
တတိယအကြိမ်လွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ကျင်းပဖို့အတွက် ကိုယ်စားလှယ်တွေကို နှိုးဆော် ခေါ်ယူနေချိန် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မတက်ရင် ထောင်ကျ နိုင်တယ်လို့ ရေးသားပြီး လူမှုကွန်ယက်မှာ မျှဝေနေတာ တွေ့ ရပါတယ်။
လွှတ်တော်နာယက က လွှတ်တော်ခေါ်ချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်လာမတက်ရင် ထောင်ကျခံရမယ်လို့ရေးသားမျှဝေနေတာဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်ကမှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက အစိုးရဖွဲ့နိုင်တဲ့အရေ အတွက်ထက် ကျော်လွန်ပြီး အနိုင်ရထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီ(USDP) က ၃၃ နေရာသာအရွေး ချယ်ခံထားရပါတယ်။
သို့သော်လည်း လွှတ်တော်မတက်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ထောင်ဒဏ်ချ မှတ်နိုင်တယ်ဆိုတဲ့ ပြဌာန်းချက်မျိုး Fact Crescendo Myanmar အနေနဲ့ မတွေ့ရပါဘူး။
လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါ အတိုင်း တွေ့ရပါတယ်။ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။
“ဘာလုပ်မှာလဲပြော
လွှတ်တော်နာယက ကလွှတ်တော်ခေါ်တော့မယ် စစ်တပ်ကလဲစာရင်းပေးပြီးပြီ ရွေးချယ်ခံပြီး လွှတ်တော်ခေါ်လို့ မလာရင် ထောင်ကျခံရမယ်
ကြံခိုင်ရေးက ၃၃ နေရာရထားတယ်
လာတက်ရင် UEC အဆုံးအဖြတ်လက်ခံလို့
လာမတက်ရင် ထောင်ထဲသွား
ကဲ ဘာလုပ်မှာလဲ USDP
လက်ခံမလား ဖျင်ခံမလား
ဒါပဲပြော”လို့ရေးသားပြီး “Than Than Soe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ လွှတ်တော်မတက်ခဲ့ရင် ထောင်ချခံရနိုင်တယ်ဆိုတဲ့ ပြဌာန်းချက်မျိုး Fact Crescendo Myanmar အနေနဲ့ တစ်စုံတစ်ရာမတွေ့ရပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေ အခန်း (၄) ဉပဒေပြုရေးနှင့်သက်ဆိုင်တဲ့အခန်းမှာ ၁၅ ရက်ဆက်တိုက် ပျက်ကွက်ရင် ပြည်ထောင်စုလွှတ်တော်နာယက က သတ်မှတ်ထားသည့်နည်းလမ်းများနှင့်အညီ အရေးယူရမယ်လို့ ပြဌာန်းထားပါတယ်။

မူရင်းလင်ခ့် – 2008 Constitution
အခန်း(၅)ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်များခွင့်ပန်ကြားခြင်းနှင့်ခွင့်မဲ့ပျက်ကွက်ခြင်းမှာ လွှတ်တော်ရဲ့ ခွင့်ပြုချက်မရှိဘဲ ၁၅ ရက်ဆက်တိုက် ပျက်ကွက်ခဲ့ရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်နိုင်တယ်လို့ ရေးသားထားပြီး ထောင်ဒဏ်ကျခံရ နိုင်တယ်ဆိုတဲ့ အချက်မတွေ့ရှိရပါဘူး။

မူရင်းလင်ခ့် – အမျိုးသားလွှတ်တော်
၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေတွေမှာလည်း လွှတ်တော် ကိုယ်စားလှယ် တွေကို သက်ဆိုင်ရာ လွှတ်တော်ဉက္ကဌရဲ့ ခွင့်ပြုချက်မရပဲ ဖမ်းဆီးခြင်းမပြုရလို့ အတိအကျပြ ဌာန်းထားတာတွေ့ရပါတယ်။ ထို့အပြင် လွှတ်တော်ဆိုင်ရာဉပဒေ အခန်း(၁၂) တားမြစ်ချက်နှင့်ပြစ်ဒဏ်များ မှာလည်း လွှတ်တော်မတက်ရောက်တဲ့အတွက်လွှတ်တော်ကိုယ်စားလှယ်တွေကို ထောင်ဒဏ် အပြစ်ပေးနိုင်တယ် ဆိုတဲ့ အချက်အလက်မတွေ့ရပါဘူး။ သို့သော်လည်း
ရွေးကောက်ပွဲပြန်လုပ်မပေးရင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရ ကိုယ်စားလှယ်များ လွှတ်တော်မတက်တော့ဘူးလို့ ဒီဇင်ဘာလထဲမှာ သတင်းမှားဖြန့်ခဲ့ပါသေးတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မတက်ရင် ထောင်ကျမယ်ဆိုတဟာ အချက်အလက်မှားဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

Title:လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မတက်ရင် ထောင်ကျနိုင်လား- မဟုတ်ပါ
Fact Check By: Nayar MaungResult: False