
စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာမှာ စက်တင်ဘာ ၁၇ ရက်က စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ရဲ့ဇနီး ဒေါ်ကြူကြူလှကို မြန်မာနိုင်ငံရဲ့ ဩဇာအရှိဆုံးအမျိုးအသီးအဖြစ်ဖော်ပြခဲ့တယ် ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။ မြန်မာ့အလင်းသတင်းစာရဲ့ မျက်နှာဖုံးကို ပြုပြင်ပြောင်းလဲပြီး ဟာသပြုလုပ်မျှနေခြင်းဖြစ်ပါတယ်။
“မြန်မာနိုင်ငံတွင် ဩဇာအာဏာအရှိဆုံးအမျိုးသမီးအဖြစ် ဒေါ်ကြူကြူလှကို မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ များမှ ဖော်ပြ 17. 9. 2021”လို့ရေးသားပြီး “ဟားတော်မူ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက စက်တင်ဘာ ၁၇ ရက်ထုတ် မြန်မာ့အလင်း သတင်းစာရဲ့ မျက်နှာဖုံးအတူ အောက်ပါအတိုင်း မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။

မူရင်းလင်ခ့် – Fb link | Archive link
စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ၎င်းတို့ နေ့စဉ်ထုတ်ဝေတဲ့ သတင်းစာတွေကို ပုံမှန်တင်လေ့ရှိပြီး Fact Crescendo အနေနဲ့ စက်တင်ဘာ ၁၇ ရက်ထုတ် မြန်မာ့အလင်းသတင်းစာကို လေ့လာခဲ့ရာမှာ မျက်နှာဖုံးဓာတ်ပုံနေရာမှာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရဲအရာရှိတစ်ယောက်က ပရိုဂျက်တာနဲ့ ရှင်းလင်းတင်ပြနေပုံကို အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – MOI | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ မြန်မာ့အလင်းသတင်းစာမှာ ဒေါ်ကြူကြူလှကို ဩဇာအရှိဆုံးအမျိုးသမီး အဖြစ်ဖော်ပြခဲ့ခြင်းမရှိပါဘူး။

Title:ဒေါ်ကြူကြူလှကို ဩဇာအရှိဆုံးအမျိုးသမီးအဖြစ်ဖော်ပြခဲ့ခြင်း မရှိပါ
Fact Check By: Zun ZeeResult: Satire