ယူနီဆပ်ဖ်ရဲ့ ကြေညာချက်ဆိုပြီး ဖြန့်ဝေနေတဲ့ covid-19 မှတ်စုဆိုတဲ့ သတင်းမှား

Coronavirus False ကူးစက်ရောဂါ ကျန်းမာရေး၊ | Health လူမှုရေး

ယူနီဆပ်ဖ်(UNICEF)ကနေထုတ်ပြန်တဲ့ covid-19 နဲ့ ပတ်သက်တဲ့ ကြေညာချက်ဆိုပြီး လူမှုကွန်ယက်မှာ  မျှဝေနေကြပါတယ်။ မြန်မာဘာသာ၊အင်္ဂလိပ်ဘာသာ UNICEF ကြေငြာချက်အဖြစ်ပြန်လည်မျှဝေနေတဲ့ အထဲမှာ “ကိုရိုနာ ဗိုင်းရပ် ကို mask နဲ့ကာကွယ်ဖို့ မလိုပါဘူး။ virus က အရွယ်ကြီးပြီးလေးတဲ့ လေထဲမှာမနေ ပါဘူး။အရာဝတ္ထုတွေ အစားအစာနဲ့မြေပြင်မှာနေတာပါ။လေက တစ်ဆင့်မကူးစက်ပါဘူး ထိတွေ့  မှုကနေ ကူးစက်ပါတယ်။ Virus ဟာ metal ပေါ်မှာ ၁၂ နာရီ အသက်ရှင်ပါတယ်။ အဝတ်ပေါ်မှာ ၉ နာရီ အသက်ရှင်ပါတယ်။ လက်ပေါ်မှာ ၁၀မိနစ် အသက်ရှင်တယ်။Virus ကို ကာကွယ်ဖို့ mask ဝတ်ဆင်ခြင်းထက် လက်ဆေးခြင်း-အဝတ်အစားများကို နေလှန်းပေးခြင်းက ပိုထိရောက်ပါတယ်။ Virus ကူးထားတဲ့ mask က ရောဂါပိုကူးနိုင်ပါတယ်။လက်ဆေးဖို့ အရက်ပျံဆောင်ထားတာ ပိုထိရောက်ပါတယ်။ Virus က အပူချိန်များတာမကြိုက်တဲ့အတွက်။ရေနွေးသောက်ပါ ။ နေပူထဲမှာ နေပေးပါ။

Virus ကအအေးကြိုက်တဲ့အတွက် ရေခဲမုန့်စသည် တို့ကို မစားပါနဲ့။

ရေနွေးပူနှင့် ဆားနဲ့ ပုလုပ်အမြဲကျင်းပေးပါ”ဆိုတဲ့စာသားတဲ့ပါဝင်ပါတယ်။

ဒီသတင်းကို Yangon Stock News စာမျက်နှာနဲ့ Mya Thi Han ဆိုတဲ့ အကောင့်တွေမှာ မျှဝေထားတာတွေ့ရပါတယ်။

FB link Archive link
FB link Archive link

အချက်အလက်စိစစ်ချက်

၁။ Unicef Myanmar ဖေ့စ်ဘွတ်စာမျက်နှာမှာ‌ရော Unicef စာမျက်နှာမှာပါ ဒီကြေညာချက်မတွေ့ရပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ဟာ ချောင်းဆိုး၊နှာချေရာက တစ်ဆင့်ထွက်လာတဲ့ အသက်ရှုလမ်းကြောင်းထဲက အစက်အမှုန်တွေကို တိုက်ရိုက်ထိတွေ့မိခြင်းကြောင့် ကူးစက်နိုင်တယ်လို့ ရေးသားထားပါတယ်။

၂။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှာလည်း ဒီလိုဖော်ပြချက်မျိုးမတွေ့ရှိရပါဘူး။

၃။ Google မှာ စာသားေတွထဲက “Coronavirus is large in size, with a cell diameter of 400-500 micro” ဆိုတဲ့ စကားတွဲကို ရှာကြည့်ရင်UNICEF ကမဟုတ်ဘူးလို့ thequint.com ကဖော်ပြထားပါတယ်။

သုံးသပ်ချက်

အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်စိစစ်ချက်တွေကြည့်ရင် ယူနီဆပ်စ်က တရားဝင်ထုတ်ပြန်ထားတာမရှိသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ထုတ်ပြန်ထားခြင်းမရှိတဲ့ တိကျမှုမရှိတဲ့ သတင်းအချက်အမှားဖြစ်ပါတယ်။

Avatar

Title:ယူနီဆပ်ဖ်ရဲ့ ကြေညာချက်ဆိုပြီး ဖြန့်ဝေနေတဲ့ covid-19 မှတ်စုဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *