ဝန်ကြီး pso ကပြောတယ် Covid-19 အတည်ပြုလူနာတွေ့ရှိတယ်ဆိုတဲ့ သတင်းအမှား

Coronavirus ကူးစက်ရောဂါ ကျန်းမာရေး၊ | Health လူမှုရေး

“ဝန်ကြီး PSO ကပြောတယ်Case one Confirm တဲ့ ဆေးရုံကြီးမှာတွေ့တယ်တဲ့ Case one တစ်ခု မယုံလို့ဆိုရင် ခင်သိင်္ဂီမြင့်ကိုမေးကြည့်ပါ Positive တဲ့ Case one confirm ဖြစ်နေပြီတဲ့မကြာခင်ကြေညာမယ်တဲ့”ဆိုတဲ့ အသံဖိုင်တစ်ခု messenger မှာပျံ့နှံ့နေတာတွေ့ရပါတယ်။

၁၄ စက္ကန့်စာ အသံဖိုင်ဟာ သူဘယ်သူဆိုတာကိုတော့ ပြောပြမထားသလို ဘယ်သူက စတင်ဖြန့်ဝေလိုက်လဲဆိုတာတော့ မသိရပါဘူး။

အချက်အလက်စိစစ်ချက်

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီလိုပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ဖြေရှင်းထားပါတယ်။ “ယနေ့ညနေတွင် လူမှုကွန်ရက် (Facebook messenger) မှ တစ်ဆင့် ကောလာဟလသတင်းမှားကို အသံဖိုင်ဖြင့် ဖန်တီးဖြန့်ဖြူးနေသည်ကို တွေ့ရှိနေရပါသည်။ အဆိုပါ အသံဖိုင်တွင် “ပြည်ထောင်စုဝန်ကြီး၏ PSO မှ ပြောကြားသည်” ဆို၍ မဟုတ်မမှန်လုပ်ကြံဖန်တီးပြောဆိုကာ ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် လုပ်ဆောင်လျက်ရှိပါသည်”လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၂။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကလည်း “၁၂.၃.၂၀၂၀ နေ့ ည ၇ နာရီ အချိန် အထိ ရန်ကုန်ပြည့်သူ့ဆေးရုံကြီးတွင် COVID 19 ( Positive ) လူနာ တွေ့ရှိခြင်း မရှိသေးပါ။ ကောလဟာလ သတင်းများ ပျံ့ နှံ့နေပါသဖြင့် ပြည်သူလူထု အနေဖြင့် တရားဝင်သတင်းထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်ပေးပါရနိ မေတ္တာ ရပ်ခံအပ်ပါသည်” လို့ ထုတ်ပြန်ထားပါတယ်။

၃။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဒုတိယဆေးဘက်ဆိုင်ရာကြီးကြပ်ရေးမှူး ဒေါက်တာ ခင်သိင်္ဂီမြင့်ကလည်း သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကတစ်ဆင့် ဖြေရှင်းထားပါတယ်။

၄။“Rumor ဖြစ်ပေါ်နေတဲ့ ရန်ကုန်ဆေးရုံကြီးက အသက် ၆၉ နှစ်လူနာအမျိုးသားရဲ့ ဓာတ်ခွဲအဖြေဟာ NEGATIVE ပါ”လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီး (ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ)ကလည်း လူမှုကွန်ယက်မှာဖြေရှင်းထားပါတယ်။

သုံးသပ်ချက်

အထက်ပါ အချက်အလက်တွေအရ  “ဝန်ကြီး PSO ကပြောတယ်Case one Confirm တဲ့ ဆေးရုံကြီးမှာတွေ့တယ်တဲ့”ဆိုပြီး messengerက ဖြန့်ဝေနေတဲ့ ၁၄ စက္ကန့်စာ အသံဖိုင်ဟာ သတင်းမှားသာဖြစ်ပါတယ်။

Avatar

Title:ဝန်ကြီး pso ကပြောတယ် Covid-19 အတည်ပြုလူနာတွေ့ရှိတယ်ဆိုတဲ့ သတင်းအမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *