတ်”သီချင်းနဲ့ပတ်သက်ပြီး ကျားပေါက်ကို စုံစမ်းစစ်ဆေးမယ်လို့ ထုတ်ပြန်တယ်ဆိုပြီး သတင်း မှားဖြန့် ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ“ကြောက်ခေတ်”သီချင်းဟာ တပ်မတော်အပေါ် ပြည်သူလူထုအထင်မြင်လွဲမှား စေရန်တဲ့ အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမယ်လို့ သတင်းထုတ်ပြန်ထားပြီး သီချင်းကိုဖော်ပြခဲ့တဲ့ “The Voice Myanmar”ကိုလည်းစစ်ဆေးအရေးယူသွားမယ်လို့ ရေးသားပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဉက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပုံ၊ အဆိုတော်ကြားပေါက်ပုံ၊ “ကြောက်ခေတ်”သီးချင်းဗွီဒီယိုက ပြကွက်တစ်ခု ဓာတ်ပုံလည်းပါဝင်ပါတယ်။ သို့သော်လည်း ကြောက်ခေတ်သတင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်ဆိုတဲ့ ထုတ်ပြန်ချက်အပါအဝင် သတင်းတစ်စုံတစ်ရာ Fact Crescendo Myanmar ကမတွေ့ရပါဘူး။ “The Voice Myanmar”ဖေ့စ်ဘွတ်စာ မျက်နှာမှာလည်း ဒီသီချင်းကို တင်ထားတာမရှိပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းတဲ့ အလားတူပို့စ်ကို ဒီနေရာမှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading