ပုသိမ်ငဝန်မြစ်ကူးတံတားကိုဆေးအနီရောင်မှု ရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံ တိုင်ကြားမယ်ဆိုတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

ပုသိမ်ငဝန်မြစ်ကူးတံတားကိုဆေးအနီရောင်ခြယ်သည့်ကိစ္စအပါအဝင်ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ NLD က်ပွဲကော်မရှင်ထံ ထပ်မံတိုင်ကြားမယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

NLD အစိုးရဟာ ဧရာဝတီမြစ်ကူးတံတားမှန်သမျှကို သူတို့ NLD ကိုယ်စားပြုအနီရောင်ကို အသုံးပြုပြီး ပြည်သူတွေစိတ်ထဲအနီရောင်စွဲလာအောင်နိုင်ငံရေးလုပ်ကြံမှု့အကြီးစားတစ်ခုကိုကျူးလွန်နေတယ်လို့ နေပြည်တော်ပြည်ခိုင်ဖြိုးရုံးချုပ်တွင်မီဒီယာများအားပြောကြားလိုက်ကြောင်းသိရပါတယ်ဆိုပြီးတော့ “ရဲ ဇော်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားမျှဝေထားတာတွေ့ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ပထမဆုံး “နေပြည်တော် ပြည်ခိုင်ဖြိုး ရုံးချုပ်တွင်မီဒီယာများအားပြောကြားလိုက်ကြောင်း သိရသည်” ဆိုပြီး တော့ရေးသားချက်အရ မီဒီယာတစ်ခုခုက ဒီလိုခေါင်းစဉ်မျိုးတပ်ရေးသားခဲ့သလားရှာ ဖွေကြည့်ရာမှာ သတင်း တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ Google မှာ အဓိကကျတဲ့ စကားလုံးတွေဖြစ်တဲ့ “ပုသိမ်ငဝန်မြစ်ကူးတံတား ဆေးအနီရောင်ခြယ်သည့်ကိစ္စ”၊ “ဆေးအနီရောင်ခြယ်သည့်ကိစ္စ”စသည်ဖြင့် အသုံးပြုပြီးရှာဖွေရာမှာ တရားဝင်ရပ်တည်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။

ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်အသုံးပြုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီလိုရေးသား ချက်နဲ့ ပတ်သက်ပြီး သတင်းတုဖြစ်တယ်လို့ ပြန်လည်တုန့်ပြန်ထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.facebook.com/konandar.9/posts/1518274471698535

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ပုသိမ်ငဝန်မြစ်ကူးတံတားကိုဆေးအနီရောင်ခြယ်သည့်ကိစ္စအပါအဝင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ NLD က်ပွဲကော်မရှင်ထံ ထပ်မံတိုင်ကြားမယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောတယ်ဆိုတဲ့အချက်အလက်ကို သတင်းတုသတင်းမှားအဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:ပုသိမ်ငဝန်မြစ်ကူးတံတားကိုဆေးအနီရောင်မှု NLD ကိုပွဲကော်မရှင်ထံ ထပ်မံတိုင်ကြား မယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *