
ဇွန် ၁၉ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါ တယ်။
ဒီလိုအချိန်မှာ “လူစုလူဝေးမလုပ်ရဆိုတဲ့ အမိန့်ကို ဆန့်ကျင်နေတဲ့ nld ပါတီဝင်များနှင့် အားပေးထောက်ခံသူများ မြန်မာနိုင်ငံတွေ ပြဌာန်းထားသော အသက်ဝင်ဆဲ ဥပဒေများသည် nld ပါတီဝင်များနှင့် အားပေးထောက်ခံသူများ အတွက် အကျုံးမဝင်ပေ။ပုံတွေကတော့ တည်ဆဲဥပဒေများကို ချိုးဖောက်၍ လူစုလူဝေးကျင်းပနေတဲ့ ပုံများဖြစ်ပါတယ်။နိုင်ငံတော်သမ္မတ နိုင်ငံတော်၏အတိုင်ဖင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့ဝင်လူကြီးမင်းများကိုယ်တိုင် တည်ဆဲဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြပါတယ်”ဆိုပြီးတော့ “မိုက်ကယ်”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။

အချက်အလက်စိစစ်ချက်
ဒီပို့စ်တွေမှာပါတဲ့ အထပ်မြင့်အအောက်အဉီတွေနဲ့ လမ်းမဘေးမှာ ကားတွေ ရေမြှုပ်နေတဲ့ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်း တွေ့ရပါတယ်။

ဒီငြိမ်းချမ်းရေး ဂျိုးဖြူတွေလွှတ်နေတဲ့ပုံဟာ ၂၀၁၈ ခုနှစ်ကကျင်းပခဲ့တဲ့ ၇၃ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲက ပုံဖြစ်တာတွေ့ရပါတယ်။ လွှတ်တော်ထဲက အိုင် ၁၂ အဆောင်မှာ ကျင်းပခဲ့တဲ့ ဒီမွေးနေ့ပွဲကို သမ္မတဟောင်းဦးထင်ကျော် တက်ရောက်လာသလို သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ လွှတ်တော် ဥက္ကဋ္ဌ ၂ ဦးနဲ့ NLD ပါတီက လွှတ်တော် ကိုယ်စားလှယ်အချို့အပြင် သူရဦးရွှေမန်းနဲ့ ဒေါက်တာ တင်မျိုးဝင်းတို့ တက်ရောက်ခဲ့တဲ့အကြောင်း ဘီဘီစီက အဲဒီအချိန်က သတင်းအဖြစ်ဖော်ပြခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာဝင်ရောက်လေ့လာနိုင်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၅ နှစ်ပြည့်မြောက်မွေးနေ့ပွဲ အထိမ်းအမှတ် ဓာတ်ပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာတင်ထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ နိုင်ငံတော်သမ္မတ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အစိုးရအဖွဲ့ဝင် လူကြီးမင်းများကိုယ်တိုင် တည်ဆဲဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြပါတယ်ဆိုတဲ့ သတင်းဟာ သတင်းတုသတင်းမှားဖြစ်တာတွေ့ရပါတယ်။

Title:လူစုလူဝေးမလုပ်ရဆိုတဲ့ အမိန့်ကို ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်နေတယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False