
နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသား အကြံပေးတွေ ခေါ်ယူခံထားမှုကြောင့် လျို့ဝှက်ချက်တွေကို ပေါက်ကြားနေရတယ်လို့ ရေးသားမျှဝေလျက်ရှိတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ ခေါ်ယူ ထားတဲ့ နိုင်ငံခြားသား အကြံပေး ၉၀ ရှိပြီး နိုင်ငံတော် အဆင့် လျှို့ဝှက်ရမည့် ကိစ္စ ၊ စီးပွားရေး ၊ ပညာရေး ၊ လူမှူရေး ၊ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ဆက်ဆံရေး၊ တပ်မတော်ရဲ့ ထိပ်တန်းလျှိုဝှက်၊ နိုင်ငံရေးအခြေနေ ၊ နိုင်ငံတော် ရဲ့ ရှေ့ဆက်သွား မည့် မူဝါဒ လမ်းစဉ်များအား ပေါက်ကြား လျက်ရှိတယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသား အကြံပေး ၉၀ ခန့်ထားတယ်ဆိုတာ မဟုတ်ကြောင်း Fact Crescendo Myanmar ကတွေ့ရပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။
တူညီစွာရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားပါတယ်။
“ယုန်ထောင် ကြောင်မိတွေတော့ ဖြစ်ကုန်ပြီ
******************************
နိုင်ငံတော်ပိုင် ငွေကြေးတွေကို အဆင့်ဆင့်ခေါင်းပုံဖြတ်
စားလာလိုက်တာ အုပ်ကြီးဆီမှာ အမှုကို အဆုံးသတ်ပါတယ် –
ပြည်သူတွေကို ငွေနဲ့ စည်းရုံးရေးဆင်းပြီး မိမိပါတီမဲရရေး
အတွက် နိုင်ငံပိုင်ငွေကြေးမှ မြို့နယ် ၂၃ မြို့နယ်အား သိန်း
၉ သောင်းကျော် သုံးစွဲပြီး အဆင့်ဆင့် ခေါင်းပုံဖြတ်ကာ
ချမ်းသာသွားတဲ့ လူတွေ မကြာမှီလာမည် –
တိုင်းပြည်အပေါ် သစ္စာရှိခြင်း မရှိခြင်းကို အများပြည်သူ
အနေနဲ့ပဲ ဆုံးဖြတ်ပေးပါလို့ ပြောလိုက်တဲ့ တပ်မတော် မဲ
စီစစ်ရေး ကော်မရှင်ရဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးမှာ ခေါ်ယူ
ထားတဲ့ နိုင်ငံခြားသား အကြံပေး ၉၀ ကျော်ရှိပါတယ် –
မိမိ ပြည်တွင်းရေး ၊ နိုင်ငံတော်အဆင့် လျှို့ဝှက်ရမည့် ကိစ္စ ၊
စီးပွားရေး ၊ ပညာရေး ၊ လူမှူရေး ၊ ပါတ်ဝန်းကျင် နိုင်ငံတွေနဲ့
ဆက်ဆံရေး ၊ မိမိ တပ်မတော်ရဲ့ ထိပ်တန်းလိျှု့ဝှက်များ ၊
လက်ရှိ မိမိနိုင်ငံရေးအခြေနေ ၊ နိုင်ငံတော် ရဲ့ ရှေ့ဆက်သွား
မည့် မူဝါဒ လမ်းစဉ် များအား ပေါက်ကြားစေခြင်းအပေါ် –
မိမိနိုင်ငံသည် သူများ၏သြဇာခံနိုင်ငံဘဝသို့ ရောက်ချင်းမလှ
ရောက်ရှိလာခဲ့ရပြီဖြစ်ပါသောကြောင့် တပ်မတော်ဟာသီးခြား
နေရာတစ်ခုမှာ လျှို့ဝှက်စွာ နေထိုက်လိုက်ပြီး ယနေ့ထိ နိုင်
ငံတော်အပေါ် မျက်ခြေမပျက် စောင့်ကြည့်ရင်း ထိုးနှက်မှု
အမျိုးမျိုးတွေကြားမှာ ရပ်တည်ပေးခဲ့ပြီး ဖြစ်ပါသည် –
ဒါ့ကြောင့် မိမိရဲ့ အိမ်တွင်းရေးကို ကမ္ဘာသိအောင်ဖေါ်ပြနေ
သော nld အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူကပဲ
ဆုံဖြတ်ပေးပါလိမ့်မည်လို့ ပြောကြားလိုက်ပါပြီ ***
NM.
credit”လို့ ရေးသားလျက် “နန္ဒမင်းထင်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
သမ္မတရုံးနဲ့ အတိုင်ပင်ခံရုံးတွေမှာ နိုင်ငံခြားသားအကြံပေးတွေ ခန့်ထားတာမရှိဘူးလို့ သမ္မတရုံးရဲ့ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အောက်တိုဘာ ၁၅ ရက်က ဖြေကြားခဲ့တာတွေ့ရပါတယ်။ သမ္မတရုံးမှာ အကြံပေး ခံထားမှု ၄ ဦးရှိပြီး အားလုံးဟာ လည်း မြန်မာနိုင်ငံသားများဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောကြားခဲ့ တာတွေ့ရပါ တယ်။

