မော်တော်ယာဉ်နဲ့ဆိုက်ကားမှာ သာသနာ့အလံထောင်တာတွေကိုအရေးယူဖို့ မုံရွာ အောင်ရှင် ပြောတယ်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

မော်တော်ယာဉ်နဲ့ဆိုက်ကားမှာ သာသနာ့အလံထောင်တာတွေ အရေးယူဖို့ တိုက်တွန်းကြောင်း မုံရွာ အောင်ရှင် ပြောတယ်ဆို တဲ့ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

ပျံ့နှံလျက်ရှိတဲ့ ပို့စ်မှာ ရန်ကုန်မြို့အပါအဝင် အခြားမြို့ရွာ ရပ်ကွက်တွေမှာ မော်တော်ယာဉ် ဆိုင်ကယ် ဆိုက်ကား အပါအဝင် အချို့အိမ်များအတွင် နိုင်ငံတော် သာသနာနေ့ အထိမ်းအမှတ်အဖြစ် သာသနာ့အလံများ စိုက်ထူခဲ့ကြ သည့်အပေါ် ကညန လက်အောက်ရှိ မော်တော်ယာဉ်များ ဆိုင်ကယ်များနှင့် စည်ပင်သာယာမှ ခွင့်ပြုချက်မယူထားတဲ့ ဆိုက်ကားများကို အရေးယူဖို့ စည်ပင်ကို ပြောမှဖြစ်မယ်လို့ ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကပြေတယ်ဆိုပြီးတော့ ရေးသားထားပါတယ်။

“ဘက်မလိုက် သတင်းဂျာနယ်” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်း မျှဝေထားရာမှာ ၃ နာရီအတွင်း လူမှုကွန်ယက်အသုံးပြုသူ ၂၀၀ ကျော်က ပြန်လည်မျှဝေထားပါတယ်။ အလားတူ “Si Thu Mg”အမည်နဲ့ အသုံးပြုသူက “မြန်ပြည်ချစ်”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ ြသဂုတ် ၂၅ ရက် မနက် ၂ နာရီဝန်းကျင်မှာ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၈၀၀ ကျော်ရှိခဲ့ပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာ မုံရွာအောင်ရှင်ကပြောတယ်လို့ ရေးသားထားသော်လည်း ဘယ်သတင်းဌာနကဖော်ပြတယ်၊ ဘယ်သူကိုပြောတယ်၊ ဘာကြောင့်ပြောတယ်စတဲ့ သတင်းအင်္ဂါရပ်မပါဝင်သလို သတင်းအရင်းအမြစ် ဖော်ပြထားခြင်း မရှိတာတွေ့ရပါတယ်။

Google မှာ “မော်တော်ယာဉ်များတွင် သာသနာ့အလံထောင် မုံရွာအောင်ရှင်”၊ “သာသနာ့အလံ မုံရွာအောင် ရှင်ပြော”စတဲ့ အဓိကျတဲ့စကားလုံးတွေအသုံးပြုပြီး သတင်းမီဒီယာတစ်ခုခုကဖော်ပြခဲ့ခြင်းရှိမရှိ ရှာဖွေရာမှာလည်း တစ်စုံတစ်ရာမတွေ့ရှိရဘဲ အခုလို ဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ကိုပဲတွေ့ရပါတယ်။

ဒီလို ပျံ့နှံ့ခဲ့တဲ့ ပို့စ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ အတွင်းရေး မှူးမုံရွာအောင်ရှင်ကို Fact Crescendo Myanmar က ဆက်သွယ်အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်း ပြောပါ တယ်။

“ကျွန်တော်လည်း တစ်ခါမှလည်း မပြောရပါဘူး။ အဲဒါ စိတ်ကူးထဲတောင်မရှိပါဘူး။ (မီဒီယာတစ်ခုခုက လာမေးတာမျိုး) ဘာမှမရှိပါဘူး။ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ အလွန်သတိထားပြီးတော့ ပြောလေ့ရှိပါတယ်။ အခုဟာ လုံးဝကို ကျွန်တော်ဆီလည်းမလာဘူး။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဘာမှလည်း မပြောဖူးဘူး”လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

သို့သော်လည်း သာသနာ့အလံ မလျော်မကန်အသုံးပြုမှုတားမြစ်ပေးရန် ဆရာတော်များထံ သာသနာရေးဝန်ကြီး တောင်းခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ်မှာ 7day ကရေးသားခဲ့တဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။

7day news

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ အတွင်းရေးမှူးမုံရွာအောင်ရှင်က မော်တော်ယာဉ်နဲ့ဆိုက်ကားမှာ သာသနာ့အလံထောင်တာတွေအရေးယူဖို့ တိုက်တွန်းဆိုတဲ့ အချက်အလက်ကို အချက်အလက်မှားအဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:မော်တော်ယာဉ်နဲ့ဆိုက်ကားမှာ သာသနာ့အလံထောင်တာတွေကိုအရေးယူဖို့ မုံရွာ အောင်ရှင် ပြောတယ်ဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *