Fact Check: ‌ဒေါ်အောင်ဆန်းစုကြည် ဇူလိုင် ၁၈ ရက်ပြန်လွှတ်မယ်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ဇူလိုင် ၁၂ ရက်နေ့က စစ်ကောင်စီထိပ်တန်းခေါင်းဆောင်အချို့ဟာ ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် ဇူလိုင် ၁၈ ရက်နေ့မှာ ပြန်လွှတ်မယ်ဆိုတဲ့ သတင်းပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၁၂)ရက် စစ်ခေါင်းဆောင်တစ်ချို့ အမစုကို လျှို့ဝှက်‌တွေ့ဆုံ ဇူလိုင် ၁၈ ရက် ပြန်လွှတ်မယ်တဲ့ “ လို့ဆိုတဲ့ စာသားကို “News of Myanmar”အမည်နဲ့ ယူကျု့တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

မြန်မာစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးတို့ဟာ မေလ ၂၇ ရက်နေ့ နှင့် ဇွန်လ ၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်အတွင်း သွားရောက်တွေ့ ဆုံခဲ့တယ်လို့ ဧရာဝတီသတင်းဖော်ပြချက်ဟာ ယခုရက်ပိုင်းအတွင်း ရေပန်းစားခဲ့ပါတယ်။ သို့သော်လည်း ဒီသတင်းမဟုတ်ကြောင်း စစ်တပ်သတင်းပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငြင်းဆိုပါတယ်။

ထို့အပြင် အခု ‌ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၁၈ ရက်နေ့ပြန်လွှတ်မယ်ဆိုပြီး ဖော်ပြချက်ဟာ သတင်း မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည် ဖော်ပြလေ့ရှိတဲ့ ယူကျူ့ ချန်နယ်တစ်ခုက ဖြန့်ဝေမှုသာဖြစ်တယ်။ မူလဧရာဝတီသတင်းဖော်ပြချက်မှာဖြစ်စေ အခြားသော မီဒီယာတွေမှာ ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည် ဇူလိုင် ၁၈ ရက်မှာ ပြန်လွတ်မြောက်လိမ့်မယ်ဆိုတဲ့ သတင်းဖော်ပြချက်မရှိပါဘူး။

‌တကယ်တော့ ယူကျူ့ ဗွီဒီယိုပါအကြောင်းအရာဟာ ဇွန် ၁၂ ရက်က ဖေ့စ်ဘွတ်မှာ ရေပန်းစားခဲ့တဲ့ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်ကြီး နှစ်ဦးသွားရောက်တွေ့ဆုံပြီး PDF တွေကိုထိန်းပေးဖို့ ပြောတဲ့သတင်း၊ ကြက်ဥ၊ ဘဲဥ ဈေးတင်ရောင်းချတာကို စိစစ်ရန် စစ်ခေါင်းဆောင် ညွှန်ကြား၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းစတဲ့သတင်းတွေသာပါဝင်ပြီး ဒေါ်အောင်ဆန်း စုကြည် ပြန်လွှတ်မယ့်အကြောင်းလည်းမပါဝင်ပါဘူး။  ပြီးခဲ့တဲ့ ရက်ကပိုင်းကပဲ တူညီတဲ့ ဗွီဒီယိုကို ဒေါ်အောင်ဆန်း စုကြည်အား စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယ စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ သွားရောက်တွေ့ဆုံခဲ့ပြီး တောင်းပန်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူး ပြန်ပေးမယ်လို့ရေးသားပြီး သတင်းတုဖြန့်ချိခဲ့ပါသေးတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ 

သုံးသပ်ချက်

မြန်မာစစ်တပ်က ဗိုလ်ချုပ်ကြီး နှစ်ဦး ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်အတွင်း သွားရောက် တွေ့ ဆုံခဲ့တယ်လို့ ဧရာဝတီသတင်းဖော်ပြချက်ဟာ ရေပန်းစားခဲ့ပြီးနောက် အခုလိုမျိုး ရေပန်းစားသတင်း တွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတွေနဲ့ ပြန်လည်ဖြန့်ချိလေ့ရှိတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်အကောင့်တွေက ဖြန့်ဝေမှုသာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဇူလိုင် ၁၈ ရက်ပြန်လွှတ်မယ်ဆိုတဲ့ ယုံကြည်ရ‌လောက်တဲ့ သတင်းရင်းမြစ်တစ်ခုခုက ဖော်ပြချက် အထောက်အထားမရှိပါဘူး။

ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည် ဇူလိုင် ၁၈ ရက်ပြန်လွှတ်မယ်

Avatar

Title:Fact Check: ‌ဒေါ်အောင်ဆန်းစုကြည် ဇူလိုင် ၁၈ ရက်ပြန်လွှတ်မယ်ဆိုတဲ့ သတင်းတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *