ဒေးဗစ်လား စောင့်ကြည့်ခံဟိုတယ်မှထွက်ပြေးသွားပြီဆိုတဲ့ သတင်းမှား

Coronavirus False လူမှုရေး

ကိုယ်တိုင်လည်း COVID-19 ရောဂါးကူးစက်ခံရပြီး သူဉီးဆောင်ကျင်းပခဲ့တဲ့ ဘာသာရေး အခမ်းအနားတစ်ခု ကြောင့် အခြားသူတွေပါ ကူးစက်ခံရခဲ့ရပြီးနောက် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဉပဒေနဲ့ အမှုဖွင့်အရေး ယူခံထားရတဲ့ ခရစ်ယာန်တရားဟောဆရာစောဒေးဗစ်လား ဗိုင်းရပ်စ်ပိုးမတွေ့ရှိတော့တာကြောင့် ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပေမဲ့ ဟိုတယ်မှာ Quarantine ခံရယူနေရဆဲအခြေအနေဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ “အစိုးရက အမှုဖွင့်ထားသော ဒေးဗစ်လား..စောင့်ကြည့်ခံ ဟိုတယ် မှ ထွက်ပြေးသွား!= တာဝန်ယူ ခေါ်ခဲ့သော လူကြီးမင်း..ရှာပေးပါ!” ဆိုပြီး “Ne Ya Byutt”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ပို့စ်တစ်ခု မျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေသူက နှစ်ထောင်ကျော်ရှိခဲ့ပါတယ်။ 

Fb linkArchive link

အချက်အလက်စိစစ်ချက်

ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဉီးနိုင်ငံလင်းက ဒီသတင်းဟာ မဟုတ်ကြောင်း အောက်ပါအတိုင်းသူ့ရဲ့ လူမှုကွန်ယက်မှာရေးသားထားပါတယ်။ 

Naing Ngan LinnArchive link
https://www.facebook.com/permalink.php?story_fbid=858127171331550&id=100014028245907

ဟိုတယ်တည်ရှိမြို့နယ်ဖြစ်တဲ့ ဗိုလ်တစ်ထောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြင့်မြင့်စိုးကလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ “City Hotel မှာ ပါ ရှိနေပါတယ် ထွက်မသွားသေးပါ”ဆိုပြီးရေးသားခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Fb link

ဒေးဗစ်လား Hotel Quarantine မှ ထွက်သွားပြီဖြစ်ကြောင်းဟိုတယ် ဘက်မှမှားယွင်းဖြေဆိုခြင်းဖြစ်တယ်ဆိုပြီး မူရင်း ဒီသတင်းကိုတင်ခဲ့တဲ့ Eleven Media Group ကလည်းသတင်းပြန်လည်ရေးသားခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

“Ne Ya Byutt”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူပို့စ်မတင်ခင်မှာ နာရီပိုင်းအတွင်းမှာ Eleven Media Group က ဟိုတယ်ဝန်ထမ်းတွေရဲ့ ဖြေကြားချက်ကို ကိုးကားပြီး ဒေးဗစ်လားဟိုတယ်မှာမရှိတော့ဘူးဆိုတဲ့သတင်းကို အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

LinkArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ “Ne Ya Byutt” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူမျှဝေထားတဲ့ “အစိုးရက အမှုဖွင့်ထားသော ဒေးဗစ်လား..စောင့်ကြည့်ခံ ဟိုတယ်မှ ထွက်ပြေးသွား”ဆိုတဲ့အချက်အလက်ဟာ အချက်အလက်မှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ဒေးဗစ်လား စောင့်ကြည့်ခံဟိုတယ်မှထွက်ပြေးသွားပြီဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *