Fact Check: မဲမသမာမှုတွေ ရှင်းပြီးမှာ အစိုးရဖွဲ့သင့်လို့ ဦးဝင်းထိန် ပြောခဲ့ သလား- မဟုတ်ပါ

False နိုင်ငံရေး | Politics

မဲမသမာမှုတွေ ရှင်းပြီးမှာ အစိုးရဖွဲ့သင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက ဦးဝင်းထိန်ကပြော တယ်ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။

မဲ မသမာမှုကိုတော့ သူ့အနေနဲ့ လက်မခံကြောင်းနဲ့ နိုင်ငံခြားသား အကြံပေးတွေပေါင်းပြီးကြံတာလို့ ကြားရ ကြောင်း၊အကုန်ထောင်ကျလိမ့်မယ့်အကြောင်း ဦးဝင်းထိန်က ပြောကြားတယ်ဆိုပြီးတော့ ဓာတ်ပုံနှင့် တကွဖော်ပြထားတာတွေ့ရပါတယ်။

သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးက NLD နာယက ဦးဝင်းထိန်အနေနဲ့ ြသဂုတ်လနောက်ပိုင်းမှာ မည်သည့်မီဒီယာနဲ့မှာ ပြောဆိုခဲ့ခြင်းမရှိကြောင်း ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးဝင်းထိန်ဟာ ပါတီတာဝန်နဲ့ နေပြည်တော်မှာရောက်နေတာ ဩဂုတ်လကတည်းကဖြစ်ပြီး ယနေ့အချိန်ထိ မီဒီယာများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ အင်တာဗျူး ဖြေကြားခြင်းများကို လုံးဝမပြုလုပ်ခဲ့ကြောင်း ဗဟိုပြန်ကြားရေးကော်မတီဝင်ဦးကြည်တိုးက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာက တစ်ဆင့် ဇန်နဝါရီ ၂၀ ရက်မှာအောက်ပါအတိုင်း ရှင်းလင်းထားပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးဝင်းထိန် ပါတီတာဝန်ဖြင့် နေပြည်တော်မှာရောက်နေတာ ဩဂုတ်လကတည်းကဖြစ်ပြီး ယနေ့အချိန်ထိ မည်သည့်မီဒီယာများနှင့်မျှ တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ အင်တာဗျူးဖြေကြားခြင်းများကို လုံးဝမပြုလုပ်ခဲ့ကြောင်းသိစေအပ်ပါသည်။”

မူရင်းလင်ခ့် – Kyi ToeArchive link

ဦးဝင်းထိန်က သတင်းစာတစ်စောင်ကို ပြောကြားဟန်နဲ့ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ဟာ မည်သည့် သတင်းဌာနက သတင်းစာမှာဖော်ပြချက်ဆိုတဲ့ ပုံစံမျိုးမတွေ့ရပါဘူး။ သတင်းစာတစ်ခုစာမျက်နှာတစ်ခုဟန်ကို အတုဖန် တီးလို့ရတဲ့ ဆော့ဖ်ဝဲလ်တစ်ခုခုကို အလွယ်တကူပြုလုပ်နိုင်တာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ မဲမသမာမှုတွေ ရှင်းပြီးမှာ အစိုးရဖွဲ့သင့်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နာယက ဦးဝင်းထိန်ကပြောတယ်ဆိုတာ သတင်းတုဖန်တီးထားခြင်းဖြစ်တာတွေ့ရပါတယ်။

Avatar

Title:မဲမသမာမှုတွေ ရှင်းပြီးမှာ အစိုးရဖွဲ့သင့်လို့ ဦးဝင်းထိန် ပြောခဲ့ သလား- မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *