
“ကိုရိုနာဗိုင်းရပ် ပျောက်ဆေးကို တကမ္ဘာလုံး ဖြန့်ချီတော့မယ့် နိုင်ငံ ပေါ်ထွက်လာ”ဆိုပြီးတော့ ဧပြီ ၃၀ ရက်စပြီး ဖေ့စ်ဘွတ်သုံးစွဲသူက ပြန်လည်မျှဝေနေကြတာတွေ့ ရပါတယ်။
ဖေ့စ်ဘွတ်အုပ်စုတော်များများနဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ချို့မှာမျှဝေနေကြတဲ့ သတင်းကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
“အိန္ဒိယ သမုဒ္ဒရာ အတွင်းက ကျွန်းနိုင်ငံ မာဒါဂတ်စကာနိုင်ငံ သမ္မတ Andry Rajoelina က သူ့နိုင်ငံကနေ ထုတ်လုပ်ရောင်းချနေတဲ့ COVID ပိုးနိုင် အောဂင်းနစ် တိုင်းရင်းဆေးကို ပြည်ပနိုင်ငံတွေကို ဖြန့်ဖြူးရောင်းချ တော့မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။လူဦးရေ ၂၆ သန်းကျော် 26,262,313 ရှိနေတဲ့ သူ့နိုင်ငံမှာ တရုတ် နိုင်ငံ ဝူဟန် ကလာတဲ့ ကိုဗစ်-၁၉ ပိုးတွေ့ ရောဂါရှင် ၁၂၈ ဦး မှာ ပြန်ကောင်း ၈၂ ဦးနဲ့သေသူ မရှိတာဟာ ဒီတိုင်းရင်းဆေး ကြောင့်လို့ ထုတ်ဖေါ်ပြောဆိုသွားပါတယ်”

အချက်အလက်စိစစ်ချက်
လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်၊ ကုသနိုင်တဲ့ဆေးဝါးမျိုး မတွေ့ရှိရသေးဘူးလို့ ကမ္ဘာ့ကျန်းမားရေးအဖွဲ့က ပြောကြားထားပါတယ်။ အပြင်းအထန်ဖျားနာသူတွေအနေနဲ့ ဒီဖြစ်စဉ်ကနေ သက်သာဖို့ ဆေးရုံတက်ပြီး လိုအပ်တဲ့ ကုသမှုတွေလုပ်ဖို့လိုအပ်တယ်လို့လည်းပြောကြားထားပြီး ဒီလိုလူနာအတွက် ရောဂါကနေသက်သာအောင် ပြုစုစောင့်ရှောက်မှုကနေပဲ အတော်များများက သက်သာလာတာဖြစ်ပါတယ်လို့လည်း ပြောကြားထားပါတယ်။
ကုသတာ၊ ကာကွယ်တာတွေမှာဖြစ်နိုင်ခြေရှိတဲ့ဆေးဝါးတွေကို လူတွေနဲ့ စမ်းသပ်မှုအဆင့်တော့ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ဒီလိုစမ်းသပ်တီထွင်မှုတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောကြားထားပြီး ကိုရိုနာဗိုင်းရပ်စ်ကနေ အကောင်းဆုံးကာကွယ် နိုင်မယ့်နည်းလမ်းကတော့ လက်ကို မကြာခဏဆေးကြော သန့်စင်တာ၊ ချောင်းဆိုး၊နှာချေတဲ့အခါမှာ တံတောင်ကွေး ဒါမှမဟုတ် တစ်သျှူးစနဲ့ ဖုံးအုပ်တာ၊တစ်ယောက်နဲ့တစ်ယောက်အနည်းဆုံး ၃ ပေလောက်ခွာပြီးနေထိုင်တာတွေပဲဖြစ်တယ် လို့လည်းပြောကြားထားပါတယ်။

Google မှာ “madagascar covid medicine”ဆိုပြီး အဓိကျတဲ့စကားလုံးတွေကိုအသုံးပြုပြီးရှာဖွေရာ မာဒါဂတ်စကာနိုင်ငံ သမ္မတ Andry Rajoelina က သူ့နိုင်ငံကနေ ထုတ်လုပ်ရောင်းချနေတဲ့ COVID ပိုးနိုင် အောဂင်းနစ် တိုင်းရင်းဆေးရင်းဆေးကို နိုင်ငံသားတွေအနေနဲ့ သောက်သုံးကြဖို့ တိုက်တွန်းဆော်အော် ထားတာတွေ့ရပေမဲ့ အငြင်းပွားဖွယ်အချက်အလက်တွေလည်တွေ့ရှိရပါတယ်။
ဒီဆေးရည်သောက်လို့ပျောက်တယ်ဆိုတဲ့ အထောက်အထားမျိုး သိပ္ပံနည်းကျလေ့လာထားတာမျိုးမရှိဘူးလို့လည်း ကျွမ်းကျင်သူတွေက ပြောကြားထားတာတွေ့ရပါတယ်။ Newyork Times ကရေးသားထားတဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒီဆေးရည်ကို အဓိကအားဖြင့် အင်္ဂလိပ်လို Artemisia လို့ခေါ်တဲ့ ဆေးဘက်ဝင်အပင်ကနေထုတ်လုပ်ထားပြီး ငှက်ဖျားဆေးအဖြစ်အသုံးပြုခဲ့ဖူးပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တယ်ဆိုရာမှာလည်း လူ ၂၀ ဉီးလောက်ကိုပဲ စမ်းသပ်ထားပြီး စမ်းသပ်ချက်ရလာဒ်တွေကို ထုတ်ပြန်ကြေညာထားတာမျိုးမရှိဘူးလို့လည်း Africacheck.org ဆိုတဲ့အဖွဲ့အစည်းကရေးသားထားပါတယ်။ ထို့အတူ မာဒါဂတ်စကာနိုင်ငံအမျိုးသားဆေးပညာသိပ္ပံ(Anamem)က ဧပြီ ၂၃ ရက်မှာ COVID-19 ရောဂါကိုကုသဖို့အတွက် ဒီဆေးရည်နဲ့ပတ်သက်ပြီး လုံလုံလောက်လောက် သုတေ သနပြုထားချက်မရှိသေးဘူးလို့ ထုတ်ပြန်ထားတာလည်းတွေ့ရတယ်လို့လည်းဖော်ပြထားပါတယ်။

မာဒါဂတ်စကာနိုင်ငံအမျိုးသားဆေးပညာသိပ္ပံ(Anamem)က ပြင်သစ်ဘာသာနဲ့ရေးသားထားတဲ့ထုတ်ပြန်ချက်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မာဒါဂတ်စကာနိုင်ငံမှာ သမ္မတက Artemisia လို့ခေါ်တဲ့ ဆေးဘက်ဝင် အပင်ကနေထုတ်လုပ်တဲ့ဆေးရည်ကို ကိုရိုနာဗိုင်းရပ်စ်ကုသဖို့အတွက် အသုံးပြုဖို့ တွန်းအားပေးနေတာတွေ့ရပေမဲ့ ပျောက်ဆေးတွေ့ပြီး ဒီဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကုသဖို့အတွက် လုံလုံလောက်လောက် စမ်းသပ်ထား တာမျိုးမတွေ့ရတဲ့အတွက် သတင်းမှားဖြစ်ပါတယ်။

Title:မာဒါဂတ်စကာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ပျောက်ဆေးတွေ့ပြီးဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False