Facebook သုံးတဲ့သူတွေဟာ ပိုက်ဆံပေးရတော့မယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံလျက်ရှိတာတွေ့ရပါတယ်။

“အရင်က Facebook အကောင့်တခု ဖွင့်ဖို့ ဆိုတာ အင်မတန်မှ လွယ်လှပါတယ်။သင့်မှာ email တခုသို့မဟုတ် ဖုန်းနံပါတ်တခု ရှိတာနဲ့ fb Acc ရပါပြီ။ခုတော့ဖြင့် မတ်က လွယ်လွယ်နဲ့ အကောင့်တခု မပေးတော့ပါဘူး။ နိုင်ငံငွေကြေးအရ လေးဒေါ်လာဝန်းကျင်ကောက်ခံပါတယ်။ အဲ့သလို မြန်မာငွေ ငါးထောင်ကျော်သွင်းလိုက်မှ acc ရပါတော့မယ်"ဆိုပြီးတော့ “Linn Khant Paing”အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက မေ ၂၄ ရက်ကမျှဝေထား တာတွေ့ရပါတယ်။ ထပ်ပြီးတော့ post တခု စာသားသက်သက်ဆို မြန်မာငွေ ၁၀၀၀ ကျပ် ဝန်းကျင် ကျသင့်မှာဖြစ်ပြီး ပုံတင်ရင်တော့ ၂၀၀၀ ကျပ်ကျသင့်မှာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

ပို့စ်အောက်က မှတ်ချက်တွေကို ကြည့်ရင် ဒီလိုမျှဝေထားတဲ့သတင်းကို မယုံကြည်သူ အများအပြား လည်းရှိပါတယ်။

Fb linkArchive link

ဒီသတင်းကို nayarthit.com အမည်နဲ့ဝက်ဘ်ဆိုဒ်ကလည်း ဖော်ပြထားတာတွေ့ရပြီး လူမှုကွန်ယက် သုံးစွဲအသီး သီးက ဖေ့စ်ဘွတ်အုပ်စုအချို့မှာ ပြန်လည်မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဖေ့ဘွတ်ခ်ရဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ပေးနေတဲ့ ဖေ့စ်ဘွတ်သတင်းခန်းမမှာ ဒီသတင်းကို ဖော်ပြထားတာမတွေ့ရှိရပါဘူး။ ဖေ့စ်ဘွတ်ဟာ သုံးစွဲသူတွေနဲ့ ပတ်သက်တဲ့သတင်း၊ မူဝါဒအပြောင်းအလဲအပါအဝင် ထုတ်ကုန်အသစ်တွေကို ဒီနေရာကနေ ထုတ်ပြန်ပေးနေတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

ဖေ့စ်ဘွတ်ရဲ့ အကူအညီစင်တာကို သွားပြီးတော့ အကောင့်တစ်ခုကိုမည်သို့ဖန်တီးရန်ဆိုတဲ့ နေရာမှာ ဝင်ကြည့်မယ်ဆိုရင်လည်း အကောင့်ဖွင့်ရန် ငွေကြေးကုန်ကျမည်ဖြစ်ကြောင်း ပြောကြားထားချက်မရှိ တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

ဖေ့စ်ဘွတ် အကူအညီစင်တာမှာပဲ “ကျွန်ုပ်တို့၏ မူဝါဒများအကြောင်း”ကိုလေ့လာမည်ဆိုရင်လည်း အောက်ပါအတိုင်းဖော်ပြထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

ဖေ့စ်ဘွတ်အကောင့်အသစ်တစ်ခုဖွင့်ဖို့ အောက်ပါလင့်ခ်ကိုနှိပ်ပြီး ဖုန်းနံပါတ် သို့မဟုတ် အီးမေးလ်ရိုက်ထည့်ကာ အကောင့်ဖွင့်နိုင်ပါတယ်။

Link

ဖေ့စ်ဘွတ်ရဲ့ ဝင်ငွေကိုကြည့်မယ်ဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝင်ငွေအနည်းငယ်လျော့ကျခဲ့ရ တာက လွဲလို့ ၂၀၂၀ ပထမ ၃ လပတ်ဝင်ငွေဟာ ၂၀၁၉ ခုနှစ် တတိယသုံးလပတ်ဝင်ငွေနဲ့အတူတူဖြစ်နေတာတွေ့ရ မှာဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်တွေအရ ဖေ့စ်ဘွတ်အကောင့်ဖွင့်ဖို့အတွက် အရင်လို လွယ်လွယ်မပေးတော့ ဘဲအကောင့် တစ်ခုဖွင့်ဖို့အတွက် လေးဒေါ်လာ ဝန်းကျင်ကောက်ခံတယ်ဆိုတဲ့ သတင်းဟာ သတင်းမှားသာ ဖြစ်ပါတယ်။

Avatar

Title:Facebook သုံးတဲ့သူတွေ ပိုက်ဆံပေးရတော့မယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung

Result: False