ဉက္ကာခဲကြီး ကမ္ဘာမြေပေါ်ကျလာနေတယ်လို့ နာဆာရဲ့ အရေးကြီးသတိပေးချက်ဆိုတဲ့ Facebook Live ဗွီဒီယိုသတင်းမှား

False နိုင်ငံတကာ၊ | International လူမှုရေး

“ဉက္ကာခဲကြီး ကမ္ဘာမြေပေါ်ကျလာနေတယ်လို့ နာဆာရဲ့ အရေးကြီးသတိပေးချက်”ဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုက ဧပြီ ၂၉ ရက်မှာ Live ဗွီဒီယိုတစ်ခုထုတ်လွှင့်ခဲ့ပါတယ်။

၇ နာရီကျော်ကြာမြင့်တဲ ဒီဗွီဒီယိုမှာ နောက်ခံအသံတစ်ချို့ပါဝင်ပြီး ဉက္ကာခဲလို့ထင်ရတဲ့ ကောင်းကင်ပေါ်က ကျလာတဲ့ အလင်းတန်းကြီးတစ်ခုကို အနီးအဝေးသုံးပေါင်းစပ်ရိုက်ကူးထားတာတွေ့ရပါတယ်။နောက်ပိုင်းမှာ ဗွီဒီယိုအတိုအဖြစ်ပြန်လည်ဖော်ပြခဲ့ပါတယ်။

“ချစ်တက် သူ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မြန်မာ့ သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ “Ava page” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက လွှင့်တင်တဲ့ ဒီဗွီဒီယိုကို မျှဝေထားတာတွေ့ရပါတယ်။

Fb linkArchive link

“Ava page” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုရဲ့အပေါ်မှာ ““ဉက္ကာခဲကြီး ကမ္ဘာမြေပေါ်တဲ့ အန္တရာယ်ကြီး နာဆာရဲ့ အရေးကြီးသတိပေးချက်”လို့ ဘာသာပြန်ဆိုနိုင်တဲ့ “Urgent direct from NASA… Oberseving and photographing a huge asteroid, which NASA describe as “potential hazard” approaching direct collision with Earth”ဆိုပြီး ရေးသားထားပြီး ထုတ်လွှင်ခဲ့ပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ပထမဆုံး NASA ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်တွေနဲ့ ထုတ်ပြန်ချက်တွေကို ရှာဖွေရှာမှာ 1998 OR2 လို့မည်ပေးထားတဲ့ ကမ္ဘာမြေအနီးကနေ အမေရိကန်စံတော်ချိန်(Eastern Time) ဗုဒ္ဓဟူးနေ့ မနက် ၅ နာရီ ၅၅ မိနစ်မှာ ဖြတ်သန်းသွားမယ်လို့ ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ ဒီဉက္ကာခဲဟာ မိုင်ပေါင်း ၃ ဒသမ ၉ သန်းအကွာအဝေးက ဖြတ်ပျံသန်းသွားမှာဖြစ်လို့ လနဲ့ ကမ္ဘာမြေအကွာအဝေးရဲ့ ၁၆ ဆအကွာအဝေးကနေ ဖြတ်သန်းသွားတာမို့ စိုးရိမ်စရာမရှိဘူးလို့ထုတ်ပြန်ထားတာတွေ့ရပါတယ်။

NASAArchive link

NASA ရဲ့ တွစ်တာအကောင့်ကလည်နေပြီးတော့လည်း ဧပြီ ၂၉ ရက်နေ့မှာ 1998 OR2 ဉက္ကာခဲဟာ ဘေးကင်းတဲ့ အကွာအဝေးတစ်ခုကနေ ဖြတ်သန်းသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

NASA Asteroid Watch

live လွှင့်ခဲ့တဲ့ ဗွီဒီယိုကို ကြည့်ရင် ၂၀၁၂ ခုနှစ်က ပီရူးနိုင်ငံမှာ ဥက္ကာခဲလိုထင်ရတဲ့အရာတစ်ခု ကမ္ဘာမြေပေါ်ကျ ရောက်ခဲ့တဲ့အကြောင်း ဗွီဒီယိုမှာပါတဲ့အကြောင်းအရာတွေထဲက ဗွီဒီယိုဖြစ်နေတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဉက္ကာခဲကြီး ကမ္ဘာမြေပေါ်ကျလာနေတယ်လို့ နာဆာရဲ့ အရေးကြီးသတိပေး ချက်ဆိုတဲ့ live ဗွီဒီယိုဟာ ၂၀၁၃ ခုနှစ်က ပီရူးနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ဉက္ကာခဲကြွေကျတာလို့ ယူဆရတဲ့ ဖြစ်ရပ်က ဗွီဒီယိုဖြစ်ပါတယ်။ NASA ရဲ့ထုတ်ပြန်ချက်မှာ ကမ္ဘာမြေအတွက် ဘေးကင်းလုံခြုံတဲ့အကွာအဝေးကနေဖြတ်သန်း သွားမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် ဒီဗွီဒီယိုဟာ သတင်းတုသတင်းမှားဖြစ်ပါတယ်။

Avatar

Title:ဉက္ကာခဲကြီး ကမ္ဘာမြေပေါ်ကျလာနေတယ်လို့ နာဆာရဲ့ အရေးကြီးသတိပေးချက်ဆိုတဲ့ Facebook Live ဗွီဒီယိုသတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *