ဒေါ်အောင်ဆန်းစုကြည်အတွက် နေပြည်တော်မှာ မြေ ၄ ဒသမ ၄ ဧကချထားပေးတယ်ဆို တဲ့သတင်းမှား

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေအတွက် မြေကွက်တွေ ချထားပေးတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

ပျံ့နှံ့ခဲ့တဲ့ ဒီပို့စ်မှာ ဒုတိယသမ္မတ ဉီးမြင့်ဆွေကလွဲလို့ နိုင်ငံတော်သမ္မတအပါအဝင် ဒုတိယသမ္မတ၊ဝန်ကြီးတွေနဲ့ နေပြည်တော်ကောင်စီလူကြီးတွေစုစုပေါင်း ၁၆ ဉီးရေမြေကွက်အမှတ်နံပါတ်တွေနဲ့ အကျယ်အဝန်း​ေတွကို ဖော်ပြထားတာတွေ့ရပြီး “April May”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက ဖေ့စ်ဘွတ်အုပ်စုအတော်များများမှာ မျှဝေထားတာတွေ့ရပါတယ်။

အလားတူစွာ “Aung Shein”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း ဒီလိုမြေကွက်အမှတ်တွေနဲ့ အစိုးအဖွဲ့ဝင်လူကြီး တွေအမည်စာရင်းကို မျှဝေထားတာတွေ့ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ဇွန် ၁၂ ရက်က ပြန်ကြားရေးဝန်ကြီးဌာနမှာ နေပြည်တော်ကောင်စီတာဝန်ရှိသူတွေ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ တာတွေ့ရပါတယ်။ 

နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ မြေကွက် ချထားပေးခြင်းမရှိဘူးလို့ နေပြည်တော်ကောင်စီ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောဆိုခဲ့တာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.facebook.com/MizzimaDaily/videos/260687505242354/

ဒီလိုပဲ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ပြည် ထောင်စုအဆင့် ပုဂ္ဂိုလ်များအ တွက် မြေနေရာဖော် ထုတ်နေသည်ဟု သတင်းထွက်ပေါ်နေ သည့် မက်(စ်)မြန်မာဟိုတယ် နောက်ကျောတွင် မြေနေရာဖော် ဆောင်မှုသည် အဆင့်မြင့်အိမ်ရာ စီမံကိန်းဖြစ်ပြီး လက်ရှိအချိန်ထိ မည်သူကိုမျှ နေရာချပေးခြင်း၊ ရောင်းချခြင်း မရှိသေးကြောင်း နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက ပြောကြားခဲ့ဆိုပြီး 7day သတင်းဌာနက ရေးသားထားတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

7day

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် မြေ ၄ ဒသမ ၄ ဧကချ ထားပေးပြီး ဝန်ကြီးတွေအတွက် မြေနေရာချထားပေးတယ်ဆိုတဲ့ သတင်းကို သတင်းတုသတင်းမှားအဖြစ် သတ်မှတ်ပါတယ်။

Avatar

Title:ဒေါ်အောင်ဆန်းစုကြည် အတွက်နေပြည်တော်မှာ မြေ ၄ ဒသမ ၄ ဧကချထားပေးတယ်ဆိုတဲ့သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *