ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ နေပြည်တော် အချုပ်ထောင်ကနေ စစ်တပ်ရဟတ်ယာဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပို့လိုက်ပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ထိပ်ပိုင်းခေါင်းဆောင် ၄၀ ဦး လွှတ်ပေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော၊ ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ် ၅၄ ပြန်ရောက်ပြီဆိုတဲ့ ဗွီဒီယိုတွေကို “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ် လတ်တလော ဆက်တိုက်ဖြန့်ဝေလာတာတွေ့ရပါတယ်။ သတင်းတုတွေသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ အလားတူ ရေးသားမျှဝေထားတဲ့ ဗွီဒီယိုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

“နေပြည်တော်အချုပ်ထောင်ကနေ စစ်တပ်ရဟတ်ယာဉ်နဲ့ အမေစုကို ပြန်ပို့ပြီလို့ဗိုလ်ချုပ်ဇော်မင်းထွန်းပြော”

C:-Users-User-Downloads-Firefox_Screenshot_2024-08-23T14-47-03.054Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေ ဒါမှမဟုတ် သတင်းခေါင်းစဉ်တုတွေတပ်ပြီး ပြန်လည်ဖြန့်ချိနေတာတွေ့ရတယ်။

အခုလည်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ လွတ်လပ်တဲ့အာရှအသံသတင်းဌာနကဖော်ပြခဲ့တဲ့ “မြန်မာမှာ အကူအညီပေးရေးကိစ္စတွေအတွက် UNOCHA အကြီးအကဲ စစ်ကောင်စီနဲ့တွေ့”၊ Eleven Media Group ကဖော်ပြခဲ့တဲ့ “လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ပြီးနောက် အထူးဒေသ (၁) အတွင်း ထည့်သွင်းသတ်မှတ်ပြီး အုပ်ချုပ်ရေး လုပ်ငန်းများ လည်ပတ်နေ”ဆိုတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

C:-Users-User-Downloads-Untitled.png

အခြားသော အလာတူးဖြန့်ဝေထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ထိပ်ပိုင်းခေါင်းဆောင် ၄၀ ဦး လွှတ်ပေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုတဲ့ သတင်းတု ဗွီဒီယိုထဲမှာတော့ ရန်ကုန်ခေတ်သစ် သတင်းဌာနက ဖော်ပြခဲ့တဲ့ “သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၄၀ ဦးကျော်ကို ထောင်ဝန်ထမ်းများကရိုက်နှက်မှု ဦးခေါင်းနှင့်ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိ ၊ တိုက်ပိတ်မှုများ၊ ခြေကျင်းခတ်မှုများလည်း ခံနေရ”ဆိုတဲ့ သတင်းကို ဖော်ပြထားတယ်။

သုံးသပ်ချက်

“Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုဖော်ပြလေ့ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ အထောက်အထားမရှိပါဘူး။

ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီ

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False