သမိုင်းမှတ်တမ်းဓာတ်ပုံတစ်ခုကို ပုံဖျက်ပြီး ဒေါ်အောင်ဆန်းစုကြည် အဖိုးအဖြစ်ဖော်ပြနေ တဲ့ အချက်အလက်မှား

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖိုးမာမွတ်စူလတန်ဆိုတဲ့ ကာလာအဖြူအမည်းဓာတ်ပုံ ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “ဒေါ်ခင်ကြည်ရဲ့အဖေ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖိုးမာမွတ်စူလတန်ဆိုတာ ပြည်သူတွေ သိအောင်ဖော်ပြပေးတာပါဒေါ်အောင်ဆန်းစုကြည်ကုလားကိုထိရင်ဘာကြောင့်နာနေတာလဲဆိုတာသိအောင်ပြလိုက်တာဒေါ်အောင်ဆန်းစုကြည်ကိုဗုဒ္ဓဘာသာလို့ပြောနေကြတဲ့ထမိန်ခြုံတွေသတိထားသက်သေအထောက်ထားတွေအများကြီးရှိတယ်အမျိူးသားရေးလုပ်တယ်ဆိုတာထမိန်ခြုံတွေအများကြီးပိုသိနေလို့အမျိူးသားရေးသမားဆိုတာဖြစ်လာတာမသိရင်ငါတို့လဲမင်းတို့ဖင်ပိတ်ပြီးပြောခဲ့ဘူးပါတယ်ထမင်းစားနေတာမှန်ရင်စဉ်းစားကြည့်ပါသူလုပ်နေတဲ့လုပ်ရပ်တွေသူပြောနေတဲ့စကားတွေကိုပေါ့ဒီတခါရွေးကောက်ပွဲကနိူင်ငံကိုကာကွယ်ပြီးသာသနာတော်ကိုကာကွယ်တဲ့ပွဲဆိုတာဗုဒ္ဓဘာသာလူမျိူးတိုင်းသိထားကြဖို့အထူးအရေးကြီးပါတယ်ထမင်းစားပြီးစဉ်းစားပေးပါရွှေမြန်မာတို့”ဆိုပြီးတော့“မြန် မာ့ သွေး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။

အချက်အလက်စိစစ်ချက်

ဒီဓာတ်ပုံရဲ့ မူရင်းစာအညွှန်းမှာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးချိန် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နှင့်ရင်သွေးများ အတွက် ဘာဘူကြီးတစ်ဦးက နွားငါးကောင် လာရောက်လှူဒါန်းကြောင်းခဲ့ကြောင်းရေးသားထားတဲ့ သမိုင်းဝင် ဓာတ်ပုံတစ်ခုဖြစ်တာတွေ့ရပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးချိန် ကျန်ရစ်သူ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်နှင့် ရင်သွေးများ အတွက် စာနာထောက်ထားမှုဖြင့် ဘာဘူကြီးတစ်ဦးက နွားငါးကောင် လာရောက်လှူဒါန်းကြောင်း စာထဲသာ ဖတ်ဖူးခဲ့ကြပြီး အခုလိုသမိုင်းကိုမှတ်တမ်းသက်သေထူနိုင်သောဓါတ်ပုံမှာ တန်ဖိုးကြီးမားလှပါသည်”ရေးသားပြီး “Bogyoke ဗိုလ္ခ်ဳပ္ -General Aung San”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသ၂၀၁၉ ခုနှစ်အတွင်းက မျှဝေခဲ့ တာတွေ့ရပါတယ်။ 

ဒီလင့်ခ်မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဒေါ်အောင်ဆန်းစုကြည်ကို အဖိုးမာမွတ်စူလတန်လို့မျှဝေနေတဲ့ ဓာတ်ပုံဟာ သမိုင်းဝင်ဓာတ်ပုံနဲ့ စာသားကို ဖျောက်ဖျက်ပြီး ပုံဖျက်မျှဝေထားခြင်းဖြစ်တာတွေ့ရပါတယ်။

Avatar

Title:သမိုင်းမှတ်တမ်းဓာတ်ပုံတစ်ခုကို ပုံဖျက်ပြီး ဒေါ်အောင်ဆန်းစုကြည် အဖိုးအဖြစ်ဖော်ပြနေ တဲ့ အချက်အလက်မှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *