
“ကြောက်ခေတ်”သီချင်းနဲ့ပတ်သက်ပြီး ကျားပေါက်ကို စုံစမ်းစစ်ဆေးမယ်လို့ ထုတ်ပြန်တယ်ဆိုပြီး သတင်း မှားဖြန့် ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ“ကြောက်ခေတ်”သီချင်းဟာ တပ်မတော်အပေါ် ပြည်သူလူထုအထင်မြင်လွဲမှား စေရန်တဲ့ အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမယ်လို့ သတင်းထုတ်ပြန်ထားပြီး သီချင်းကိုဖော်ပြခဲ့တဲ့ “The Voice Myanmar”ကိုလည်းစစ်ဆေးအရေးယူသွားမယ်လို့ ရေးသားပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဉက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပုံ၊ အဆိုတော်ကြားပေါက်ပုံ၊ “ကြောက်ခေတ်”သီးချင်းဗွီဒီယိုက ပြကွက်တစ်ခု ဓာတ်ပုံလည်းပါဝင်ပါတယ်။
သို့သော်လည်း ကြောက်ခေတ်သတင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်ဆိုတဲ့ ထုတ်ပြန်ချက်အပါအဝင် သတင်းတစ်စုံတစ်ရာ Fact Crescendo Myanmar ကမတွေ့ရပါဘူး။ “The Voice Myanmar”ဖေ့စ်ဘွတ်စာ မျက်နှာမှာလည်း ဒီသီချင်းကို တင်ထားတာမရှိပါဘူး။
လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းတဲ့ အလားတူပို့စ်ကို ဒီနေရာမှာလည်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက်ရေးဖွဲ့ခဲ့တဲ့ ကမ်ပိန်းသီချင်းတွေထဲမှာ ကြောက်ခေတ်သီချင်းဟာ လူကြိုက်များခဲ့တဲ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
““ကြောက်ခေတ်”သီချင်းနဲ့ပက်သက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟုသတင်းထုတ်ပြန်”လို့ ရေးသားပြီး တပ်မတော်အား ပြည်သူလူထုအထင်မြင်လွဲမှားစေရန်အကြောင်းပြုပြီး NLD ပါတီအားမဲဆွယ်စည်းရေးရုံး အသွင် ဖြင့်”ကြောက်ခေတ်”သီချင်းအားရေးသားသီဆိုခဲ့သူ “the voice myanmar”မှဒိုင်တစ်ဦးဖြစ်သူ အဆိုတော် ဟန်ထူးလွင်(ခေါ်)ကျားပေါက် အား တပ်မတော်အားဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြင့်စစ်ဆေး စုံစမ်းမှုများပြုလုပ်သွား မည်ဖြစ်ကြောင်းကနဦးသတင်းရရှိသည်။”ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ စာမျက်နှာမှာစစ်ဆေးကြည့်ရာမှာ ဒီလိုသတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာ မတွေ့ရှိရပါဘူး။
အခြားသောသတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ တရားဝင်မီဒီယာတွေမှာလည်း ဒီလိုသတင်းဖော်ပြချက်မတွေ့ ရှိရပါဘူး။
ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ “သီချင်းကိုဖော်ပြခဲ့သည့်”The Voice Myanmar”ကိုလည်းစစ်ဆေးအရေးယူသွားမည်”လို့လည်း ရေးသားထားပါတယ်။ “The Voice Myanmar” ဖေ့စ်ဘွတ်စာမျက်နှာကို စစ်ဆေးကြည့်ရာမှာ “ကြောက်ခေတ်” သီချင်းကို တင်ထားတာ မတွေ့ရှိရပါဘူး။
အဆိုတော်ကျားပေါက်ရဲ့အနုပညာလှုပ်ရှားမှုတွေဖော်ပြနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတော့အောက်တိုဘာ ၂၅ ရက်က ဒီဗွီဒီယို တင်ထားတာတွေ့ရပါတယ်။ လူမှုကွန်ယက်မှာ “ကြောက်ခေတ်” သီချင်းဗွီဒီယိုနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေလုပ်မယ်၊ တရားစွဲမယ်လို့ ရေးသားမျှဝေနေတာတွေနဲ့ပတ်သက်ပြီးတော့ အီးလ်မေးကနေတဆင့် ဆက်သွယ်ရာမှာ ArtNation Entertainment ရဲ့ CEO နဲ့ တည်ထောင်သူ ဦးဉာဏ်လင်းထွန်းက အောက်ပါ အတိုင်းပြန်ကြားခဲ့ပါတယ်။
“ဒီသတင်းနဲ့ပတ်သက်ပြီး ဆက်သွယ်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပို့စ် ပျံ့နှံ့နေတာ သတိထားမိပါတယ်။ သို့သော်လည်း ကျွန်တော်တို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆက်သွယ်တာမျိုးမရှိပါဘူး”
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတဲ့ တပ်မတော်အား ပြည်သူလူထုအထင်မြင်လွဲမှား စေမှုအတွက် “ကြောက်ခေတ်”သီချင်းနဲ့ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမယ်ဆိုတဲ့ မှန်ကန်မှု မရှိတာတွေ့ အထောက်အထားမရှိတာတွေ့ရပါတယ်။

Title:“ကြောက်ခေတ်”သီချင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်ဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: Misleading