ဒဂုံစင်တာ၂ ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ်ကူစက်ခံရလို့ယူဆရသူသတိလစ်နေဆိုတဲ့ သတင်းမှား

False ကူးစက်ရောဂါ ကျန်းမာရေး၊ | Health လူမှုရေး

ဒဂုံစင်တာ၂ ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ်ကူစက်ခံရလို့ယူဆရသူသတိလစ်နေဆိုတဲ့ E.T.S Every Time Story  ရဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။

FB linkArchieve link

အခြားသော လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

၁။ ဒဂုံစင်တာ ၂ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ် လက္ခာနဲ့ လူတစ်ဥ◌ီး သတိလစ်နေဆိုပြီး နှာခေါင်းပိုက်တပ်ထားတဲ့ လူတစ်ယောက်နဲ့ လူနာတင်ယာဥ◌်ကို ပြထားပေမဲ့ တကယ်တမ်း လင့်ခ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ စစ်ကိုင်းမှာ သံသယရှိလူနာတွေ့ရှိဆိုတဲ့ သတင်းဖြစ်နေပါတယ်။

၂။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၄ ရက်နေ့အထိ Covid-19 နဲ့ပတ်သက်တဲ့သတင်းထုတ်ပြန်ချက်မှာ ဒီဖြစ်စဥ်ကို မတွေ့ရှိရပါဘူး။

၃။ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၄ ရက်နေ့အထိထုတ်ပြန်တဲ့ နိုင်ငံအလိုက်ကူးစက်ခံရမှုစာရင်းတွေအရလည်း မြန်မာနိုင်ငံမှာ Covide-19 ဖြစ်ပွားမှုစာရင်းမရှိသေးပါဘူး။

၃။ ဒဂုံစင်တာကတော့ ပြန်လည်ရှင်းလင်းချက်ထုတ်ရာမှာ လူနာဟာ ရိုးရိုးအကြောတက်ရောဂါရှိသူတစ်ဥ◌ီးဖြစ်ပြီး ကိုပူဖျားနာခြင်းနှင့် ဝူဟန်ဗိုင်းရပ်စ်လက္ခဏာတစ်စုံတစ်ရာမရှိပဲ ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးမှ ပြန်လည်ဆင်းခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

၃။ E.T.S Every Time Story သတင်းစာမျက်နှာဟာ သတင်းမှားတွေ တင်နေတဲ့ စာမျက်နှာလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားပါတယ်။

 သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်မှုတွေအရ ဒဂုံစင်တာ၂ ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ်ကူစက်ခံရလို့ယူဆရသူ သတိလစ်လဲနေဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်ပါတယ်။ သတင်းခေါင်းစဥ◌်နဲ့ လင့်ခ်ကိုထောက်ပြီး ဝက်ဆိုဒ်ပေါ်ရောက်သွားချိန်မှာ ဖော်ပြထားတဲ့သတင်းကလည်း ကွဲလွဲနေတဲ့အတွက် လှည့်စားထားတဲ့ သတင်းမှားသာဖြစ်ပါတယ်။

Avatar

Title:ဒဂုံစင်တာ၂ ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ်ကူစက်ခံရလို့ယူဆရသူသတိလစ်နေဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *