လက်သန့်ဆေးရည်ကြောင့် လက်ဖဝါးတွေ အရေခွံတွေ လောင်ကျွမ်းနိုင်လား

False ဆေးဘက်ဆိုင်ရာ၊ | Medical

လက်သန့်ဆေးရည်ကြောင့် လက်ဖဝါးတွေ အရေခွံတွေ လောင်ကျွမ်းသွားခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်မှာသုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ 

“ကိုရိုနာဗိုင်းရပ်စ်ကို အကြောင်းပြုပြီး ရောင်းနေကြသော လက်ဆေးရည်အတု ပုလင်းအန္တရာယ် သတိပြုပါ” ဆိုပြီးတော့ “Khine Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုက မျှဝေထားတာဖြစ်ပါတယ်။

ဒီပို့စ်မှာ လက်ဆံဆေးရည် အတုအဖြစ် Farah အမည်နဲ့ပုလင်းပုစံလည်း ဖော်ပြထားပါတယ်။

Fb linkFb link
Archive linkArchive link

အချက်အလက်စိစစ်ချက်

Google မှာ “farah hand sanitizer”လို့ ရိုက်ရှာမယ်ဆိုရင် ဒီအမှတ်တံဆိပ်ဟာ အိုမန်နိုင်ငံပိုင်ဆပ်ပြာမှုန်လုပ်ငန်း ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး အိုမန်ကျန်းမာရေးဝန်ကြီးဌာနရဲ့အတည်ပြုချက်ရရှိထားတယ်လို့လည်း အိုမန်အခြေစိုက် သတင်းတွေမှာ ဖော်ပြတာတွေ့ပေမဲ့ ဒီလက်သန့်ဆပ်ပြာကြောင့် ပုံမှာပြထားသလို တစ်စုံတစ်ရာထိခိုက်မှုရှိတယ်ဆိုတဲ့ သတင်းအထောက်အထားမျိုးမတွေ့ရပါဘူး။

အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link1Link2

Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီး ဒီပုံကို ရှာကြည့်မယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီလက်မှာ မီးလောင်ဒဏ်ရာလိုမျိုးဖြစ်နေတဲ့ ပုံကို လက်ဆေးရည်ကြောင့်ဆိုပြီးတော့ အခြားနိုင်ငံတွေမှာလည်း ပြန်လည်မျှဝေခဲ့ကြ တာတွေ့ရပါတယ်။ အဓိကအားဖြင့် လက်ဆေးရည်အသုံးပြုတာများပြီး ဒီလိုဖြစ်ရတာဆိုပြီး မျှဝေခဲ့ကြတာပါ။

ဒီလက်ဖဝါးမှာ မီးလောင်ဒဏ်ရာလုံပုံဟာ ဇွန်လလလယ်လောက်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာတွေ့ရပြီး အခြားတစ်ပုံမှာဓာတ်ပုံမှာပါတဲ့ farah လက်သန့်ဆေးရည်ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကမှ အိုမန်ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အတည်ပြုချက်ရရှိခဲ့တာဖြစ်ပါတယ်။

အိန္ဒိယအချက်အလက်စိစစ်ရေးအဖွဲ့က newsbust.in ကလက်ဆေးရည်အသုံးပြုတာများလို့ လက်မှာ မီးလောင် ဒဏ်ရာလိုမျိုး အရည်ကြည်ဖုထွက်တယ်ဆိုတာမျိုး မဖြစ်နိုင်ဘူးလို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ကို ကိုးကားပြီး ရေးသားထားတာတွေ့ရပါတယ်။

Link

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့အတွက် မကြာခဏလက်ဆေးဖို့အတွက် လမ်းညွှန် ထားတာရှိပေမဲ့ အရက်ပျံပါတဲ့ လက်သန့်ဆေးထဲမှာပါဝင်တဲ့ ပစ္စည်းတစ်ခုခုကြောင့် အခုလို ဖြစ်နိုင်ခြေရှိတဲ့ဆိုတဲ့ အစီအရင်ခံချက်မျိုးမတွေ့ရှိရပါဘူး။ အောက်ပါလင့်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

WHO

မြန်မာနိုင်ငံအစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့လည်း အခုလို လက်သန့်ဆေးရည် အတုအန္တရာယ်သတိပေးချက်မျိုးအပါအဝင် လက်သန့်ဆေးတုတွေ့ရှိရတယ်ဆိုတဲ့ သတင်းအချက်အလက်မျိုး ထုတ်ပြန်ချက်မတွေ့ရှိရပါဘူး။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

FDA Myanmar

Google မှာ “hand sanitizer and hand burm”ဆိုပြီး အဓိကကျတဲ့ စကားလုံးမျိုးရိုက် လက်သန့်ဆေးတွေ ကြောင့် အခုလိုမျိုး လက်ဖဝါးလိုအရေအပြားမျိုးအပြင် အသားရေလောင်ကျွမ်းမှု မျိုးရှိ လေမလားလို့ Google မှာရှာဖွေကြည့်ရာမှာ အရေအပြားလောင်ကျွမ်းမှုမျိုးသက်ဆိုင်တဲ့အစီရင်ခံစာမျိုးတွေရှိပေမဲ့ ဒီပုံနဲ့ တံဆိပ်ကို ကိုးကားပြီးထုတ်ပြန်ထားတဲ့ တိကျတဲ့ ထုတ်ပြန်ချက်မျိုးမရှိပါဘူး။

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်အရ လက်သန့်ဆေးရည်ကြောင့် လက်ဖဝါးတွေ အရေခွံတွေ လောင်ကျွမ်း သွားခဲ့တယ်ဆိုတဲ့ လူမှုကွန် ယက်မှာသုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတဲ့ပို့စ်ဟာ လက်သန့်ဆေး ကြောင့်ဖြစ်တယ် ဆိုတဲ့ တစ်စုံတစ်ရာအထောက်အထားမရှိပါဘူး။

Avatar

Title:လက်သန့်ဆေးရည်ကြောင့် လက်ဖဝါးတွေ အရေခွံတွေ လောင်ကျွမ်းနိုင်လား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *