
အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် NLDပါတီကနေ ဝင်ရောက်အရွေးခံမဲ့ ကိုယ်စာလှယ်လောင်းတွေထဲမှာ မွတ်ဆလင်ဘာသာကိုးကွယ်တဲ့အမတ်လောင်း ၆၃ဦးပါဝင်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာပျံ့နှံ့နေတာတွေ့ရပါတယ်။
ဒီပို့စ်မှာ “ရန်ကုန်တိုင်းမှ မွတ်အမတ် ၁၂ဦး၊ စစ်ကိုင်းတိုင်းမှ မွတ်အမတ် ၉ ဦး၊ ဧရာဝတီတိုင်း ၈ ဦး၊ မကွေးတိုင်း ၈ ဦး၊ ရခိုင်ပြည်နယ်မှ ၇ ဦး၊ မွန်ပြည်နယ် ၆ ဦး၊ ပဲခူးတိုင်းမှ ၆ ဦး၊ မန္တလေးတိုင်း ၅ဦး၊ ကရင်ပြည်နယ် ၂ဦး စုစုပေါင်း ၆၃ဦး”ဆိုတာကို Screen Shotရိုက်ထားတဲ့ ပုံနဲ့အတူ NLDပါတီကို ဘာသာရေးအရ တိုက်ခိုက်တဲ့အရေးအသားနဲ့ ပို့စ်တင်ထားတာကို တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။

မူရင်းလင်ခ့် –FB Link | Archive Link
အချက်အလက်စိစစ်ချက်
NLDပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ မွတ်ဆလင်ဘာသာဝင်အမတ်လောင်း ၆၃ ဦးထိပါဝင်တယ်ဆိုတဲ့ အချက်ကို သတင်းမီဒီယာတွေမှာ ဖော်ပြတာမတွေ့ရပါဘူး။ ဒါပေမဲ့မွတ်ဆလင်ဘာသာကိုးကွယ်သူ အမတ်လောင်း ၂ဦးပါဝင်တာကိုတော့ မီဒီယာတွေမှာဖော်ပြတာတွေ့ရပါတယ်။ သူတို့ ၂ဦးကတော့ NLDစတင်တည်ထောင်ချိန် ၁၉၈၉-၉၀ကာလ ကတည်းက ပါဝင်လှုပ်ရှားခဲ့သူ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ဒေါ်ဝင်းမြမြဖြစ်ပြီး နောက်တစ်ဦးကတော့ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းရဲ့ ကျောင်းသားနိုင်ငံရေးမျိုးဆက်တစ်ဦးဖြစ်သူ ဦးစည်သူမောင်ပါ၊ သူကတော့ ရန်ကုန်တိုင်း လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဒီအကြောင်းကို BBCသတင်းဌာရဲ့ “အစ္စလာမ်ဘာသာဝင်တချို့ NLD အမတ်လောင်းဖြစ်လာ”ဆိုတဲ့ သတင်းကောက်နုတ်ချက်မှာ ရေးသားထားတာကိုလည်း အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် – BBC Link | Archive Link
ဒါ့အပြင် VOAသတင်းဌာနမှာလည်း ဒီအကြောင်းကို “၂၀၂၀ ရွေးကောက်ပွဲ NLD ကိုယ်စားလှယ်လောင်းတွေထဲ အစ္စလာမ်ဘာသာဝင်တချို့ပါဝင်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားကိုလည်း တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် – VOA Link | Archive Link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ NLDအမတ်လောင်းတွေထဲ မွတ်ဆလင်အမတ်လောင်း ၆၃ဦးပါဝင်တယ်ဆိုတဲ့ သတင်းအမှားသာဖြစ်ကြောင်း တွေ့ရပြီး အမှန်ကတော့ မွတ်ဆလင်အမတ်လောင်း ၂ဦးသာပါဝင်တာဖြစ်ပါတယ်။

Title:NLDအမတ်လောင်းတွေထဲ မွတ်ဆလင်အမတ်လောင်း ၆၃ဦးပါဝင်တယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False