မြန်မာအစိုးရ ဖုံးကွယ်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသမျာစာရင်း ပေါက်ကြားဆိုတဲ့ သတင်းမှား

ကူးစက်ရောဂါ ကျန်းမာရေး၊ | Health လူမှုရေး

မြန်မာအစိုးရဖုန်းကွယ်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသများစာရင်း ပေါက်ကြားဆိုတဲ့ သတင်းကို လူမှုကွန်ယက်သုံးစွဲသူတွေက ပြန်လည်မျှဝေကြပါတယ်။  လူမှုကွန်ယက်သုံးစွဲသူတစ်ဥ◌ီးကလည်း သတင်းကို မက်ဆေ့ဂျာက တစ်ဆင့်ပေးပို့လာပါတယ်။

လင့်ခ်ကို ထောက်ကြည့်လိုက်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

၁။ ခေါင်းစဥ◌်မှာ မြန်မာအစိုးရဖုန်းကွယ်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသများစာရင်း ပေါက်ကြား လို့ပေးထားပေမဲ့  ဗွီဒီယိုထဲမှာ ဒီအကြောင်းအရာမပါဝင်ဘဲ တရုတ်နိုင်ငံက အကြောင်းအရာတွေသာဖြစ်နေပါတယ်။

၂။Google မှာ “မြန်မာ အစိုးရ ဖုံးကွယ်ထားတဲ့”ဆိုတဲ့စကားလုံးကို ရိုက်ရှာကြည့်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

၃။ ပထမဆုံးလင့်ကိုထောက်ကြည့်ရင် ဇန်နဝါရီ ၂၆ ရက်မှာ Myanmar News အမည်နဲ့ ယူကျူ့မှာတင်ထားတဲ့ ဗွီဒီယိုကို  တွေ့ရပါတယ်။ မူရင်းခေါင်းစဥ◌်က “ဝူဟန်မှာ အစိုးရဖုံးကွယ်ထားတဲ့ သေဆုံးသူ ပမာဏ ဘယ်လောက်ရှိကြောင်း ပြောပြနေတဲ့ သူနာပြု ဗီဒီယိုဖိုင်”ဖြစ်ပါတယ်။

၄။ Myanmarnewsteam ဆိုတဲ့ ဝက်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဗွီဒီယို နဲ့ Myanmar News  မှာဖော်ပြထားတဲ့ ဗွီဒီယိုဟာ အတူတူပဲဖြစ်ပါတယ်။ 

၅။ အားကစားနဲ့ ကျန်းမားေရးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်သံသယရှိလူနာတွေ့ရှိမှုနဲ့ ပတ်သက်ပြီး အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ထားပါတယ်။ အခုချိန်အထိ အတိပြုလူနာမရှိသေးပါဘူး။

၆။မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာမရှိေသးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။ ကူးစက်ခံရမှုအတည်ပြူထားတဲ့နေရာတွေကို မြေပုံနဲ့လည်းဖော်ပြထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ Myanmarnewsteam ဝက်ဆိုဒ်မှာတင်ထားတဲ့ ဗွီဒီယိုဟာ လှည့်စားထားတဲ့ သတင်းအမှားသာဖြစ်ပါတယ်။

Avatar

Title:မြန်မာအစိုးရ ဖုံးကွယ်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသမျာစာရင်း ပေါက်ကြားဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *