Fact Check: Quad နဲ့ မြန်မာကမ်းစောင့်တပ် ပင်လယ်ပြင်တိုက်ပွဲဖြစ်တယ်ဆိုတာ မဟုတ်ပါ

Satire နိုင်ငံတကာ၊ | International

အမေရိကန်ရေတပ် လေယာဉ်တင် သင်္ဘော USS carl vinson ဦးဆောင်တဲ့ Quad အဖွဲ့နဲ့ မြန်မာစစ်တပ် ဘင်္ဂ လားပင်လယ်အော်မှာ တိုက်ပွဲဖြစ်ခဲ့ရာမှာ USS  carl vinson သင်္ဘောကို ဖျက်ဆီးလိုက်နိုင်တယ်လို့ ရေးသား တဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ဒီလိုတိုက်ပွဲအတွင်းမှာ ကိုကိုးကျွန်းအခြေစိုက် မြန်မာရေတပ်ကနေ ဒုံးကျဉ် ၂၁ လုံး၊ကမ်းစောင့်တပ်ကလည်း တော်ပီဒို ၃၂ လုံးနဲ့ ပစ်ခတ်ခဲ့ပြီး မင်္ဂလာဒုံလေတပ်ကနေလည်း SuKhoi-35 တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ တယ်လို့ ရေးသားထားပါတယ်။

သို့သော် ဒီလို ထိပ်တိုက်ထိတွေမှုအပါအဝင် တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတဲ့အထောက်အထားမတွေ့ရပါဘူး။

 “Min Aung Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသား မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။

“ပွဲကတော့စပြီ USS carl vinson လေယာဥ်တင် သင်္ဘော ကြီးဦးဆောင်တဲ့ QUAD အဖွဲ့ဟာဘင်္ဂလား ပင်လယ်အော် မှာစစ်ရေးလေးကျင့်ရာကနေ မြန်မာ့ပင်လယ်ရေပိုင်နက်သို့ ကျုးကျော်ဝင်ရောက်လာသဖြင့် Myanmar coast guard နှင့်ရင်ဆိုင်ထိတွေ့မှု့ဖြစ်ပွားရာ ကိုကိုးကျွန်းရေတပ်မှ ရေကြောင်းကာကွယ်ရေးမှ missiles ဒုံး 21 လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး missil 10လုံးအား ကြားဖြတ်ပစ်ချခံရပြီး 11 လုံးက ပစ်မှတ်အားထိရောက်ပျက်စီးစေခဲ့ပါတယ် ထို့အပြင် Myanmar coast guard ပင်လယ်ပြင် ရင်ဆိုင်တိုက်ပွဲမှာ တော်ပီဒို 32 လုံးပစ်ခတ်ရာ 4 လုံးမှာ လွှဲ၍ 28 လုံးဟာ ရန်သူ့ ရေငုပ် သင်္ဘော နှင့် ဖျက် သင်္ဘော အချို့ကို နစ်မြှုပ်ဖျက်စီးခဲ့ပါတယ်။ မင်္ဂလာဒုံ လေတပ်မှ Sukhoi -30 .Sukhoi -35 jet fighters 21 စီးနှင့် ပင်လယ်ပြင်အထက် လေကြောင်းတိုက်ပွဲ ဖြစ်ပွားခဲ့ရာ Sukhoi -30 လေးစီး ထိခိုက်ပျက်စီးခဲ့ပြီး Quad ဖက်မှ F -15 EX fighter 23စီးကိုပစ်ခတ် ဖျက်စီး နိုင်ခဲ့ပါတယ်။ ယခုစစ်ရေးအခြေအနေကတော့ Quad အဖွဲ့ဟာ ရှေ့ဆက်မတိုးရဲသေးပဲ စင်္ကာပူ နိုင်ငံမှထွက်ခွာ လာတဲ့ Elizabeth လေယာဥ်တင် သင်္ဘော ​နဲ့အဖွဲ့ဟာလည်း မြိတ် ကော့သောင်း မြန်မာ့ရေပိုင်နက် အနားမကပ် ရဲပဲရပ်တန့်ပြီး ကြည့်နေရပါတယ် USS carl vinson ဟာလည်း missile ထိပြီး အပျက်အစီးများစွာဖြင့် နောက်ပြန် ဆုတ်သွားကြောင်း ကမ္ဘာ့နိုင်ငံများအနေဖြင့် မြန်မာ့တပ်မတော် ရဲ့ စစ်ရေးစွမ်းအင်ကို သိရှိသွားပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်”စသည်ဖြင့် ရေးသားထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၂ ထောင် ၈ ရာဝန်းကျင်ရှိပါတယ်။

တူညီတဲ့ ရေးသားမျှဝေမှု တွေကို ဒီနေရာဒီနေရာဲ့ဒီနေရာတွေ မှာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

ဘင်္ဂလားပင်လယ်အော်မှာ အမေရိကန်၊အိန္ဒိယ၊ဂျပန်နဲ့ ဩစတေးလျတို့ပါဝင်တဲ့ Quad အဖွဲ့ဟာ မာလာဘာ (Malabar)လို့အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို ဒုတိယအကြိမ်အဖြစ် ဘင်္ဂလားပင်လယ်အော်မှာ ၂၀၂၁ အောက်တိုဘာ ၁၂ ကနေ ၁၅ အထိ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။

သို့သော်လည်း ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာရေတပ်က ဒုံးကျဉ်နဲ့ ပစ်ခတ်တဲ့ဆိုတဲ့ သတင်းမျိုးမတွေ့ရသလို USS carl vinson လေယာဉ်တင်သင်္ဘောထိခိုက်ပျက်စီးခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။

 “၂၀၂၁ ခုနစ် မာလာဘာ လေ့ကျင့်ခန်း။ စွမ်းရည်မြင့် စစ်သင်္ဘောကြီးအတွင်းပိုင်းက ဘယ်လိုရှိသလဲဆိုတာကို WION သတင်းဌာနရဲ့  သတင်းထောက် Molly Gambhir က အမေရိကန် ရေတပ်လေယာဉ်တင်သင်္ဘော USS carl vinson ပေါ်ကနေ ရိုက်ကူးတင်ဆက်ထားတဲ့ ရှားရှားပါးပါး မြင်ကွင်းတွေပဲဖြစ်ပါတယ်။”လို့ ရေးသားပြီး USS carl vison ပေါ်လိုက်ပါပြီး ဒီစစ်ရေးလေ့ကျင်မှုကို သတင်းယူခွင့်ရခဲ့တဲ့ အိန္ဒိအခြေစိုက် WION သတင်းဌာနက အောက် တိုဘာ ၁၇ မှာ သတင်းဖော်ပြခဲ့တာတွေ့ရပါတယ်။ ဒီသတင်းမှာလည်း USS carl vinson ဖျက်ဆီးခံရ တယ်ဆိုတဲ့ အထောက်အထားမပါဝင်ပါဘူး။

မူရင်းလင်ခ့် –WIONArchive link

အမေရိကန်ရေတပ်ရဲ့ ပစိဖိတ်သင်္ဘောအုပ်စု ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်တဲ့ သတင်းတွေဖော်ပြထားပေမဲ့ ဒီလိုတိုက်ပွဲသတင်းဖော်ပြချက်မတွေ့ရပါဘူး။

ထို့အပြင် မြန်မာလေတပ်မှာလည်း Sukhoi-35 တိုက်လေယာဉ်ရှိတယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။ ရုရှားထုတ် Sukhoi-30 အမျိုးအစားတိုက်လေယာဉ် မှာယူထားတာရှိပေမဲ့ မြန်မာလေတပ်မှာသုံးနေပြီဆိုတဲ့ အထောက်အထားမျိုးမရှိသေးပါဘူး။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ မြန်မာရေတပ်က Quad အဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်ဆိုတဲ့အထောက်အထားမျိုးမရှိ သလို USS carl vinson ကိုဖျက်ဆီးလိုက်နိုင်တယ်ဆိုတဲ့အချက်အလက်ဟာလည်း မှားယွင်းပါတယ်။

Avatar

Title:Quad နဲ့ မြန်မာကမ်းစောင့်တပ် ပင်လယ်ပြင်တိုက်ပွဲဖြစ်တယ်ဆိုတာ မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Satire


Leave a Reply

Your email address will not be published. Required fields are marked *