အသက် ၁၀ စက္ကန့်အောင့်ထားနိုင်ရုံနဲ့ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိမသိရှိနိုင်ပါ

Coronavirus False ဆေးဘက်ဆိုင်ရာ၊ | Medical လူမှုရေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီး ဒီဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၁၇၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာလည်း ဧပြီ ၁၅ ရက် မနက် ၁၀ နာရီခွဲအချိန်အထိ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာ ၇၄ ဉီးရှိလာပြီး လူနာ ၄ ဉီးသေဆုံးခဲ့ပြီဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ လူမှုကွန်ယက်မှာ ကိုယ်တိုင်ကုသနိုင်တဲ့နည်းလမ်း၊ ကိုယ်တိုင်စမ်းသပ်နိုင်တဲ့ နည်းလမ်း တွေအဖြစ် လူမှုကွန်ယက်မှာ ပြန်လည်မျှဝေကြတာတွေရေပန်းစားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိစမ်းသပ်နိုင်တဲ့ နည်းလမ်းအဖြစ် အသက်ရှူလေ့ကျင့်ခန်းနဲ့ စမ်းကြည့်နိုင်တယ်ဆိုတဲ့  ဗွီဒီယိုတစ်ခုမျှဝေကို မျှဝေလာတာအောက် ပါ တိုင်းတွေ့ရှိပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ကြည့်ကြရအောင်ပါ။

အချက်အလက်စိစစ်ချက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတွေကြားမှာ ရေပန်းစားနေတဲ့ ကောလဟာလတွေကို ပြန်လည်ရှင်းလင်းထားတာ တွေ့ရပါတယ်။ 

အသက် ၁၀ စက္ကန့် သို့မဟုတ် ၁၀ စက္ကန့်ထက်ပိုပြီးတော့ အောင့်ထားနိုင်ပြီး အချောင်းမဆိုးရုံ သို့မဟုတ် မမောပန်းရုံနဲ့ သင်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ခံရမှုမရှိဘူးလို့ မပြောနိုင်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရှင်းလင်းထားပါတယ်။

COVID-19 ဖြစ်ရင် တွေ့ရတတ်တဲ့လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ မောပန်းတာနဲ့ အဖျားရှိတာပါ။ တစ်ချို့လူတွေမှာ နမိုးနီးယားအဆုတ်ရောင်ရောဂါလို ပြင်းထန်တဲ့ လက္ခဏာတွေပြတတ်ပါတယ်။ COVID-19 ရောဂါရှိမရှိအကောင်းဆုံးစမ်းသပ်နိုင်တဲ့ နည်းလမ်းကတော့ ဓာတ်ခွဲစမ်းသပ်တာဖြစ်ပါတယ်။ အသက်ရှုလေ့ကျင့်ခန်းလုပ်ရုံနဲ့ ကူးစက်ခံရမှုရှိမရှိ မသိရှိနိုင်တဲ့အပြင် အန္တရာယ်ရှိနိုင်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရေး သားထားပါတယ်။

WHO

ဒီကိစ္စနဲ့ ပတ်သက်ပြီး Google မှာ အဓိကကျတဲ့စကားလုံးတွေဖြစ်တဲ့ “holding breath for 10 second coronavirus”လို့ရိုက်ရှာကြည့်မယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရပါတယ်။ 

ဒီလို အသက် ၁၀ စက္ကန့်အောင့်ထားလို့ အချောင်းမဆိုးဘူး၊ မမောပန်းဘူးဆိုရင် ကိုရိုနာဗိုင်းရပ်စ်မရှိဘူးဆိုတဲ့ စမ်းသပ်ချက်ဟာ မမှန်ဘူးဆိုတာကို နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေကလည်း အသိပေးပြော ကြားထားပါတယ်။

CNNArchive link

အမေရိကန်နိုင်ငံ မေရီလင်းတက္ကသိုလ် အရည်အသွေးမြှင့်တင်ရေး အကြီးအကဲ အရာရှိနှင့် ကူးစက်ရောဂါများ ကာကွယ်ရေးဌာနအကြီးအကဲ Faheem Younus ဟာ အသက် ၁၀ စက္ကန့်အောင့်ထားနိုင်ရုံနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိသိနိုင်တယ်ဆိုတဲ့ သတင်းအချက်အလက်ကမှန်ကန်မှုမရှိကြောင်းတွစ်တာမှာ ရေးသား ထားပါတယ်။

Link

အသက် ၁၀ စက္ကန့်အောင့်ထားလို့ အချောင်းမဆိုးဘူး၊ မမောပန်းဘူးဆိုရင် ကိုရိုနာဗိုင်းရပ်စ်မရှိဘူးဆိုတဲ့ စမ်းသပ်ချက်ဟာ မမှန်ဘူးဆိုတဲ့အချက်ကို Indiatoday သတင်းဌာနနဲ့ Fact Crescendo အချက်အလက် စိစစ်ရေးဌာနတို့က အချက်အလက်စိစစ်ထားတဲ့ သတင်းတွေကို အောက်ပါလင့်ခ်မှာ တွေမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

IndiatodayFact Crescendo

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်တွေအရ အသက်ရှုလေ့ကျင်ခန်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိစမ်းသပ် သိရှိနိုင်တယ်ဆိုတဲ့အထောက်အထားတစ်စုံတစ်ရာမတွေ့ရှိရတဲ့အတွက်  ဒီသတင်းဟာ သတင်းမှားဖြစ်ပါတယ်။

Avatar

Title:အသက် ၁၀ စက္ကန့်အောင့်ထားနိုင်ရုံနဲ့ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိမသိရှိနိုင်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *