Civitနဲ့ Vitamin-Cအပါအဝင် နွားနို့၊ ကြက်ဥစတဲ့ဖြည့်စွက်အစာတွေက ကိုဗစ်နိုင်တင်းကို သက်သာစေသလား

Coronavirus Misleading ကျန်းမာရေး၊ | Health

Civiteနဲ့ Vitamin-Cအပါtဝင် နွားနို့၊ ကြက်ဥစတဲ့ လူကိုအာဟာရဖြစ်စေတဲ့ ဖြည့်စွက်အစာတွေက ကိုဗစ်နိုင်တင်းကို သက်သာပြီး ပြန်လည်ကောင်းမွန်လာမယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူကြားမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။

ဒီပို့စ်မှာ “ကိုဗစ်လက္ခဏာတွေပြလာရင် မိမိလုပ်ရမှာက ရောဂါအခံ ဆီးချိူ သွေးချိူသွေးတိုးရှိလား အရင်စစ်ရပါမယ် (အိမ်မှာပဲ စက်ဖြင့် စစ်ဆေးပါ လူ အထိတွေ့နည်းနိုင်သလောက် နည်းအောင်ဂရုစိုက်ပါ) ရောဂါအခံရှိလျှင် ဆေးရုံတန်းသွားပါ။ ရောဂါအခံမရှိရင်  *ကြက်ဥ တနေ့2လုံးစားရန်၊* Civit bbi 100 ကို ၂လုံးသောက်ပါ၊*ရေနွေးနဲ့ဆားရည် ပါးလုပ်ကျင်းပါ၊ *ရေနွေးကြမ်း အဖန်ရည်သောက်ပါ ဂျင်းနဲ့ထန်းညက် ပြုတ်ထားတာသောက်ပါ၊ *အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ၊ *နေပူနေရင် မနက်နေကို မိနစ် ၂၀လောက်လှူံပါ၊ *နေခင်းဘက်လည်း ထမင်းစားပါ အသီး၊အရွက်တွေစားပါ ကြက်သားငါးစားပါ၊*ပီးရင် ရေနွေးနဲ့သံပုရာရည် ဖျော်သောက်ပါ သံပုရာသီးကို နှစ်ပီးများများထည့်သောက်ပါ၊ *နေ့ခင်း ၂နာရီလောက်အနည်းဆုံး ပြန်အိပ်ပါ၊*နိုးတာနဲ့စားဖို့လုပ်ပါ အားရှိတာစားပါ၊ *ညဘက်လည်းထမင်းစားပါ၊ *Civit 2လုံးထပ်သောက်ပါ၊ *အိပ်ခါနီး ရေနွေးနဲ့ဆားရည် ပါးလုပ်ကျင်းပါ၊*ညဘက်စောစော အိပ်ပါ၊ *သုံးရက် မြောက်နေ့ဆို အနံ့အနည်းအကျင်းပြန်ရလာပါလိမ့်မယ်၊ *တစ်ပတ် ဆယ်ရက်ဆို ပြန်ကောင်းသွားမှာပါ၊ *အိမ်မှာပဲ stay home ပါ”လို့ ရေးသားထားတာတွေ့ရပါတယ်။

FB LinkArchive Link

အချက်အလက်စိစစ်ချက်

ဒီပို့စ်နဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေမှာ ကိုဗစ်နိုင်တင်းရောဂါ မပြန့်ပွားဖို့ကို ကိစ္စမရှိရင် မလိုအပ်ပဲ အိမ်အပြင်မထွက်ဖို့ တက်နိုင်သလောက် အိမ်မှာပဲနေဖို့ကိုသာ လမ်းညွှန်ထားပြီး ကိုဗစ်နိုင်တင်းရောဂါ Positiveလူနာတွေကို မိမိအိမ်မှာပဲ မိမိအစီစဉ်နဲ့ကုသဖို့ ညွှန်ကြားထားတာ မရှိသေးပါပဲ သတ်မှတ်ထားတဲ့ ဆေးရုံနဲ့ ရောဂါကုစင်တာတွေမှာသာ ဆရာဝန်နဲ့ တက်ရောက်ကုသဖို့ကိုသာ ညွှန်ကြားထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး Factcrescendo Myanmarက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်ထောက်ညွှန်ကားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “အာဟာရရှိတဲ့အစားစာကို စာတာကောင်းပါတယ်၊ ဒါပေမဲ့ ခန္ဓာကိုယ်ကအားပြည့်နေရင် ရောဂါပျောက်သွားမယ်ဆိုတာတော့ မဟုတ်ပါဘူး၊ ရောဂါလက္ခဏာမပြနိုင်တော့တာဆိုရင် ဖြစ်ကောင်း ဖြစ်လိမ့်မယ်၊ ရောဂါအရှင်းပျောက်သွားမယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး၊ ပြီးတော့ ရောဂါဖြစ်ရင်အိမ်မှာပဲနေပြီးကုရမယ်ဆိုတာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေနဲ့ အားမပေးပါဘူး၊ ဆရာဝန်နဲ့ သေသေချာချာကုရမှာပါ”လို့ ဖြေကြားထားပါတယ်။

ကမ္ဘာကျန်းမာရေးအဖွဲ့ WHOကလည်း ကိုဗစ်နိုင်တင်းနဲ့ပတ်သက်ပြီး ဖြည့်စွက်အာဟာရနဲ့ ဘယ်လိုဗီတာမင်ဓာတ်ပါတဲ့ အစားစာတွေစားရမယ်ဆိုတဲ့ လမ်းညွှန်ချက်မရှိသေးတဲ့အကြောင်း WHOရဲ့ အမေး၊ အဖြေကဏ္ဍမှာ ထည့်သွင်းထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

WHO

သုံးသပ်ချက်

အထက်ပါအချက်တွေအရ အစာအဟာရကြွယ်ဝတဲ့အစားအစာတွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်ချက်ဖြစ်ပြီး ခန္ဓာကိုယ် ကိုယ်ခံအားစနစ်အတွက်လည်း အရေးကြီးတယ်ဆိုတာ တွေ့ရပါတယ်။ သို့သော်လည်း Civitနဲ့  Vitamin-Cအပါအဝင် နွားနို့၊ ကြက်ဥစတဲ့ဖြည့်စွက်အစာတွေက ကိုဗစ်နိုင်တင်းကို သက်သာပျောက်ကင်းစေ တယ်ဆိုတဲ့အထောက်အထားမျိုးတော့မရှိပါဘူး။

Avatar

Title:Civitနဲ့ Vitamin-Cအပါအဝင် နွားနို့၊ ကြက်ဥစတဲ့ဖြည့်စွက်အစာတွေက ကိုဗစ်နိုင်တင်းကို သက်သာစေသလား

Fact Check By: Lynn Yu 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *