
“၅၂သန်းသောပြည်သူများရဲ့ လက်သန်းလေးတွေ မှင်စွန်းရကျိုးနပ်ပြီ…….. အမေ ကိုယ်တိုင် PPE ဝတ်စုံနဲ့ ကိုဗစ်လူနာတွေကို လိုက်လံကြည့်ရှူ အားပေးနေပြီ ……အမေ့နောက်မှာ ၅၂သန်းသောပြည်သူတွေ ဝိုင်းဆုတောင်း ပေးတဲ့ ဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်လဲ အတူလိုက်ပါပြီး ဆေးရုံတွေမှာ လိုအပ်တဲ့အရာတွေ လိုက်လံ စစ်ဆေး နေပြီ မကြာခင် ဆေးရုံနဲ့ ဆရာဝန်ကြီးတွေ လူနာတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမှာပါ”ဆိုပြီးတော့ “Zarni tike”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။

အချက်အလက်စိစစ်ချက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ တရားဝင် လူမှုကွန်ယက်စာမျက်နှာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 လူနာတွေဆီသွားရောက်ခဲ့တဲ့ သတင်းမတွေ့ရှိရပါတယ်။
ပို့စ်ရဲ့အောက်ခြေမှာ ဒီပုံဟာ ၂၀၁၉ ခုနှစ်က သီလဝါကို ဒေါ်အောင်ဆန်းစုကြည်သွားရောက်လည်ပတ်တုန်း ကပုံဖြစ်တယ်ဆိုပြီးတော့လည်း မှတ်ချက်ပေးသူတစ်ချို့က ရေးသားထားပါတယ်။ Google မှာ ပုံပြောင်းပြန်ရှာ နည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် ြသဂုတ် ၂၁ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက် ကာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း အဲဒီအချိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဒေါ်အောင်ဆန်းစုကြည် PPE ဝတ်စုံနဲ့ကိုဗစ်လူနာတွေကို လိုက်လံကြည့်ရှူ အားပေးနေတယ်ဆိုတဲ့ သတင်းဟာ သတင်းမှားဖြစ်ပါတယ်။

Title:ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်လူနာတွေကို လိုက်လံကြည့်ရှူဆိုတဲ့သတင်းမှား
Fact Check By: Nayar MaungResult: False