
ကိုရိုနာဗိုင်းရပ်စ်ဟာ ပျောက်ကွယ်သွားမှာမဟုတ်သလို လူတိုင်းကူးစက်ခံရမှာသေချာကြောင်းနဲ့ ဗိုက်တာမင်ဒီနေ့စဉ်သောက်သုံးမှုအနည်းအများပေါ်မူတည်ပြီးတော့ သေလူ၊ရှင်လူခွဲလို့ရတယ်ဆိုပြီးတော့ “Kelvin Albert Power”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကရေးသားထားပါတယ်။ COVID-19 ကာလမှ အနည်းဆုံးတစ်နေ့ (10,000 IU)နေ့စဉ်သောက်ဖို့နဲ့ ဗိုက်တာမင်ဒီကို အမြောက်အများလို့ အန္တရာယ်မရှိဘူးလို့ ရေးသားထားတာ တွေ့ရကို အောက်ပါအတိုင်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
အောက်စဖို့ဒ်တက္ကသိုလ်က Joseph Lee၊ Oliver van Hecke၊ Nia Roberts တို့ပူးတွဲပြုလုပ်တဲ့ “Vitamin D: A rapid review of the evidence for treatment or prevention in COVID-19”ဆိုတဲ့ သုတေသနမှာ ဗိုက်တာမင်ဒီချို့တဲ့သူတွေအတွက် ဗိုက်တာမင်ဒီဖြည့်စွက်သောက်သုံးတာဟာ အခြားသော အသက်ရှုလမ်း ကြောင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်နိုင်တယ်ဆိုတဲ့အထောက်အထားရှိပေမဲ့ ဗိုက်တာမင်ဒီချို့တဲ့ တာကြောင့် COVID-19 ဖြစ်စေတယ်ဆိုတဲ့အထောက်အထားမျိုးမရှိဘူးလို့ ရေးသားထားတာတွေ့ရပါတယ်။ ဒီလိုပဲ COVID-19 ကိုကာကွယ်နိုင်တယ်၊ကုသနိုင်တယ်ဆိုတဲ့ လူနဲ့ စမ်းသပ်ထားတဲ့ အထောက်အထား တွေမရှိဘူးလို့ရေးသားထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
Google မှာ “vitamin d and covid 19” ဆိုပြီးရိုက်ရှာမယ်ဆိုရင် ဗိုက်တာမင်ဒီကို COVID-19 ကူးစက်ခံ ရသူတွေမှာ တုန့်ပြန်မှုအခြေအနေကိုလေ့လာဖို့အတွက် သုတေသနတွေ လုပ်ဖို့ စီစဉ်နေတာ တာတွေရှိတာတွေ့ရပါတယ်။

အစိုးရဆီကို လူနဲ့စမ်းသပ်ခွင့်တင်ပြချက်တွေကို စုစည်းဖော်ပြထားတဲ့ clinicaltrials.gov ဝက်ဆိုဒ်အရ အမေရိကန်မှာလည်း လူနဲ့စမ်းသပ်မှုလုပ်ဖို့အတွက် အစိုးရဆီ အဆိုပြုထားဆဲအဆင့်မှာရှိနေတာ တွေ့ရပါ တယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒီလိုပဲ forbes သတင်းဌာနက ရေးသားတဲ့ဆောင်းပါးတစ်ပုဒ်မှာလည်း ဗိုက်တာမင်ဒီက အခြားသော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေမှာ အကျိုးသက်ရောက်မှုရှိပေမဲ့ အခုမျိုးခွဲအသစ် ကိုရိုနာဗိုင်းရပ်စ် အတွက် တစ်စုံတစ်ရာအထောက်မရှိဘူးလို့ရေးသားထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဆေးဝါးအတော်များများနဲ့ စမ်းသပ်ကုသမှုတွေလုပ်နေတာတွေရှိပေမဲ့ COVID-19 ကိုကုသနိုင်၊ကာကွယ်နိုင်တဲ့ ဆေးဝါးတစ်စုံတစ်ရာမရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေ ဗိုက်တာမင်ဒီဖြည့်စွက်စားသုံးတာ၊ ခန္ဓာကိုယ်မှာဗိုက်တာမင်ဒီလုံလောက်စွာ ရှိနေတာဟာ အသက်ရှုလမ်းကြောင်းကူးစက်ခံရမှုက သက်သာအောင်လုပ်နိုင်တယ်ဆိုတဲ့ အထောက်အထား တစ်ချို့ရှိပေမဲ့ ဗိုက်တာမင်ဒီဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ကုသနိုင်တယ်ဆိုတဲ့အထောက်အထား မတွေ့ရပါဘူး။ ဒါကြောင့် ဒီသတင်းအချက်အလက်ဟာ လှည့်စားထားတဲ့ သတင်းတစ်ခုဖြစ်ပါတယ်။

Title:COVID-19 ရောဂါနဲ့ဗိုက်တာမင်ဒီအကြောင်းလေ့လာမှုတွေရှိပေမဲ့ ကုသနိုင် း၊ ကာကွယ်နိုင်တဲ့အထောက်အထားမရှိပါ
Fact Check By: Nayar MaungResult: Misleading