
တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေတဲ့ နာမည်ကြီး သရုပ်ဆောင် မင်းသားမင်းမော်ကွန်း အပါအဝင် ဒါရိုက်တာ ကိုပေါက်၊ ထားထက်ထက်စတဲ့ အနုပညာရှင်တွေ လေးကေ့ကော်မှာ အဖမ်းခံရတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့ပါတယ်။
“မင်းမော်ကွန်း၊ ဒါရိုတ်တာ ကိုပေါက် ၊ထားထက်ထက် ၊မြနှင်းရီလွင် ၊ဟားငါးကောင် စတဲ့ တောထဲက အသုံးချခံ အနုပညာရှင်တွေ နှင့် CDM ဝန်ထမ်းများ များစွာကို လေးကေ့ကော်မှာ ဖမ်းမိconfirmပါ ” လို့ ရေးသားလျှက် “ပြည်ချစ် မင်းသား”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူရေးသား မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တော်လှန်ရေးထဲရောက်သွားတဲ့ သရုပ်ဆောင်မင်းမော်ကွန်းနဲ့ ဒါရိုက်တာကိုပေါက် အပါအဝင် နာမည်ကြီး အနုပညာရှင်တွေ အဖမ်းခံရတယ်ဆိုတဲ့ သတင်းမျိုး သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေက ရေးသားဖော်ပြချက်မျိုးမတွေ့ရပါဘူး။
ကရင်လက်နက်ကိုင်ထိန်းချုပ်နယ်မြေ လေးကေ့ကော်ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်အပါအဝင် လူ ၂၀ ကျော်အဖမ်းခံရတဲ့ RFA Burmese သတင်းကို ဒီလင့်ခ်မှာတွေ့ရပါတယ်။ သို့သော်လည်းအထက်ဖော်ပြပါ အနုပညာရှင်များ ပါဝင်တယ်ဆိုပြီး ရေးသားထားတာမတွေ့ရပါဘူး။
ဒီဇင်ဘာ ၁၉ ရက်က မီဒီယာတွေကတစ်ဆင့်ထုတ်လွှင့်တဲ့ “တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက် တို့မြန်မာ”အမည်နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအတွက် ရန်ပုံငွေရှာဖွေရေး အွန်လိုင်းဖျော်ဖြေပွဲမှာ သရုပ်ဆောင်မင်းမော်ကွန်း၊ ဒါရိုက်တာကိုပေါက်တို့က ပါဝင်ဆင်နွှဲခဲ့တာတွ့ရပါတယ်။
မူရင်းလင်ခ့် – Khit Thit News | Archive link
ထို့အပြင် မော်ဒယ် ထားထက်ထက်ကလည်း သူမရဲ့ဖေ့စ်ဘွတ်အကောင့်မှာ ဒီဇင်ဘာ ၁၇ ရက်က နောက်ဆုံးပို့စ် တင်ထားတာတွေ့ရသလို ဒီဇင်ဘာ ၁၉ ရက်မှာ ကျရောက်တဲ့ သူမမွေးနေ့မှာလည်း မွေးနေ့ဆုတောင်းပေး ကြသူတွေကို ကျေးဇူးတင်စကား ပြန်ပြောနေတာ ဒီလင့်ခ်မှာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ သရုပ်ဆောင် မင်းသားမင်းမော်ကွန်း အပါအဝင် ဒါရိုက်တာ ကိုပေါက်၊မော်ဒယ် ထားထက်ထက်တို့ အဖမ်းခံရတယ်ဆိုတာ သတင်းမှားဖြစ်ပါတယ်။

Title:တော်လှန်ရေးမှာပါဝင်နေတဲ့ မင်းမော်ကွန်းအပါအဝင် အနုပညာရှင်များ ဖမ်းဆီးခံရတဲ့ သတင်းမှား
Fact Check By: Zun ZeeResult: False