၂၀၁၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရှင်းပြတဲ့ မဲပေးပုံ ဗွီဒီယိုကို ၂၀၂၀ ရွေးကောက်ပွဲ အတွက်ရှင်းပြတဲ့ဗွီဒီယိုအဖြစ်မျှဝေနေ

False နိုင်ငံရေး | Politics

၂၀၁၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်မဲပေးဖို့ တိုက်တွန်းချက် ဗွီဒီယိုကို ၂၀၂၀ ရွေးကောက်ပွဲတိုက်တွန်းချက် အဖြစ်ပြန်လည်ဖော်ပြနေတဲ့ ဗွီဒီယိုပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

ခုနစ်မိနစ်ကျော်ကြာမြင့်တဲ့ ဒီဗွီဒီယိုမှာ  ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ နိုင်ငံအပြောင်းအလဲအတွက် အရေးကြီးပြီး မဲပေးခွင့်ရှိသူ မဲပေးဖို့အရေးကြီးကြောင်း၊ မဲစာရင်းပါမပါစစ်ဆေးဖို့၊ ကိုယ်တိုင် မဲရုံကိုသွားမဲပေးဖို့နဲ့၊ မဲစာရွက်မှာ မှန်မှန်ကန်ကန်မဲပေးနည်းတွေကို ပြောကြားထားပြီး မဲပေးဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။ 

 “General Knowledge Channel”နဲ့ “The Knowledge YouTube’s Channel”တွေမှာလည်း ၂၀၂၀ ရွေးကောက်ပွဲတိုက်တွန်းချက်အဖြစ်ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

ဒီဗွီဒီယိုကို “Yu Yu Lwin”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အမေစု ပြောတဲ့ 8 . 11 .2020 နေ့မှာ မဲးပေးမယ် ဘယ်လို ပေးရမလဲ”ဆိုပြီး မျှဝေထားပြီး “Nay Min Eain”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း “အမေစု ရှင်းပြ ပေးတဲ့ (8 /11/2020) နေ့ ​ရွေးကောက်ပွဲ အကြောင်း အမေစုပါတီ NLD ကို မဲပေးမယ် ဘယ်လိုမဲပေး ရမလဲ …သေချာကြည့်ထားနော်…”ဆိုပြီး မျှဝေထားပါတယ်

အချက်အလက်စိစစ်ချက်

“ရွေးကောက်ပွဲမှာ ဘယ်လို မဲပေးရမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြထားပါတယ်။ Daw Aung San Suu Kyi explained how to vote for the NLD in the upcoming elections”ဆိုတဲ့ခေါင်းစဉ်နဲ့ “Aung San Suu Kyi”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်၂၀၁၅ အောက်တိုဘာ ၁ ရက်က ဒီဗွီဒီယိုကို တင်ခဲ့တာတွေ့ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးအတွက် ဒေါ်အောင်ဆန်းစုကြည်သုံးခဲ့တဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ က ဗွီဒီယိုကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.facebook.com/aungsansuukyi/videos/10153678823343421/

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ခုနစ်မိနစ်ကျော်ကြာမြင့်တဲ့ ဒီဗွီဒီယိုမှာ  ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ဘယ်လိုမဲပေးကြမလဲဆိုတဲ့ တိုက်တွန်းချက်ဗွီဒီယိုဟာ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ မတိုင်ခင်က တိုက်တွန်းချက်ဗွီဒီယိုကို ၂၀၂၀ ရွေးကောက်ပွဲအတွက် တိုက်တွန်းချက်အဖြစ် ပြန်လည်မျှဝေနေခြင်း ဖြစ်ပါတယ်။

Avatar

Title:၂၀၁၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရှင်းပြတဲ့ မဲပေးပုံ ဗွီဒီယိုကို ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးပုံအဖြစ်ပြန်လည်ဖော်ပြနေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *