NLD နဲ့ မွတ်ဆလင်များကိုဝေဖန်သူတွေကို ဒေါ်အောင်ဆန်းစုကြည်ဖမ်းခိုင်းဆိုတဲ့ သတင်းမှား

နိုင်ငံရေး၊ အစိုးရ

ဒေါ်အောင်ဆန်းစုကြည်၏ အမိန့်ပေးစေခိုင်းချက်အရ NLD အစိုးရနှင့် မွတ်ဆလာမ်ဘာသာဝင်များကို တိုက်ခိုက်ရေးသားပြောဆိုသော သူတွေကို ၂၉၅ က ၅၀၅ ပုဒ်မတွေဖြင့် အမှုဖွင့်ထောင်ချဖို့ အမိန့်ပေးထားတယ်လို့ သမ္မတရုံးဝန်ကြီး ဥ◌ီးဇော်ဌေးကပြောကြားတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ ဖြန့်ဝေနေပါတယ်။

ဦးကြီးဇော်အမည်နဲ့ အကောင့်က အောက်ပါအတိုင်းရှယ်ထားတာတွေ့ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

၁။ အစ္စလာမ်ဘာသာရေးခေါင်းဆောင်းတစ်ယောက်ဖြစ်တဲ့ ဦးအေးလွင်က ဒီလိုညွှန်ကြားထားတာမရှိဘူးလို့ Fact Crescendo ကိုအတည်ပြုပါတယ်။ မကြာခဏစွပ်စွဲ ပြောခံရမှုတွေရှိပြီး အခုနောက်ပိုင်း အစ္စလာမ်ဘာသာ ရေးနဲ့ ပတ်သက်တဲ့ပွဲတော်တွေမှာ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်တာမရှိ တော့ဘဲ ခပ်ကင်းကင်းနေတယ်လို့ သူကပြောပါတယ်။

၂။ ဦးဇော်ဌေးဟာ သမ္မတရုံးဝန်ကြီးမဟုတ်ဘဲ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ချုပ်ဖြစ်ပါတယ်။ ဒီသတင်းမှာ သမ္မတရုံးဝန်ကြီးဆိုပြီးရေးထားပါတယ်။ စကားလုံးအမှားတွေလည်း တွေ့ရပါတယ်။

၃။ သတင်းဌာနတွေမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းဖော်ပြချက်မတွေ့ရှိရပါဘူး။

၄။ ဧရာဝတီသတင်းဌာနက နေပြည်တော်သတင်းထောက် ဦးထက်နိုင်ဇော်ကလည်း ဒီသတင်းဟာ အတုဖြစ်တယ်လို့ Fact Crescendo ကို အတည်ပြုပါတယ်။

၅။ သမ္မတရုံးက နောက်ဆုံးသတင်းစာရှင်းလင်းခဲ့တာကတော့ ဖေဖော်ဝါရီ ၂၁ ရက်ကဖြစ်ပြီး ဒီလိုပြောကြားချက်မပါဝင်တာတွေ့ရပါတယ်။

သုံးသက်ချက်

အထက်ပါ အချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည်၏ အမိန့်ပေးစေခိုင်းချက်အရ NLD အစိုးရနှင့် မွတ်ဆလာမ်ဘာသာဝင်များကို တိုက်ခိုက်ရေးသားပြောဆိုသော သူတွေကို ၂၉၅ က ၅၀၅ ပုဒ်မတွေဖြင့် အမှုဖွင့်ထောင်ချဖို့ အမိန့်ပေးထားတယ်လို့ သမ္မတရုံးဝန်ကြီး ဥ◌ီးဇော်ဌေးကပြောကြားဆိုတဲ့ သတင်းဟာ သတင်းတု သတင်းမှားဖြစ်ပါတယ်။

Avatar

Title:NLD နဲ့ မွတ်ဆလင်များကိုဝေဖန်သူတွေကို ဒေါ်အောင်ဆန်းစုကြည်ဖမ်းခိုင်းဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *