Fact Check: ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာဆိုတာ တကယ်လား

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာဆိုပြီး ရေးသားထားတဲ့ မိမိသေလွန်ပါက ခန္ဓာကိုလှူဒါန်းဖို့ အိမ်ကို ပြတိုက်အဖြစ်ထားဖို့ ပိုင်ဆိုင်သမျှကိုလည်း လှူဒါန်းဖို့စသဖြင့်ရေးသားထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။

ဒီပို့စ်မှာ “ဖတ်ပြီးမျက်ရည်တောင်ကျတယ်..ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြ……..(အလွန်လေးစားဂုဏ်ယူမိပါတယ် အမေရယ်..ကြီးမြတ်လွန်းတဲ့ စိတ်ဓါတ်ပါဘဲ) ချစ်မေမေဒေါ်စု ရဲ့သေတမ်းစာလေးကိုအားကြမိပါတယ်ခင်ဗျာ”လို့ အညွှန်းတပ်ထားပြီး “*ဘဝ ဟူသည် တိုတောင်း လှပေစွ. ကန်ရေပြင်၌ တက်သောရေပွက်မျှသာ ဖြစ်တယ်။* *ကွေးသောလက်များ ဆန့်မသွားမီ မတည်သော အသက်ခန္ဓာဟူသည် ဇာတိ ဇရာ မရဏ သောက ပရိဒေဝ အနိစ္စ အမြဲမှန်ကန်သောအရာ မမြဲခြင်းသာဖြစ်တယ်။”လို့ စသဖြင့်ရေးသားထားတဲ့ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာဆိုပြီး ခေါင်းစဉ်တပ်ထားတာကိုတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb Link  |  Archive Link

အချက်အလက်စိစစ်ချက်

ဒီပို့စ်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြတာ တစုံတရာမတွေ့ရပါဘူး။ဒါ့ကြောင့် ဒါနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီရဲ့ ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင်နဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းကို Fact Crescendo Myanmarက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ “တော်တော််လေးတော့ကြာပြီဗျ ကျွန်တော်တစ်ခေါက် တွေ့လိုက်သေးတယ်၊ အဲ့ဒါမဟုတ်ပါဘူးဗျာ။ ဒါမျိုးရေးတယ်ဆိုတာလည်း မရှိပါဘူး။”လို့ ပြန်လည်ဖြေကြား ခဲ့ပါတယ်။

ထပ်မံပြီး ဒေါ်အောင်ဆန်းကြည်နဲ့ စာပေနဲ့နိုင်ငံရေးအရပါ ပုဂ္ဂိုလ်ရေးအရပါနီးစက်ပြီး NLDရဲ့ ဗဟိုသတင်းပြန်ကြားရေးအဖွဲ့အတွင်းရေးမှူးလည်းဖြစ်သူ စာရေးဆရာမုံရွာအောင်ရှင်ကို Fact Crescendo Myanmarကို “ကျွန်တော်တစ်ခေါက်တွေ့သေးတယ်ဗျ၊ ကဗျာလိုလို ဘာလိုလိုနဲ့လေ ရေးထားတာ၊ ဒါမဟုတ်ဘူးဗျာ ကျွန်တော်ကောင်းကောင်းသိတာပေါ့ဗျာ၊ ဒါက မမှန်ဘူးဆိုတာ ကျွန်တော်ပြောရဲပါတယ်။ ဒီလိုရေးထားတာလည်း မရှိဘူးဆိုတာ ပြောရဲပါတယ်ဗျာ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

သုံးသပ်ချက်

အထက်ပါပြောကြားချက်တွေအရ ဒေါ်အောင်ဆန်းစုကြည်ရေးသားထားတဲ့ သေတမ်းစာဆိုတဲ့အချက်အလက်ဟာ အထောက်အထားမရှိတာတွေ့ရပါတယ်။

Avatar

Title:ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာဆိုတာ တကယ်လား

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *