ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များရဲ့ သတင်းပေါက်ကြားမှုဆိုတဲ့ chat box အတု

False နိုင်ငံရေး | Politics

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ထင်ယောင်ထင်မှားဖြစ်စေပြီး နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတု သတင်းမှား တွေဖန်တီးပြီး အပြန်အလှန်တိုက်ခိုက်မှု ပိုမိုများပြားလားနေပါတယ်။

သမ္မတနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်တို့ ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ ပြောဆိုမှုပေါက်ကြားဆိုတဲ့ သတင်းတု သတင်းမှားတွေ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့ပြီးနောက်မှာ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များရဲ့ သတင်း ပေါက်ကြားမှုဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

‎”ကျော် သီဟနိုင်‎” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မင်းကင်းမြို့နယ်ဟစ်တိုင်”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စု၊ “Kyaw Swar”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “အမေ့သားသမီးများသီးသန့်”ဖေ့စ်ဘွတ်အုပ်စုမှာ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များရဲ့ သတင်းပေါက်ကြားမူကို အရှက်ရစဖြစ်ခဲ့ဟု နန္နလှမြင့်ဝန်ခံဆိုပြီးတော့ အောက်ပါ အတိုင်းမျှဝေထားပါတယ်။

Fb linkFb link
Archive linkArchive link

အချက်အလက်စိစစ်ချက်

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်ကို Fact Crescendo Myanmar က တယ်လီဖုန်းနဲ့ ဆက်သွယ်အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်း ပြောကြား ပါတယ်။

“ကျွန်တော်ပြောစရာကို မလိုတာ ကျွန်တော်တို့ တိုင်းပြည်ကောင်းဖို့အတွက် လုပ်နေတာ။ အဲလိုလုပ်ကြံမှာပဲလို့ ဇာနည်ထိုက်က သူ့အကောင့်မှာ ပေါ်တင်တင်ထားတာလေ။ ဒါကြီးက အသိသာကြီး ဟုတ်တယ်မဟုတ်လား။ ဇာနည်ထိုက် ပရိတ်သတ်တွေဆိုသိတယ်။ မင်းတို့ ဒီလိုလုပ်တယ်။ ဘာလဲ ဒေါက်တာဇော်မြင့်မောင်နဲ့ သမ္မတကြီး နဲ့ပြောတာလား။ အဲဒါအွန်လိုင်းပေါ်မှာ ပြန့်ခဲ့တယ်။ ဘယ်သူလုပ်မှန်းလဲမသိဘူး။ ကျွန်တော်တို့လည်း စိတ်မဝင် စားဘူး။ သေချာတာတစ်ခုကတော့ ကြံ့ခိုင်ရေးက လုပ်တာမဟုတ်ဘူး။ ဘယ်သူလုပ်မှန်းမသိဘူး။ အဲဒါလုပ်တာကို မင်းတို့အဲလိုလုပ်ရင် မင်းတို့ကိုလည်း လုပ်လို့ရပါတယ်ဆိုပြီးတော့မှ ဇာနည်ထိုက်က အဲဒီ ကျွန်တော်ပုံနဲ့ ဉက္ကဌ ကြီးပုံနဲ့ အကောင့်တွေနဲ့ ဉီးအောင်မြင့်ဟာနဲ့ လုပ်လိုက်သေးတယ်။ နောက်ထပ်ပြီးတော့ တစ်ခါ ဒီဟာကိုလည်း သူထပ်လုပ်တယ်။ သူကိုယ်တိုင်လည်း လုပ်တာပဲလို့ပြောတယ်။ အဲဒါကိုလည်း ကျွန်တော်တို့ ပြည်သူတွေက ယုံကြတယ်ပေါ့နော်။ ကျွန်တော်ကတော့ ဖြေရှင်းစရာလည်းအကြောင်းမရှိဘူး။ ဖြေရှင်းစရာလည်း ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရေးလုပ်တယ်ဆိုတာ တိုင်းပြည်ကောင်းဖို့ သူများကို ဒုက္ခပေးဖို့ မဟုတ်ဘူး။ အဲဒီအတွက်လည်း ကျွန်တော်တို့က သူများကိုလည်း အောက်တန်းကျတဲ့ နိုင်ငံရေး တိုက်ကွက်မလုပ်ဘူး၊ ညစ်ပတ် တဲ့ နိုင်ငံရေးလုပ်ကွက်တွေလည်းမလုပ်ဘူး။ ကျွန်တော်တို့ကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် ငါဘာလုပ်ရမလဲ စဉ်းစားတယ်။ ငါတို့ပါတီဘာလုပ်ရမလဲ စဉ်းစားတယ်။ ပြည်သူသိနေ အောင်တတ် နိုင်သလောက်ချပြတယ်။ ပြီးရင် ပြည်သူ့ရဲ့ အဆုံးအဖြတ်ကို ခံယူမယ်။ ရွေးကောက်ပွဲဝင်မယ်။ ဒါပဲ။ တာဝန်ပေးရင် တိုင်းပြည်အတွက် အကောင်းဆုံးတည်ဆောက်မယ်။ အဲဒီခုနက ဟာတွေပေါ်မှာတော့ လိုက်လည်း ဖြေရှင်းမှာမဟုတ်ဘူး”လို့ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

သုံးသပ်ချက်

အထက်မှာပါ အချက်အလက်တွေအရ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များရဲ့ သတင်းပေါက်ကြားမူ နန္ဒာလှမြင့်ဝန်ခံဆိုတဲ့အချက်အလက်ကို အချက်အလက်မှားအဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များရဲ့ သတင်းပေါက်ကြားမှုဆိုတဲ့ chat box အတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *