Fact Check: NLD ကတိုင်းရင်းသားနက်ကိုင်တွေနဲ့ပေါင်းပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်လို့ သတင်းမှားဖြန့်ဝေ

False နိုင်ငံရေး | Politics

NLD ပါတီကတာဝန်ရှိသူတွေဟာ တိုင်းရင်းသားနက်ကိုင်တွေနဲ့ပေါင်းပြီး တပ်မတော်ကို တိုက်ထုတ်ပြီး မြို့တွေကို သိမ်းဖို့ ပြင်ဆင်နေတယ်လို့ လူမှုကွန်ယက်မှာ အသုံးပြုသူ ထောင်ဂဏန်းက မျှဝေနေတာတွေ့ရပါတယ်။

ဖြန့်ဝေတဲ့ပို့စ်မှာ ဒီလိုလုပ်ဖို့အတွက် NLD ပါတီ ဒုတိယ ဥက္ကဌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဇော်မြင့်မောင် ဟာ ” ဝ ” စစ်ရေး တာဝန်ခံ၊ ပလောင်သူပုန်အဖွဲ့မှ တာဖုန်းကျော် ၊ KIA မှ စစ်ရေးတာဝန်ခံ၊ ကိုးကန့် နယ်မြေ တာဝန်ခံတို့ တွေ့ဆုံ ဆွေးနွေး ပြီးတယ်လို့လည်း ရေးသားထားပါတယ်။

လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ပို့စ်တွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

” တပ်မတော်သားများ ဂရုစိုက်ကြပါ “

========================

##နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင် အရာရှိ

     တစ်ဦးရဲ့ ပြောကြားချက်အရ

     ဒီလထဲ ( သို့ ) ၃ လပိုင်းလောက်တွင်

     ” ဝ ” + KIA + ပလောင် + ကိုးကန့်

     ၄ ဖွဲ့ပေါင်းပြီး မြို့သိမ်းစစ်ဆင်ရေး ဆင်နွဲမယ်လို့

     သိရတယ်ဗျ။

    ( အတည်ပြုရန် စုံစမ်းဆဲ )

##ဒီ ၄ ဖွဲ့ဟာ မြို့သိမ်းတိုက်ပွဲ မဆင်နွဲခင်

     အတိုင်ပင်ခံနှင့် တွေ့ဆုံမှာဖြစ်ပြီး

     ယခုလောလောဆည် အခြေအနေတွင်

     NLD ပါတီ ဒုတိယ ဥက္ကဌ မန္တလေး တိုင်း

     ဝန်ကြီးချုပ် ဇော်မြင့်မောင် နှင့် ” ဝ ” စစ်ရေး

     တာဝန်ခံ၊ ပလောင်သူပုန်အဖွဲ့မှ

     တာဖုန်းကျော် ၊ KIA မှ စစ်ရေးတာဝန်ခံ ၊ 

     ကိုးကန့် နယ်မြေတာဝန်ခံတို့ တွေ့ဆုံ ဆွေးနွေး

     ပြီးကြောင်းလည်း သိရှိရ-/

    ( သတင်းအာမခံချက် ရှိသည် )

##ဒီတော့   NLD အစိုးရဟာ ” ဝ ” အားကိုးဖြင့်

   တပ်မတော်ကို ပြန်ဆော်ဖို့ ဆောင်ရွက်နေတာဟာ

    ” ကျူ ံး အသွင်း ခံရခြင်း ” ဖြစ်ပါတယ်။

    ဘာကြောင့် ဒီလို ပြောရသလဲ ဆိုရင်

   ” ဝ ” ထိန်းချုပ်နယ်မြေသည်

   ဒယ်အိုး ပုံသဏ္ဍာန် ဖြစ်နေတဲ့အတွက်ပါ။

##နောက်ပြီး တရသ လက်နက်ကိုင်အဖွဲ့ အားလုံးရဲ့ 

     ဌါနချုပ်တွေကို ပစ်မှတ် မှတ်ပုံတင်ပြီးသား

     ဖြစ်နေပါတယ်။( AA အဖွဲ့မပါ )

