
ရခိုင်ပြည်နယ်အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်ရေးဆောင်ရွက်နေသော မြန်မာတပ်မတော်အားချီးကျူးဂုဏ်ပြုခြင်း နှင့် ထပ်ဆင့်တာဝန်ပေးအပ်ခြင်းဆိုတဲ့ သမ္မတရုံးတံဆိပ်နဲ့ ရုံးစာတစ်စောင်ဟာ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။
“ရခိုင်ပြည်နယ်က NLDပါတီက ကိုယ်စားလှယ်တွေ၊ NLDပါတီဝင်တွေ၊ NLDထောက်ခံသူတွေကို ဘယ်လိုခေါ်ရမလဲ။ နောက်ဆုံးမင်းတို့လည်း ရခိုင်လူမျိုးကို သတ်တဲ့ပူးပေါင်းတရားခံဖြစ်လိမ့်မယ်”လို့ ရခိုင်ဘာသာနဲ့ ရေးသားထားတဲ့စာအညွှန်းနဲ့အတူ ဒီစာကိုတင်ထားတာတွေ့ရပါတယ်။

အချက်အလက်သုံးသပ်ချက်
ပထမဦးဆုံးအနေနဲ့ဒီစာကို နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံ့ရုံးတို့ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ ဝဘက်ဆိုဒ်တို့မှာ ဒီစာကိုတင်ထားတာမတွေ့ရပါဘူး။စာရဲ့ အပေါ်မှာ နိုင်ငံတော်သမ္မတရုံးအမှတ်တံဆိပ်ပါဝင်ပြီ အောက်က လက်မှတ်ထိုးသူနေရာမှာတော့ သမ္မတဦးဝင်းမြင့်လက်မှတ်နဲ့ အမည်မဟုတ်ပဲ နိုင်ငံတော်အတိုင်ပင်ခံ့ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ ဖြစ်နေတာကို တွေ့ရပါတယ်။တကယ်ဒီရုံနှစ်ခုက မတူပါဘူး။ပြီးခဲ့တဲ့ ဧပြီလကတော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တွေကို ချီူကျူးဂုဏ်ပြုကြောင်း စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ဒီစာနှစ်ခု မတူညီကြောင်း အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။
ဒါ့အပြင် ဒီစာက အတုဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ Skynet UptoDateက ဖော်ပြထားတာတွေ့ရပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ရခိုင်ပြည်နယ်အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်ရေးဆောင်ရွက်နေသော မြန်မာတပ်မတော်အားချီးကျူးဂုဏ်ပြုခြင်း နှင့် ထပ်ဆင့်တာဝန်ပေးအပ်ခြင်းဆိုတဲ့စာက အတုဖြစ်ကြောင်း တွေ့ရပါတယ်။

Title:ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ တပ်မတော်သားတွေကို ဒေါ်အောင်ဆန်းစုကြည်ဂုဏ်ပြုတဲ့ စာအတု
Fact Check By: Lynn YuResult: False