တရားဟောဆရာ စောဒေးဗစ်လားအမှုကို ရုပ်သိမ်းလိုက်ပြီဆိုတဲ့ သတင်းမှား

Coronavirus False နိုင်ငံရေး၊ လူမှုရေး၊

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအတည်ပြုလူနာ အများဆုံး ရှိနေတဲ့ နေရာတစ်ခုဖြစ်နေရာမှာ ခရစ်ယာန်ဘာသာရေးအခမ်းအနားတစ်ခုကြောင့် လူနာအရေအတွက် များပြားလာခဲ့ပါတယ်။ 

ဒီလိုအခြေအနေမျိုးမှာ “၁၄.၄.၂၀၂၀ ရက်နေ့က မရမ်းကုန်းမြို့မရဲစခန်းမှာ အမှုအမှတ်(ပ)(၅၈၃/၂၀၂၀)ဖြင့် အမှုဖွင့်အရေးယူထားသော စောဒေးဗစ်(ခ) ဒေးဗစ်လားကို နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်၏ ညှိုနှိုင်းဖြန်ဖြေမှု အရအမှုပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါတယ်။သောက်မျိုးအတွက်ဆို ဥပဒေအပေါ်ရောက်နေတာ ဘယ်သူတွေလဲ။ဒေးဗစ်လားကို မြန်မာပြည်ခေါ်လာတာ ဦးဗန်။တရားစွဲတာက ရန်ကုန်တိုင်းအစိုးရ။ အမှုပိတ် ခိုင်းတာက မွှေမွှေ ကျွန်တော် သဘောကတော့ ကွီးဖြိုးဘက်ကပဲ။တရားစွဲသင့်တယ်။မှန်တယ်။”ဆိုပြီးတော့ “Ko Mar Ga” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူနဲ့ “အန်ကယ်မာမီ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက ဧပြီ ၁၅ ရက်ညနေပိုင်းမှာ လူမှုကွန်ယက်မှာမျှဝေခဲ့တာ အောက်ပါအတိုင်းတွေ့ရပါတယ်။

Fb linkFb link
Archive linkArchive link

ဘာသာရေးခေါင်းဆောင်နဲ့ အခြားလူ ၄ဉီးကို အမှုဖွင့်တဲ့နေမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က အင်းစိန်မှ လူတစ်စုရောဂါပိုးတွေ့ရှိမှုမှာ ရန်ကုန်တိုင်းအစိုးရကထပ်ဆင့် လုပ်ဆောင်ချက်ကြောင့် ပြည်သူများစိတ်ဝမ်းကွဲရခြင်းဟာ အလွန်ဝမ်းနည်းစရာကောင်းကြောင်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့တာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့် တရားစွဲခံထားရသည့် တရားဟောဆရာ စောဒေးဗစ်လား အပါ အဝင် ၄ ဉီး အမှုကို ရုပ်သိမ်းရန် ညွှန်ကြားထားခြင်းမရှိကြောင်း ရန်ကုန်တိုင်းကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူ ရန်ကုန်တိုင်းဒေသကြီးလူမှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားထားတာကို သတင်းမှာ မှန်ကုန်မှုမရှိကြောင်း Myanmar Now သတင်းဌာနကို အောက်ပါအတိုင်းဖော်ပြခဲ့ပါတယ်။

LinkArchive link

ဘာသာရေးအခမ်းအနားဦးဆောင်ပြုလုပ်တရားဟောဆရာဒေးဗစ်လား အပါအဝင်လေးဦး၏အမှုမှာ ယနေ့နံနက် (ဧပြီ ၁၆ရက်)အထိ ရုတ်သိမ်းခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေကို အတည်ပြုထားတဲ့  7Day News သတင်းကိုအောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

LinkArchive link

တရားဟော ဆရာဒေးဗစ်လား အပါအဝင်လေးဦးကို ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီက အမှုဖွင့်လှစ်တရားစွဲဆိုကြောင်း ဧရာဝတီသတင်းဌာနက ရေးသားထားတဲ့ သတင်းကိုအောက်ပါလင်ခ့်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Irrawaddy

သုံးသပ်ချက်

အထက်ပါ မြို့နယ်ရဲစခန်းနဲ့ ရန်ကုန်တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးရဲ့ ပြောကြား ချက်အရ ဘာသာရေးအခမ်းအနားဦးဆောင်ပြုလုပ်တရားဟောဆရာစောဒေးဗစ်(ခ) ဒေးဗစ်လားကို နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်၏ ညှိုနှိုင်းဖြန်ဖြေမှု အရအမှုပိတ်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းမှား ဖြစ်ကြောင်း သုံးသပ်ပါတယ်။

Avatar

Title:တရားဟောဆရာ စောဒေးဗစ်လားအမှုကို ရုပ်သိမ်းလိုက်ပြီဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *