မွတ်ဆလင်အရေးကိုဆောင်ရွက်တဲ့အတွက် ICJ ကို ဒေါ်နယ်ထရန့်နဲ့ အစ္စရေးဝန်ကြီး ချုပ် တရားစွဲဆိုတဲ့ သတင်းမှား

False နိုင်ငံတကာ၊ | International

အမေရိကန်သမ္မတထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုတို့ဟာ မွတ်ဆလင်အရေးကို ဆောင်ရွက်ခဲ့တဲ့ အတွက် ICJ ကိုတရားစွဲမယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ “Phoe Dha Nu”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

Fb linkArchive link

လင့်ခ်ကို နှိပ်လိုက်မယ်ဆိုရင် ဗွီဒီယိုဖိုင်တစ်ခုဖြစ်တာတွေ့ရပြီး Burmese Time ဆိုတဲ့ ယူကျူ့ချန်နယ်တစ်ခု ပေါ်ကို ရောက်သွားမှာဖြစ်ပါတယ်။

အချက်အလက်စိစစ်ချက်

၁၀ မိနစ်ကျော်ကြာတဲ့ ဒီဗွီဒီယိုမှာ ခေါင်းစဉ်မှာ ICJ လို့အတိုခေါက်ခေါ်နေတဲ့ ကုသမဂ္ဂတရားရုံး(international court of justice)တပ်ထားပေမဲ့ ဗွီဒီယိုထဲမှာ ပြောတဲ့အကြောင်းအရာတွေဟာ ICC လို့အတိုခေါက်ခေါ်တဲ့ နိုင်ငံ တကာရာဇဝတ်ခုံရုံး(international criminal court) စုံစမ်းစစ်ဆေးရေး အရာရှိတွေကို ဗီဇာထုတ်မပေးဖို့နဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေပိတ်ဆို့ဖို့အမိန့်တစ်ရပ်လက်မှတ်ရေးထိုးအကြောင်းတွေပဲဖြစ်တာတွေ့ရပါတယ်။ 

Google မှာ အဓိကျတဲ့အင်္ဂလိပ်စကားလုံးတစ်ချို့ကို အသုံးပြုပြီး ရှာဖွေကြည့်မယ်ဆိုရင် ဒီဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာတွေဟာ Times of Israel ဆိုတဲ့သတင်းဌာနက ဇွန် ၁၁ ရက်ကရေးသားခဲ့တဲ့ သတင်းအကြောင်း အရာအပေါ်အခြေခံထားတာတွေ့ရပါတယ်။ ဒီသတင်းမှာ သမ္မတထရမ့်က နိုင်ငံ တကာရာဇ ဝတ်ခုံရုံး (international criminal court) စုံစမ်းစစ်ဆေးရေး အရာရှိတွေကပိတ်ဆို့တာကို အစ္စရေးဝန်ကြီး ချုပ်နေ တန်ညာဟုက ချီးကျူးတဲ့အကြောင်းရေးသားထားတာပဲဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

Times of Israel

အမေရိကန်သမ္မတထရမ့် နိုင်ငံတကာရာဇဝတ်ခုံရုံးက အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်မှာ ရာဇဝတ်မှု ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးမယ့် အရာရှိတွေကို ဗီဇာထုတ်မပေးဖို့နဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေ ပိတ်ဆို့ဖို့ အမိန့်တစ်ရပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

CNNForeignpolicy

အမေရိကန်သမ္မတထရမ့်ဟာ ၂၀၀၃ ခုနှစ်မှာ အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်မှာ ကျူးလွန်းခဲ့တဲ့ စစ်ရာဇဝတ်မှုအတွက် စုံစမ်းစစ်ဆေးဖို့ လုပ်စဉ်မှာပဲ ၂၀၁၈ ခုနှစ် စက်တင်ဘာမှာ ဒီတရားရုံးတည်ထောင် ဖို့အတွက် သဘောတူလက်မှတ်ရေးထိုးတဲ့နိုင်ငံစာရင်းကနေ နှုတ်ထွက်ခဲ့တာ တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

VOA

ICJ လို့အတိုခေါက်ခေါ်နေတဲ့ ကုသမဂ္ဂတရားရုံး(international court of justice)ဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအကြား တစ်နိုင်ငံနဲ့ နိုင်ငံတစ်နိုင်ငံ ဆောင်ရွက်ချက်တွေကို မကျေလည်မှုဖြစ်တဲ့အခါ တရားစွဲဆို ခွင့်ရှိတာတွေ့ရပါတယ်။ သို့သော်လည်း တရားရုံးကို တရားစွဲဆိုနိုင်တယ်ဆိုတဲ့ ပြဌာန်းချက်မျိုးမတွေ့ရှိရပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေ မွတ်ဆလင်အရေးကိုဆောင်ရွက်တဲ့အတွက် ICJ ကို ဒေါ်နယ်ထရန့်နဲ့ အစ္စရေးဝန်ကြီး ချုပ် တရားစွဲဆိုတဲ့ အချက်အလက်ဟာ အချက်အလက်မှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:မွတ်ဆလင်အရေးကိုဆောင်ရွက်တဲ့အတွက် ICJ ကို ဒေါ်နယ်ထရန့်နဲ့ အစ္စရေးဝန်ကြီး ချုပ် တရားစွဲဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *