
အဖြူရောင်လွှမ်းမိုးသောဝတ်စုံများနဲ့ လူအများအပြားတန်းစီလမ်းလျှောက်နေတဲ့ဓာတ်ပုံ ၃ ပုံနှင့်တကွ ယနေ့ မတ် ၂၅ ရက်မှာ အင်ဂျင်နီယာတွေ စုပေါင်းဆန္ဒပြပုံအဖြစ်ဖေ့စ်ဘွတ်အသုံးပြုထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားပါတယ်။ စစ်တပ်ကအာဏာရယူအပြီးမှာ နိုင်ငံအဝှမ်းမှာနေ့စဉ် ဆန္ဒပြလျက်ရှိပါတယ်။
သို့သော်လည်း မတ် ၂၅ ရက် အင်ဂျင်နီယာ စုပေါင်းသပိတ်စစ်ကြောင်းအဖြစ်ဖော်ပြနေတဲ့ဓာတ်ပုံတွေဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။
လူမှုကွန်ယက် အသုံးပြုသူတွေကို နားလည်မှုလွဲစေပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။
“ယနေ့ ရန်ကုန် (march -25)
အင်ဂျင်နီယာ စုပေါင်း အင်အားစစ်ကြောင်း လူပင်လယ်ကြီး
ချီတတ်လာကြပြီ
____________________________________
ဝင်ဖတ်ရုံဆို သင်ပဲသိမယ် ပြန်ရှယ်ရင် လူများများသိမယ် အကူအညီပေးရာရောက်မယ် သင့်သဘောပါ
#WhatsHappeningInMyanmar #SACTerroristGroup #SupportCDM #SupportCRPH #JusticeForMyanmar #Mar25Coup #GenerationZ #နွေဦး
”လို့ ရေးသားထားတဲ့ပို့စ်ကို “Kokyaw Zin”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မတ် ၂၅ ရက်က မျှဝေထားရာမှာ ၄ နာရီအတွင်း ပြန်လည်မျှဝေသူ ၄ ထောင်ဝန်းကျင်ရှိပါတယ်။ တူညီစွာရေးသားထားပြီး ပျံ့နှံမှုအား ကောင်းခဲ့တဲ့ပို့တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီလိုပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေရဲ့ အောက်က မှတ်ချက်တွေမှာ ပုံအဟောင်းတွေလို့ရေးသားထားတဲ့ မှတ်ချက်များတွေ့ရပါ တယ်။ အဓိကျတဲ့ စကားလုံးအချို့ကို အသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ဖေဖော်ဝါရီ ၂၆ ရက်ကတည်းက ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။
“26 Feb 2021
ကျောင်းသား ၁သိန်းကျော်နည်းပညာကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်း
မျက်စိတစ်ဆုံး
ကြက်သီးထမိတယ်
👏👏👏
#Feb26Coup
#ASEAN_Respect_Our_Vote”လို့ရေးသားပြီး “Puu Tuu Lay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဓာတ်ပုံ မြင်ကွင်းတွေပါတဲ့ Live ဗွီဒီယိုကို ထုတ်လွှင့် မျှဝေခဲ့တာတွေ့ရပါတယ်။ ဒီဗွီဒီယိုကို သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင်ကန်လမ်း ဘဝမြင့်မှတ်တိုင်နားမှာ ရိုက်ထားတယ်လို့လည်း Live ထုတ်လွှင့်သူက ပြောခဲ့တာတွေ့ရ ပါတယ်။
မူရင်းလင်ခ့် – Puu Tuu Lay | Archive link
ဒီ Live ဗွီဒီယိုထဲက screenshot အချို့နဲ့ ယနေ့ဆန္ဒပြပွဲအဖြစ် မျှဝေထားတဲ့ဓာတ်ပုံတွေကို အောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ မတ် ၂၅ ရက် အင်ဂျင်နီယာ စုပေါင်းသပိတ်စစ်ကြောင်းအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံတွေဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က နည်းပညာကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းက ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

Title:ဖေဖော်ဝါရီ ၂၆ ရက်က ဆန္ဒပြဓာတ်ပုံတွေကို လက်ရှိအဖြစ်အပျက် အဖြစ်ပြန်လည်မျှဝေ
Fact Check By: Nayar MaungResult: Misleading