     တိုက်ပွဲ တစ်ပွဲရဲ့ အဆုံးအဖြတ်ဟာ

     တိုက်ခိုက်နိုင်မှု့စွမ်းရည်ထက်

     အုပ်ချုပ်ထောက်ပံ့မှု့ က ပိုပြီးအဓိက ကျတယ်

     ဆိုတာကို လက်နက်ပြီး တိုက်ပွဲဝင်နေကြတဲ့

     စစ်သားတိုင်းက သိရှိကြပြီးသားပါ။

##တပ်မတော်ကို အစိုးရနဲ့ ပေါင်းပြီး

    မြေပေါ် မြေအောက် ပူးပေါင်း တိုက်ကွက်ဟာ

    ကိုယ့်သေတွင်းကို ကိုယ်တိုင်တူးသကဲ့သို့

    ဖြစ်နေပါကြောင်းနှင့် သူပုန်အဖွဲ့တွေကို 

    တရုတ်ဘက်မှ အရင်လို ဝင်ရောက်ခွင့် မပြုတော့

    သလို NLD ပါတီဝင်တွေကိုလည်း

    ဘုန်းတော်ကြီးကျောင်းများမှ အရင်လို

    ကာကွယ်ပေးမည် မဟုတ်ပါကြောင်း

    အသိပေးပြောကြားအပ်ပါသည်။   

” မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ “

” တပ်မတော်သားများ တိုက်ပွဲတိုင်းတွင်

  အောင်မြင်မှုတွေနဲ့အတူ နွေးထွေးသော

  မိသားစုရင်ခွင်များသို့ ဘေးမသီရန်မခဘဲ

  ပြန်လာနိုင်ကြပါစေ “

  #Credit သေရွာပြန် ဖိုးမှန်

#Copy by Akar Aung”လို့ ရေးသားပြီး “Zar Ni Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အခြားသူ ၃ ဦးနှင့်အတူ ဒီပို့စ်ကို မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

အခုလိုရေးသားမျှဝေနေတာဟာ သတင်းတုသတင်းမှားသာဖြစ်ကြောင်းနဲ့ ဒေါက်တာဇော်မြင့်မောင်အနေနဲ့ အခုလို တွေ့တယ်ဆိုတာ မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်က Fact Crescendo Myanmar ကို ပြောပါတယ်။ 

“အဲဒီဟာကတော့ လုံးဝကို အခြေအမြစ်မရှိတဲ့ သတင်းပါလို့ ကျွန်တော်အရင်ဆုံးပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါက်တာဇော်မြင့်မောင်နဲ့လည်း တွေ့စရာအကြောင်းမရှိပါဘူး။ တွေ့မယ်ဆိုရင်လည်း ကျွန်တော်တို့ သိရမှာပေါ့နော်။ တွေ့စရာအကြောင်းမရှိပါဘူး။ အဲဒါကြောင့် ဒီသတင်းဟာ တမင်လုပ်ကြံပြီးတော့ လုပ်တဲ့သတင်းလို့ပဲပြောချင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့နဲ့ဉပမာ AA နဲ့ တခြား ကျွန်တော်တို့နဲ့ TNLA တို့နဲ့တွေ့တယ်ဆိုပေမဲ့ မဟာမိတ်သဘောမျိုးလည်းဘာမှမရှိပါဘူး။ ကျွန်တော်တို့က ဒါသူတို့ကို အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးနိုင်အောင်ပဲ ကျွန်တော်တို့ ကြိုးစားနေတာ အခုထိလည်းမရသေးပါ ဘူး။ဒါကြောင့်မို့လို့ ကျွန်တော်တို့နဲ့ အစပ်အဆက်မရှိပါဘူးလို့ပဲပြောချင်ပါတယ်။”

“AA” လက်နက်အဖွဲ့အနေနဲ့ အောက်တိုဘာ ၂၄ ရက်ကတည်းကဖမ်းဆီးထားတဲ့  NLD အမတ်နဲ့ အမတ်လောင်း ၃ ယောက်ကို ဖမ်းဆီးထားတဲ့အဖွဲ့အစည်းဖြစ်တာ တွေ့ရပါတယ်။ ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။

ဒီလိုရေးသားမျှဝေနေတဲ့အကောင့်တွေကို လေ့လာရာမှာ အကောင့်တုတစ်ခုဖြစ်တဲ့ “ဖိုး မှန်”အမည်နဲ့အကောင့်က စတင်ဖြန့်ဝေခဲ့တာတွေ့ရပြီး ဒီရေးသားချက်ကို ထပ်မံဖြန့်ဝေခဲ့တဲအကောင့်တွေဟာလည်း မည်သူမည်ဝါဖြစ် တယ်ဆိုတာ ဖော်ပြထားခြင်းမရှိတဲ့ အကောင့်တုတွေ ဖြန့်ဝေနေခြင်းဖြစ်တာလည်းတွေ့ရပါတယ်။

သုံးသပ်ချက်

NLD ပါတီဟာ တိုင်းရင်းသားနက်ကိုင်တွေနဲ့ပေါင်းပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်ဆိုတဲ့အရေးသားချက်ဟာ သတင်းတုသတင်းမှားဖြန့်ဝေနေခြင်းသာဖြစ်ပါတယ်။

Avatar

Title:Fact Check: NLD ကတိုင်းရင်းသားနက်ကိုင်တွေနဲ့ပေါင်းပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်လို့ သတင်းမှားဖြန့်ဝေ

Fact Check By: Nayar Maung 

Result: False