Fact Check: ခေါက်ဆွဲခြောက်တွေမှာ ဖ‌‌ယောင်းပါဝင်တာကြောင့် ကင်ဆာဖြစ်စေတယ် ဆိုတဲ့ သတင်းမှား

False လူမှုရေး

ခေါက်ဆွဲခြောက်တွေမှာ ဖ‌‌ယောင်းပါဝင်တာကြောင့် ကင်ဆာဖြစ်စေတယ်ဆိုတဲ့ပို့စ်ဖေ့စ်ဘွတ်အသုံးပြုသူ တွေ အကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။ 

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။

“ကင်ဆာဖြစ်ချင်ရင်

ခေါက်ဆွဲခြောက်ကိုများများစား‌ နေ့တိုင်းစား။မမေ့နဲ့နော်”

ဒီစာသားနဲ့အတူ စာသားဓာတ်ပုံတခုကိုလည်းမျှဝေထားရာမှာ ဒီဓာတ်ပုံစာသားမှာ “သင်သိပါသလား ခေါက်ဆွဲခြောက်တွေမှာ ဖော့ဘူးတွေမှာ သုံးတဲ့ ဖယောင်းတွေပါဝင်ပါတယ်။ ဒီဖယောင်းတွေကြောင့် ခေါက်ဆွဲခြောက်ကို ချက်လိုက်တဲ့အခါ စေးကပ်မနေတာပါ။ လူ့ခန္ဓာကိုယ်ဟာ ဖယောင်တွေကို ဆေးပစ်ဖို့ ၂ ရက်လောက် အချိန်ယူရပါတယ်။ ဒါကြောင့် ခေါက်ဆွဲခြောက် တစ်ခါ စားပြီးရင် ၂ ရက် ၃ ရက်လောက် မစားဘဲ နေသင့်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီ ဖယောင်း ဓာတ်ဟာ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီတူညီတဲ့အကြောင်းအရာဟာ ၂၀၀၀ ခုနှစ်လောက်ကတည်းက အခြားသော ဘာသာစကားနဲ့ အင်တာနက် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပြီး အချက်အလက်စိစစ်တဲ့ အဖွဲ့အစည်းအသီးသီးက အချက်အလက်စိစစ် ဖော်ပြ ပြီးဖြစ်ပါတယ်။(ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ)

တကယ်တော့ ခေါက်ဆွဲခေါက်တွေမှာ ဖယောင်းပါတယ်ဆိုတာ မဟုတ်သလို ဖ‌ယောင်းက အဆိပ်အတောက်ဖြစ် စေပေမဲ့ ကင်ဆာဖြစ်စေတယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ အသင့်စားခေါက်ဆွဲခေါက်ထုတ်တဲ့ ကုမ္ပဏီတွေက သူတို့ထုတ်ကုန်တွေမှာ ဖယောင်းပါဝင်တယ်ဆိုတ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။ 

ဒီလိုပဲ အစိုးရဌာနတခုဖြစ်တဲ့ စင်ကာပူ စိုက်ပျိုးရေးအစားအစာနှင့် ကုသရေးအာဏာပိုင်အဖွဲ့ (Agri-Food and Veterinary Authority of Singapore)ကလည်း အသင့်စားခေါက်ဆွဲခြောက်တွေမှာ ဖယောင်းပါတယ်ဆိုတာ ယုံတမ်းစကားတခုသာဖြစ်ပြီး တကယ်မဟုတ်ကြောင်း ၂၀၁၇ ခုနှစ်ထဲမှာ ရှင်းလင်းချက်ထုတ်ဖူးပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

ဆက်လက်ပြီးနောက်ထပ် ပြောဆိုချက်ဖြစ်တဲ့ ဖယောင်းက ကင်ဆာဖြစ်စေတယ်ဆိုတာ ကြည့်ရအောင်ပါ။ ဖယောင်းဟာ ပမာဏများများစားမိမယ်ဆိုရင်တော့ အဆိပ်အတောက်ဖြစ်စေတာတွေ့ပေမဲ့ ကင်ဆာဖြစ်တယ် ဆိုတဲ့အချက်တော့ တိတိကျကျ အထောက်အထားမတွေ့ရပါဘူး။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ အသင့်စား ခေါက်ဆွဲခြောက်တွေမှာ ဖ‌‌ယောင်းပါဝင်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒီပြောဆိုချက်ဟာ အခြားသောဘာသာစကားအသုံးပြုသူတွေကြားမှာလည်း ဆယ်စုနှစ်နဲ့ချီပြီး ပျံ့နှံ့ခဲ့ဖူးပြီး နိုင်ငံတကာနာမည်ကြီး ခေါက်ဆွဲခေါက်ထုတ်လုပ်ရောင်းချနေတဲ့ လုပ်ငန်းတွေက ငြင်းဆိုထားသလို စင်ကာပူ စိုက်ပျိုးရေးအစားအစာနှင့် ကုသရေးအာဏာပိုင်အဖွဲ့ လို အစိုးရဌာနတွေကလည်း ယုံတမ်းစကားတခု သာဖြစ်ကြောင်း ရှင်းလင်းဖူးပါတယ်။

ပြောဆိုချက်- ဖ‌‌ယောင်းပါဝင်တာကြောင့် ခေါက်ဆွဲခြောက်တွေက ကင်ဆာဖြစ်စေတယ်

Avatar

Title:Fact Check: ခေါက်ဆွဲခြောက်တွေမှာ ဖ‌‌ယောင်းပါဝင်တာကြောင့် ကင်ဆာဖြစ်စေတယ် ဆိုတဲ့ သတင်းမှား

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *