
ကလေးငယ်ဦးခေါင်းမှာ ပေါက်ကွဲဒဏ်ရာ၊ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ ဓာတ်ပုံတွေနှင့်အတူ လှိုင်သာယာစက်မှု ဇုန်အနီးမှာ ၂ နှစ်သားကလေးငယ်တစ်ဦးကို စစ်သားနဲ့ ရဲများက ရိုက်နှက်ခဲ့တယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှ ဝေနေပါတယ်။
သို့သော်လည်း ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ်ကတည်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးပုံတွေဖြစ်တာတွေ့ရပါတယ်။
“16.3.2021 ရက် အင်္ဂါနေ့ ညနေ ၄နာရီလောက်က လှိုင်သာယာ စက်မှုန့်ဇုန်အနီး ၂နှစ်သား ကလေးငယ်တစ်ဦး အိမ်ထဲတွင် ကစားနေရာ စစ်သားနဲ့ ရဲများက အိမ်တံခါးကို ချိုးဖျက်ပြီး ကလေးငယ်ကို ရိုက်နက်ခဲ့တယ်လို့ မိခင်ဖြစ်သူ မသန်းသန်းထွန်းကပြောပါတယ်။ အဆိုပါ ကလေးငယ်ရဲ့ ဦးခေါင်းတွင် စစ်သားနဲ့ ရဲများရဲ့ ရိုက်နက် မှုကြောင့် ပြင်းထန်သော ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပါတယ်။”လို့ “Yamin”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ကမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၄ ထောင် ၇ ရာရှိပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ယခုရက်ပိုင်းမှာ တောင်ဉက္ကလာမှာ မွေးကင်းစကလေးငယ်တစ်ဉီးကို သေနတ်နဲ့ချိန်ပြီးပစ်သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ သတင်းကိုတွေ့ ရပါတယ်။
သို့သော်လည်း ကလေးငယ်ကျောပြင်မှာ ဒဏ်ရာတွေနဲ့ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ၂၀၁၈ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။
မူရင်းဗီယက်နမ်ဘာသာကနေ Google Translate အသုံးပြုပြီး ဘာသာပြန်ဆိုကြည့်ရာမှာ Phu Quoc ခရိုင် An Thoi မြို့က ၃ နှစ်အရွယ်ကလေးတစ်ယောက်ကို မူးယစ်ဆေးစွဲနေတဲ့ ပထွေးဖြစ်သူက နှိပ်စက်မှုဖြစ်တာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – 24h.com.vn | Archive link
ကလေးငယ်ဦးခေါင်းဒဏ်ရာနဲပုံကို Google မှာပုံရှာနည်းနဲ့ထပ်မံရှာဖွေကြည့်ရာမှာ ဒီပုံဟာလည်း ဇူလိုင်လ အတွင်း အတွင်းမှာ ဗီယက်နမ်နိုင်ငံက ၃ နှစ်အရွယ်ကလေးတစ်ယောက် မိခင်နဲ့ ပထွေးက နှိပ်စက်ခံရမှုဖြစ်စဉ် တစ်ခုဖြစ်တာတွေ့ရပါတယ်။
“ဇူလိုင် ၂၂ ရက်က Binh Duong ခရိုင် Di An မြို့က ၃ နှစ်အရွယ်က An Binh ရပ်ကွက်ရဲစခန်းက အသက် ၃ နှစ်အရွယ် လေးတစ်ယောက်ကို အမေရင်းနှင့် ပထွေးက နှိပ်စက်မှုသံသယဖြစ်စဉ်ကို Di An မြို့မရဲစခန်းကို လွဲပြောင်းပေးခဲ့ပါတယ်။”လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Zingnews.vn | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ လှိုင်သာယာမှာ စစ်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ ၂ သားအရွယ်ကလေးပုံဆိုတာ တွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဗီယက်နမ်မှာ မိဘတွေက ကလေးငယ်ကို ရိုက်နက်နှိပ်စက်မှုဖြစ်စဉ်က ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: လှိုင်သာယာမှာ ၂ နှစ်သားအရွယ် က ေလးငယ်ကို စစ်တပ်ကရိုက်နှက်ပုံလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading