ပဲခူးမှာ နွားမကြီးက နွားဥဉလို့ လာကြည့်သူတွေများနေဆိုတဲ့သတင်းတု

False လူမှုရေး

“ပဲခူးတိုင်း ညောင်လေးပင်တွင် တောင်သူဦးဖိုးထူးမွေးမြူထားသော နွားမကြီးမိနီမှ ထူးထူးဆန်းဆန်းဘောလုံး အလတ် ဆိုဒ်ခန့်ရှိသော နွားဥများ ဥချသဖြင့် လာရောက်ကြည့်ရှု့သူ လူ၂ထောင်ခန့်ရှိလာ၍ အုပ်ချုပ်ရေးမှူးက ရွာအဝင်တံခါးကို ပိတ်ထားလိုက်ကြောင်းသိရပါသည်။အဆိုပါ နွားမကြီးမိနီကို တရုတ်လူမျိုးတယောက်က သိန်း၅ထောင်ဖြင့် ဝယ်ယူရန်ကမ်းလှမ်းသော်လည်းပိုင်ရှင်ဖြစ်သူ ဦးဖိုးထူးက သိန်းတစ်သောင်းမရရင် မရောင်းဘူး ဟုပြောဆိုခဲ့ကြောင်းသိရပါသည်။ထူးထူးခြားခြား နွားမကြီးမိနီပုံကို ရှယ်ပေးခြင်းဖြင့် ကံထူးနိုင်ကြပါစေ”ဆိုပြီး  “Khin Khin Aye”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မှုခင်းနှင့်သတင်းများ”၊ “7Day News သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုတွေမှာမျှဝေထား ရာမှာ ၁၄ နာရီအတွင်း လူမှုကွန်ယက်သုံးစွဲသူ ၆ ထောင်ကျော်က ပြန်လည်မျှ ဝေခဲ့ကြတာတွေ့ရပါတယ်။

Fb linkFb link
Archive linkArchive link

အချက်အလက်စိစစ်ချက်

ဒီလိုမျိုး နွားကနေ ဉဉတုတယ်ဆိုတာများကြားမိသလားလို့ ညောင်လေးပင် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဉီးအောင်နိုင်ဉီးကို Fact Crescendo Myanmar က မေးမြန်းရာမှာတော့ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

“အလကား။ မဟုတ်ဘူး။ ဘာမှမဟုတ်ဘူး။ ဟိုတစ်ခါလည်း ဒီလိုတင်ဖူးတယ်။ သွားမတင်နဲ့ မှားလိမ့်မယ်” ဆိုပြီး ဉီးအောင်နိုင်ဉီးက ပြောပါတယ်။

ဒီပို့စ်မှာပါတဲ့ လူပုံတွေကို Google မှာ ပုံပြောင်းပြန်ရှာ နည်းအသုံးပြုရှာဖွေရာမှာ အောက်ပါ အတိုင်းတွေ့ ရပါတယ်။ 

ဒီလူတွေနဲ့ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလထဲမှာအွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ဒီပုံတွေကို ဗီယက်နမ် ဘာသာစကားနဲ့ ရေးသားထားတဲ့ သတင်းအမြောက်အများမှာတွေ့ရှိခဲ့ရပြီး ဂူးဂဲလ်ဘာသာပြန်ကို အသုံးပြုပြီး ဘာသာပြန်ဆိုကြည့်ရာမှာ စွန့်ပစ်ထားတဲ့ရှေးဟောင်းရေတွင်းတွေထဲကနေ ထူးထူးခြားခြားငါးတွေ တွေ့ရှိ ရတဲ့အတွက် လူတွေ လာရောက်ကြည့်ရှု့နေကြပုံဖြစ်တာတွေကို တွေ့ရှိပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

LinkLink

အဲဒီအချိန်က တွစ်တာသုံးစွဲသူတစ်ယောက် တင်ထားတဲ့ပို့စ်ခုကိုလည်း အောက်ပါလင့်ခ်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

LinkArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ နွားမကြီးမိနီမှ ထူးထူးဆန်းဆန်း ဘောလုံးအလတ်ဆိုဒ်ခန့်ရှိသော နွားဥများ ဥချသဖြင့် လာရောက်ကြည့်ရှု့သူေတွများပြားေနတယ်ဆိုတဲ့သတင်းမှာပါတဲ့ လူပုံတွေ ဗီယက်နမ်နိုင်ငံက ရေတွင်းဟောင်းထဲမှာ ရှားပါးငါးမျို့စိပ်တွေ့လို့လာကြည့်သူတွေဖြစ်တာတွေ့ရတဲ့အတွက်  သတင်းတုအဖြစ် သတ်မှတ်ပါတယ်။

Avatar

Title:ပဲခူးမှာ နွားမကြီးက နွားဥဉလို့ လာကြည့်သူတွေများနေဆိုတဲ့သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *