
ကိုဗစ်ကာကွယ်ရေးပစ္စည်းနဲ့ တိုက်ပွဲရှောင်ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်နိုင်ရေး အတွက် လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်အား AA အဖွဲ့မှ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။
“ပလက်ဝဒေသသို့ ကိုဗစ်ကာကွယ်ရေးပစ္စည်းများပို့ဆောင်နိုင်ရေးအတွက် လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်စစ်ကြောင်းတစ်ခုအား AA မှ ဝင်တိုက်”ခေါင်းစဉ်နဲ့သတင်းရေးသားဟန်နဲ့ ဖော်ပြထားတဲ့ ပလက်ဝနှင့် ဆမီးမြို့သို့ ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ ရက်ဒိန်ကျေးရွာအနီးမှာ တိုက်ခိုက်ခံရတာဖြစ်တယ် လို့ ဒေသခံတွေကပြောတယ်ဆိုပြီးတော့ ရေးသားထားပြီး ဒီသတင်းကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာ အသီးသီးမျှဝေခဲ့ကြတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ပထမဆုံး တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေ ထုတ်ပြန်လေ့ရှိတဲ့ တပ်မတော်သတင်းအမှန်ပြန်ကြား ရေးစာမျက်နှာ ဒီလိုသတင်းထုတ်ပြန်ချက်မျိုးမတွေ့ရှိရပါဘူး။ အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်တွေမှာလည်း ဒီလိုသတင်းမျိုးမတွေ့ရှိရပါဘူး။
ဒီသတင်းဟာ ဓာတ်ပုံအဟောင်း တစ်ပုံကို အသုံးပြုပြီး ပြန်လည်သတင်းတု ဖန်တီးထားခြင်းဖြစ်တာ တွေ့ရပါတယ်။ ဒီဓာတ်ပုံကို “Thar-Li Zwe”အမည်နဲ့ vk အသုံးပြုသူက ဒီဓာတ်ပုံကို မတ် ၆ ရက်ကတည်းက တင်ထားတာတွေ့ရပြီး COVID-19 နဲ့စပ်ဆက်ခြင်းမရှိတာတွေ့ရပါတယ်။ ဒီအကောင့်အသုံးပြုသူဟာ AA နဲ့ပတ်သက်တဲ့ သတင်းတွေကို မကြာခဏတင်သူဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ COVID-19 ကာကွယ်ရေးပစ္စည်းတွေသယ်လာတဲ့ယာဉ်ကို AA ခိုက်တယ်ဆိုတဲ့သတင်းဟာ သတင်းတုသတင်းမှားဖြစ်တာတွေ့ရပါတယ်။

Title:COVID-19 ကာကွယ်ရေးပစ္စည်းတွေသယ်လာတဲ့ယာဉ်ကို AA ခိုက်တယ်ဆိုတဲ့သတင်းတု
Fact Check By: Nayar MaungResult: False