ပြည်ပ အကြံပေးများနှင့် ပတ်သက်ပြီး ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့၊ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ဝန်ကြီးဌာန ခြောက်ခု ဖြစ်သော သာသနာ ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့တွင် ပြည်ပမှ ပညာရှင်၊ အကြံပေး၊ နည်းပြ၊ ကျွမ်းကျင်သူ စုစုပေါင်း ၉၀ ဦး ရှိသည်ဟု ဖြေကြားထားကြောင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ စီမံကိန်းတစ်ခုချင်းအလိုက် သက်တမ်းကာလ သတ်မှတ်ချက်ဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းထားသည်ကို တွေ့ရှိနိုင်ကြောင်းလည်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့ပါတယ်။ ဒီလင့်ခ်မှာလည်း ကြည့်ရှူ့နိုင်ပါတယ်။

ဝန်ကြီးဌာနတွေက ဌားရမ်းထားတဲ့ နိုင်ငံခြားသားအကြံပေးတွေနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ် မေ ၃ ရက်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့မှာ တပ်မတော် သား ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းနိုင်က မေးခွန်းတစ်ခု မေးမြန်းမှုခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းရဲ့ မေးခွန်းအပေါ် ဖြေကြားချက်အပြည့်အစုံ ကို ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

အဲဒီအချိန်ကတည်း နိုင်ငံခြားသားအကြံပေးခံအပ်မှုနဲ့ ပတ်သက်ပြီး ဖြေဆိုရာမှာ “သမ္မတရုံးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမပါ”လို့ ဖြေကြားခဲ့တာတွေ့ရ ပါတယ်။ လက်ရှိအင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ နိုင်ငံခြားသား အကြံ့ပေး ၉၀ ကိစ္စဟာ ၂၀၁၉ ခုနှစ် မေ ၃ ရက်က လွှတ် တော်မှာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဖြေကြားခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံရေးအရတိုက်ခိုက်ဖို့ မကြာခဏ ပြန်လည်မျှဝေနေ တာဖြစ်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသား အကြံပေးတွေ ခေါ်ယူထားတယ်ဆိုတဲ့ အထောက်အထားမရှိတာတွေ့ရပါတယ်။ ပြည်ပအကြံပေး ၉၀ ဟာလည်း စီမံကိန်းအလိုက်ကာလအပိုင်းအခြားနဲ့ ငှားရမ်းမှုဖြစ်တာတွေ့ရပြီး လက်ရှိအချိန်အထိ ငှားရမ်းထားတယ်ဆိုတဲ့ အထောက်အထားမျိုးမရှိပါဘူး။

Title:အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသားအကြံပေး ၉၀ ခန့်ထားတယ်ဆိုတဲ့ သတင်းမှားဖြန့်
Fact Check By: Nayar MaungResult: False