
ပုစွန်ဆီရောင်အင်္ကျီဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခုံတန်းတစ်ခုနောက်မှာ ခေါင်းငုံထားတဲ့ ဓာတ်ပုံကို တရားခွင်မှာ မူးဝေအားပြတ်သွားတဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်မျှဝေလျက် ရှိပါတယ်။ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၆ ရက်က နေပြည်တော်အထူးတရားရုံးက ထောင်ဒဏ် ၄ နှစ်ချမှတ်အပြီးမှာ အခုလိုပျံ့နှံ့လာတာဖြစ်ပါတယ်။
သို့သော်ဓာတ်ပုံကို ၂၀၁၂ ခုနှစ် ဇွန်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာတွေ့ရပြီး ပြည်နိုင်ငံခရီးစဉ် တစ်ခုမှာ နေမကောင်းဖြစ်တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
“မတရားတဲ့
တရားခွင်မှာ အမေ အားပြတ်၊မူးဝေနေလို့
ခုံပေါ်မှောက်လိုက်တဲ့ဓါတ်ပုံ ကမ္ဘာအနှံ့ပြန့်ခဲ့သလို မြင်ရသူအပေါင်း ကြေကွဲ ဝမ်းနည်းခဲ့ကြပါတယ်။
အခု တရုတ်ပန်ချီဆရာ ရေးဆွဲ ဂုဏ်ပြု့လိုက်တာ။
ပန်းချီကား နာမည်
(ဦးဆွေးဆံမြေ့)
#crd”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း — ရှိပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
Google မှာ ဓာတ်ပုံကို ပုံပြန်လှန်ရှာနည်း၊ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာနည်းအသုံးပြုပြီး အကြောင်း အရာကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၂ ခုနှစ် ဇွန် ၁၄ ရက်က ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ပုံ နေမကောင်ဖြစ်ပြီး ပျို့အန်နေပုံဖြစ်တာတွေ့ရပါတယ်။
အမေရိကန်အခြေစိုက် Deseret သတင်းက ၂၀၂၁ ခုနှစ် ဇွန် ၁၄ ရက်စွဲနဲ့ သတင်းမှာ အလားတူဓာတ်ပုံကို “အေပီရုပ်မြင်သံကြားသတင်းမှ ရယူထားသော ဤဓာတ်ပုံတွင် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်(ဘယ်)သည် ၂၀၁၂ ခုနှစ် ဇွန် ၁၄ ရက်ကပြုလုပ်သော ဆွစ်ဇာလန်နိုင်ငံဘန်းမြို့က သတင်းစာရှင်းလင်း ပွဲတွင် နေမကောင်းဖြစ်ပြီး အော့အန်ခဲ့သည်။ အာရှမှ ဉရောပအထိခရီးစဉ်ရှည်လျားတာကြောင့် ပင်းပန်နေ တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရတာဝန်ရှိသူတွေနဲ့အတူ ဧည့်ခံပွဲကို ခဏတာတက်နိုင်ခဲ့တဲ့ အထိ နေပြန်ကောင်းခဲ့ပြီး သူ့ရဲ့အခန်းမှာပဲ ပြန်လည်အနားယူခဲ့တယ်လို့ ဆွစ်ဇာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန တာဝန်ရှိသူက ပြောသည်။ ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် ၁၉၈၈ ခုနှစ်နောက်ပိုင်းပထမဆုံး အကြိမ်ဖြစ်သည်။ AP Television News)TV OUT Associated Press”လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Deseret | Archive link
The Telegraph ရဲ့ ယူကျူ့ချန်နယ်မှာ ၂၀၁၂ ခုနှစ် ဇွန် ၁၄ ရက်ကတင်ထားတဲ့ ဗွီဒီယိုတစ်ခုမှာလည်း ဒီမြင်ကွင်းကိုတွေ့ရပါတယ်။
မူရင်းလင်ခ့် – The Telegraph | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာ၂၀၁၂ ခုနှစ် ဇွန် ၁၄ ရက်က ဆွစ်ဇာလန်ခရီးစဉ်မှာ ဒေါ်အောင်ဆန်း စုကြည် နေမကောင်းဖြစ်နေပုံဓာတ်ပုံဖြစ်ပါတယ်။

Title:တရားရုံးကအမိန့်ချအပြီး ဒေါ်အောင်ဆန်းစုကြည် မူးဝေသွားပုံလား- မဟုတ်ပါ
Fact Check By: Zun ZeeResult: Missing Context